Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၂ တိမောသေ 2

ခရစ်တော်ယေသျှု၏ သစ္စာဟိသော စစ်သည်တော်

ငါ့သား သင်သည် ခရစ်တော်ယေသျှု၌ ဟိသော ကျေးဇူးတော်ဖြင့် ခိုင်ခံ့စွာ ရပ်တည်လော့။ ထို့ပြင် များစွာသော အသိသက်သီတိရှိ့မှာ ငါ ပြောကြားခသော ဩဝါဒများကို မှတ်သားပြီးလျှင် သစ္စာနှင့်ပြည့်စုံ၍ အခြားသူတိကို သင်ပြနိုင်သောသူရို့အား ပီးအပ်လော့။

ယေသျှုခရစ်၏ သစ္စာဟိသော စစ်သူရဲကောင်းတစ်ယောက် အဖြစ်ဖြင့် ဆင်းရဲဒုက္ခထဲ၌ ငါနှင့်အတူ ကြံ့ကြံ့ခံလော့။ စစ်သားတစ်ယောက်သည် အရပ်သားကိစ္စများ၌ ဝင်မပါဘဲ၊ မိမိတပ်မှူး၏စိတ်ကို ကြေနပ်စီခြင်းငှာသာ ကြိုးစားလုပ်ဆောင်တတ်၏။ ထို့အတူ ပြိုင်ပွဲဝင် အားကစားသမားတစ်ယောက်သည် ပြိုင်ပွဲစည်းကမ်းချက်များကို မလိုက်နာလျှင် အောင်မြင်ခြင်းဆုသရဖူကို မရနိုင်။ ကြိုးစား၍ လုပ်ဆောင်သော လယ်သမားသည် အဦးဆုံး သီးနှံဝေစုကို ခံယူအပ်၏။ ငါပြောသမျှသော အကြောင်းအရာများကို စဉ်းစား ဆင်ခြင်လော့။ အကြောင်းမူကား သခင်ဘုရားသည် ထိုအရာအားလုံး၌ နားလည်နိုင်သောဉာဏ်ပညာကို သင့်အား ပီးတော်မူလိမ့်မည်။

ဒါဝိဒ်အမျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သည့် သီခြင်းမှ ထမြောက်လာသော ယေသျှုခရစ်တော်ကို အောက်မိ့လော့။ ဤကား ငါ၏ သတင်းကောင်းတရားဖြစ်၏။ ငါသည် သတင်းကောင်းတရားတော်ကို ဟောပြောသောကြောင့် ရာဇဝတ်သား တစ်ယောက်ကဲ့သို့ သံကြိုးနှင့် ချိုင်နှောင်ခြင်းကို ခံရသည်ထိ ဒုက္ခခံရ၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ချိုင်နှောင်ခြင်းကို မခံရ။ ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။ မှန်သောစကားဟူမူကား၊

“ငါရို့သည် ကိုယ်တော်နှင့်အတူ သီလျှင်

ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။ 1

ငါရို့သည် သည်းခံကြလျှင်

ကိုယ်တော်နှင့်အတူ အုပ်စိုးကြလိမ့်မည်။

ငါရို့သည် ကိုယ်တော့်ကို ငြင်းပယ်လျှင်

ကိုယ်တော်သည်လည်း ငါရို့ကို ငြင်းပယ်လိမ့်မည်။

ငါရို့သည် မယုံကြည်သော်လည်း

ကိုယ်တော်သည် သစ္စာဟိတော်မူ၏၊

အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို ငြင်းပယ်တော်မမူ။”

ဘုရားသခင်နှစ်သက်တော်မူသော လုပ်သားကောင်း

ဤအကြောင်းအရာများကို ဘုရားသခင်၏လူတိအား သိကြားစီလော့။ ထို့နောက် ဘုရားသခင်ရှိ့မှောက်၌ စကားအားဖြင့် မငြင်းခုံကြရန် သူရို့အား လေးနက်စွာ သတိပီးလော့။ ထိုသို့ပြုမှုခြင်းသည် ကောင်းကျိုးမဟိသည့်အပြင် နားထောင်သောသူရို့ကိုလည်း ပျက်စီးတတ်လေ၏။ သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။ မထီမဲ့မြင်ပြုလျက် အကျိုးမဟိသော ဆွေးနွေးပြောဆိုခြင်းကို ယှောင်ယှားလော့၊ ထိုသို့ ပြောဆိုခြင်းများသည် လူတိကို ဘုရားသခင်နှင့် သာ၍ ဝီးကွာစီတတ်၏။ သူရို့၏သွန်သင်ချက်သည် အသားကို ပုပ်ပျက်ဆွီးမြေ့တတ်သော မြစ်ပွားနာနှင့် တူ၏။ ဟုမေနဲနှင့် ဖိလက် သည် ဤကဲ့သို့ သွန်သင်တတ်ကြသော သူနှစ်ယောက်ဖြစ်ကြ၏။ သူရို့သည် သမ္မာတရားမှ လမ်းလွဲလျက် သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြလေပြီဟု ဆိုကာ တချို့သောယုံကြည်သူရို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးနိန်ကြ၏။ သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။

အိမ်ကြီးတစ်ဆောင်၌ ရွှီ၊ ငွီဖြင့် ပြုလုပ်ထားသော ပစ္စည်းများသာ ဟိသည် မဟုတ်၊ သစ်သားဖြင့်လည်းကောင်း၊ မြီကြီးဖြင့်လည်းကောင်း ပြုလုပ်ထားသော ပစ္စည်းများလည်း ဟိကြ၏။ တချို့မှာ အထူးရည်ရွယ်ချက်အတွက် ဖြစ်၏။ တချို့မှာ သာမန်အတွက် ဖြစ်ကြ၏။ မိမိကိုယ်ကို သန့်ယှင်းစင်ကြယ်လျက် မိမိသခင်အဖို့ ကောင်းသောအမှု၌ အသုံးတော်ခံခြင်းငှာ ဆက်ကပ်ထားသောသူရို့သည် အထူးရည်ရွယ်ချက်အတွက် လုပ်ထားသောပစ္စည်းများ ဖြစ်ကြလိမ့်မည်။ လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။ သို့ရာတွင် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုတိကို ယှောင်ယှားလော့။ အကြောင်းမူကား ထိုအရာများသည် ခိုက်ရန်ဖြစ်ပွားခြင်းကို ဖြစ်စီတတ်သည်ကို သင်သိပေ၏။ ထို့အပြင် သခင်ဘုရား၏ အစီခံဟူသည် ရန်မဖြစ်ရ။ လူတိုင်းကို သနားကြင်နာတတ်ပြီး စိတ်ရှည်၍ သွန်သင်ဆုံးမနိုင်စွမ်းဟိရမည်။ ဆန့်ကျင်ဖက်ပြုသော သူရို့သည် နောင်တရပြီး သမ္မာတရားကို သိလာရန် ဘုရားသခင် အခွင့်ပီးတော်မူလိမ့်မည်ဟု မျှော်လင့်လျက် သူရို့ကို နူးညံ့သိမ်မွိ့စွာ သွန်သင်တတ်သူ ဖြစ်ရမည်။ ထိုအခါ မာရ်နတ်သည် မိမိ၏အလိုအတိုင်းပြုမူရန် သူရို့အား ဖမ်းဆီးထားသော်လည်း သူရို့သည် ထိုထောင်ချောက်မှ လွတ်မြောက်ပြီး အမြင်မှန် ရလာကြလိမ့်မည်။

Source notes (1)
  1. Cross-reference မ ၁၀.၃၃; လု ၁၂.၉

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.