Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

တမန်တော် 25

ဧကရာဇ်မင်းသို့ ပေါလု အယူခံဝင်ခြင်း

ဖေတ္တုသည် ထိုပြည်၌ ရောက်၍ သုံးရက်ကြာပြီးနောက် ကဲသရိမြို့မှ ယေရုဆလင်မြို့သို့ တက်လားလေ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ယုဒခေါင်းဆောင်ရို့က ပေါလု ကျူးလွန်ခသော ပြစ်မှုအမျိုးမျိုးကို ဖေတ္တုထံတွင် လျှောက်ထားကြ၏။ သူရို့သည် ပေါလုအား လမ်း၌ အသီသတ်ခြင်းငှာ လျှို့ဝှက်ကြံစည်ထားပြီး ဖြစ်လေ၏။ သို့ဖြစ်၍ မိမိရို့အား ကျေးဇူးပြုသောအားဖြင့် ပေါလုကို ယေရုဆလင်မြို့သို့ စီရွှတ်ရန် ဖေတ္တုအား မေတ္တာရပ်ခံကြ၏။ ထိုအခါ ဖေတ္တုကလည်း “ပေါလုကား ကဲသရိမြို့၌ အချုပ်ချထားလျက် ဟိ၍ ငါကိုယ်တိုင်လည်း ထိုမြို့သို့ မကြာခင် လားရမည်။ သင်ရို့ခေါင်းဆောင်တိကို ကဲသရိမြို့သို့ ငါနှင့်အတူ လားစီပြီး၊ ထိုသူ၌ အပြစ်ဟိသည်ဆိုလျှင် စွပ်စွဲချက်များကို လျှောက်လဲထားစီ” ဟု ဆို၏။

ဖေတ္တုမင်းသည် သျှစ်ရက် သို့မဟုတ် ဆယ်ရက်ခန့် သူရို့နှင့်အတူ နီပြီးမှ ကဲသရိမြို့သို့ ပြန်လားလေ၏။ နောက်တစ်နိ့၌ ထိုမင်းသည် တရားခွင်၌ ထိုင်ပြီး ပေါလုကို တရားခွင်သို့ ခေါ်သွင်းစီ၏။ ပေါလု ရောက်လာသောအခါ၊ ယေရုဆလင်မြို့မှ လာသော ယုဒလူရို့သည် ပေါလု၏ပတ်လည်၌ ရပ်လျက်၊ သူ၌ ကြီးလေးသော ပြစ်မှုများဖြင့် စွပ်စွဲကြ၏။ သို့သော် ထိုစွပ်စွဲချက်တိအတွက် သက်သီ ဇာတစ်ခုကိုမျှ မပြနိုင်ကြ။ ထိုအခါ ပေါလုက “အကျွန်သည် ယုဒအမျိုးသားရို့၏ တရားကို သော်လည်းကောင်း၊ ဗိမာန်တော်ကို သော်လည်းကောင်း၊ ရောမ ဧကရာဇ်မင်းကို သော်လည်းကောင်း ဇာတစ်ခုကိုမျှ မပြစ်မှားပါ” ဟု ချေပပြောဆိုလေ၏။

သို့သော် ဖေတ္တုမင်းလည်း ယုဒလူမျိုးရို့၌ မျက်နှာရစီခြင်းငှာ ပေါလုအား “သင်သည် ယေရုဆလင်မြို့သို့ လား၍ ထိုမြို့၌ ငါ၏ရှိ့တွင် ဤစွပ်စွဲချက်တိကို စစ်ဆီးခံပါမည်လော” ဟု မိန်းလေ၏။

ပေါလုကလည်း “အကျွန်သည် ဧကရာဇ်ဘုရင်၏ တရားခုံရှိ့၌ ရပ်နိန်သည်ဖြစ်၍ ထိုတရားခုံ ရှိ့မှာ အမှုကို စစ်ဆီးအပ်ပါ၏။ အသျှင်ကိုယ်တိုင် ကောင်းစွာ သိတော်မူသည့်အတိုင်း အကျွန်သည် ယုဒအမျိုးသားရို့အား ဇာတစ်ခုမျှ မပြစ်မှားခပါ။ အကျွန်သည် ပညတ်တရားကို ချိုးဖောက်ခြင်းနှင့် အသီခံထိုက်သော အပြစ် တစ်ခုခုကို ပြုမှားမိလျှင်၊ ဤသီဘေးမှ အကျွန် မယှောင်လွှဲပါ။ သို့ရာတွင် သူရို့စွပ်စွဲချက်တိ မမှန်ကန်လျှင် အကျွန်အား ဇာသူမျှ သူရို့လက်သို့ လွှဲအပ်နိုင်မည် မဟုတ်ပါ။ အကျွန်သည် ဧကရာဇ်ဘုရင်၌ အယူခံပါမည်” ဟု လျှောက်၏။

ထိုအခါ ဖေတ္တုမင်းက အတိုင်ပင်ခံအရာဟိရို့နှင့် တိုင်ပင်ပြီးလျှင် ပေါလုအား “သင်သည် ဧကရာဇ်ဘုရင်ထံတွင် အယူခံပါမည်ဟု ဆိုသောကြောင့် ဧကရာဇ်ဘုရင်ထံပါးသို့ လားရလိမ့်မည်” ဟု ဆို၏။

ဗေရနိတ်နှင့် အဂြိပ္ပမင်းကြီးအား ပေါလုအကြောင်း ပြောပြခြင်း

ကာလအင်တန်ကြာသောအခါ၊ အဂြိပ္ပမင်းကြီးသည် ဗေရနိတ်နှင့်အတူ ဖေတ္တုမင်းအား နှုတ်ဆက်ခြင်းငှာ ကဲသရိမြို့သို့ ရောက်လာ၏။ ဤအရပ်၌ ရက်ကြာကြာ တည်းခိုနီပြီးနောက် ဖေတ္တုမင်းသည် ထိုမင်းကြီးအား ပေါလုအကြောင်းကို ပြောပြသည်ကား၊ “ဤမြို့၌ ဖေလဇ်မင်းက အချုပ်ချထားခသောသူ တစ်ယောက်ဟိ၏။ အကျွန်သည် ယေရုဆလင်မြို့သို့ လားခသောအခါ၊ ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ယုဒလူမျိုး အကြီးအကဲရို့က ထိုသူအား အပြစ်စီရင်ခြင်းငှာ အကျွန့်ထံ၌ တောင်းဆိုကြ၏။ သို့သော် အကျွန်က အစွပ်စွဲခံရသော တရားခံတစ်ယောက်အား စွပ်စွဲသောတရားလိုများနှင့် တရားခွင်၌ တွိ့ဆုံကာ မိမိ၌ စွပ်စွဲချက်များကို ချေပခွင့်မပီးဘဲ တရားစီရင်ခြင်းသည် အကျွန်ရို့ ရောမဓလေ့ထုံးစံ မဟုတ်ကြောင်းကို သူရို့အား ပြောဆိုခပါ၏။ ထိုသူရို့သည် ဤမြို့သို့ ရောက်လာကြသောအခါ၊ အကျွန်သည် မဆိုင်းမတွဘဲ နောက်တစ်နိ့၌ တရားခွင်၌ ထိုင်၍ ထိုသူ့ကိုခေါ်ရန် လူတစ်ယောက်ကို ရွှတ်လိုက်လေ၏။ ထိုသူ၌ စွပ်စွဲသော သူများသည် ထ၍ စွပ်စွဲပြောဆိုသော်လည်း အကျွန်ထင်မှတ်ထားသော ပြစ်မှုများဖြင့် မဟုတ်ပေ။ အကြောင်းမူကား သူရို့စွပ်စွဲမှုများသည် သူရို့၏ ဘာသာတရားနှင့်ပတ်သက်၍ သော်လည်းကောင်း၊ သီလွန်ပြီးသော ယေသျှု ဟု ခေါ်ဆိုသော သူတစ်ယောက်နှင့်ပတ်သက်၍ သော်လည်းကောင်း အငြင်းပွားမှုသာ ဖြစ်၏။ ထိုယေသျှုသည် သီလွန်လားသော်လည်း အသက်ရှင်လျက် ဟိသည်ဟု ပေါလုက ပြောဆို၏။ အကျွန်သည် ဤပြသနာကို ဖြေယှင်းခြင်းငှာ မဆုံးဖြတ်နိုင်သောကြောင့် ‘သင်သည် ဤစွပ်စွဲချက်များနှင့် ပတ်သက်၍ ယေရုဆလင်မြို့သို့ လားပြီး အစစ်ဆေးခံလိုသလော’ ဟု ပေါလုအား မိန်းပါ၏။ ထိုအခါ ပေါလုက မိမိအား အစောင့်အကြပ်များဖြင့် ချုပ်ထားပြီး ဧကရာဇ်ဘုရင်၏ အဆုံးအဖြတ်ကို ခံရစီခြင်းငှာ တောင်းဆိုလေ၏။ ထို့ကြောင့် ထိုသူ့ကို ဧကရာဇ်ဘုရင်၏ ရှိ့မှောက်သို့ ပို့ဆောင်သည်ထိတိုင်အောင် အစောင့်အကြပ်များဖြင့် ချုပ်ထားစီခြင်းငှာ အမိန့်ပီးခပါ၏” ဟု ပြောပြလေ၏။

အဂြိပ္ပမင်းကလည်း “ထိုသူ၏စကားကို ငါကိုယ်တိုင် နားထောင်ချင်ပါ၏” ဟု ဖေတ္တုမင်းအား ပြောလေ၏။

ထိုအခါ ဖေတ္တုမင်းကလည်း “သင်သည် မနက်ဖြန်နိ့၌ နားထောင်ရလိမ့်မည်” ဟု ပြောလေ၏။

နောက်တစ်နိ့တွင် အဂြိပ္ပမင်းနှင့် ဗေရနိတ်ရို့သည် ခမ်းနားသော ဂုဏ်အသရေကိုဆောင်လျက် တပ်မှူးတိ၊ ထိုမြို့၏ ခေါင်းဆောင်တိနှင့်တကွ ညီလာခံခန်းမထဲသို့ ဝင်လာကြ၏။ ထိုအခါ ဖေတ္တုသည် အမိန့်ပီးသဖြင့် ပေါလုအား ရှိ့မှောက်သို့ ခေါ်ဆောင်လာကြ၏။ ဖေတ္တုကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ ဤအခန်း၌ ဟိသော သူအားလုံးရို့၊ သင်ရို့မြင်တွိ့ရသော ဤသူအား ယေရုဆလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ဟိကြသော ယုဒလူအပေါင်းရို့က ဤသူ့အကြောင်းကို ငါ့ထံ၌ လျှောက်လဲကြ၏။ ဤသူသည် အသက်ရှင်ခြင်းငှာ မထိုက်ဟု အော်ဟစ်၍ တောင်းဆိုကြ၏။ ငါသည် သူ၌ သီဒဏ်ခံထိုက်သော အပြစ်တစ်စုံတစ်ခုကို မတွိ့ရပေ။ သို့ရာတွင် သူသည် ဧကရာဇ်ဘုရင်ထံပါးသို့ အယူခံဝင်မည်ဟု ဆိုသောကြောင့် သူ့ကို အထံတော်သို့ ပို့ဆောင်ခြင်းငှာ အကျွန် စီရင်ဆုံးဖြတ်လေ၏။ သို့သော် သူနှင့်ပတ်သက်၍ ဧကရာဇ်ဘုရင်အား စာရီးပီးလိုက်ရန် တိကျသောအကြောင်းအရာ တစ်ခုမျှ အကျွန်၌ မဟိ။ ထို့ကြောင့် ထိုသူကို သင်ရို့၏ ရှိ့တော်၌ ခေါ်သွင်းခြင်းဖြစ်၏။ အထူးသဖြင့် အဂြိပ္ပမင်း၏ ရှိ့မှောက်သို့ ခေါ်ဆောင်လာပါ၏။ အကြောင်းမူကား သင်သည် သူ့အား စစ်ဆီးမိန်းမြန်းပြီးသောအခါ အကျွန်၌ ရီးမှတ်စရာတစ်စုံတစ်ခု ဟိကောင်းဟိနိုင်ပါ၏။ သူ၏ စွဲချက်ကို ယှင်းလင်းစွာ မဖော်ပြဘဲ အချုပ်သားတစ်ယောက်ကို ပို့လိုက်လျှင် မလျော်ကန် ဖြစ်မည်ဟု အကျွန်ထင်ပါသည်” ဟု ဆိုလေ၏။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.