Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၂ ပေတရု 2

မှားယွင်းသော ဆရာများ

ဣသရေလလူမျိုးထဲတွင် မှားယွင်းသော ပရောဖက်များ အယင်က ပေါ်ပေါက်ခသည့်နည်းတူ သင်ရို့ထဲ၌လည်း မှားယွင်းသောဆရာများ ပေါ်ပေါက်လာကြလိမ့်မည်။ သူရို့သည် ပျက်စီးခြင်းသို့ ရောက်စီမည့် မှားယွင်းသော အယူဝါဒများကို ယူဆောင်လာပြီးလျှင် သင်ရို့ကို ရွီးနုတ်တော်မူသော အသျှင်ကိုပင် ငြင်းပယ်ကာ သူရို့၌ ပျက်စီးခြင်းဘေးကို ရုတ်တရက် ကျရောက်စီကြလိမ့်မည်။ များစွာသောလူရို့သည် ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့ လိုက်ကြပြီး သမ္မာတရားကို ကဲ့ရဲ့ပြောဆို ကြလိမ့်မည်။ ဤမှားယွင်းသောဆရာရို့သည် လောဘစိတ်နှင့် လုပ်ကြံဖန်တီးပြောဆိုကာ သင်ရို့၌ အမြတ် ထုတ်ကြလိမ့်မည်။ ရှီးကာလကပင် သူရို့အား တရားစီရင်ရန် အဂု အသင့် ဟိနိန်ပြီး၊ ဖျက်ဆီးမည့်သူသည် ငိုက်မျိုင်းခြင်း အလျှင်းမဟိ။

အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့်1 ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။ ဘုရားသခင်သည် ဘုရားတရားမဲ့သော သူရို့ကို ရီလွှမ်းမိုးစီတော်မူသောအခါ ရှီးကမ္ဘာကိုလည်း ချမ်းသာပီးတော်မမူ။ သို့ရာတွင် ဖြောင့်မတ်ခြင်းတရားကို ဟောပြောသောသူ နောဧကိုမူကား အခြားသောလူ ခုနစ်ယောက်နှင့်အတူ ကွယ်ကာပီးတော်မူ၏။ ဘုရားသခင်သည် သောဒုံနှင့် ဂေါမောရမြို့ကို မီးနှင့်ဖျက်ဆီးခြင်းအားဖြင့် အပြစ်ဒဏ်စီရင်တော်မူပြီး ဘုရားတရားမဲ့သောသူရို့အတွက် ဖြစ်ပျက်လာမည့် နမူနာကို ပြုတော်မူခ၏။ သို့ရာတွင် ကိုယ်တော်သည် မတရားသော သူရို့၏ ကိုယ်ကျင့်တရားပျက်ပြားစွာ နီထိုင်မှုများကြောင့် အလွန်စိတ်ပျက်လျက် ဟိသည့် ဖြောင့်မတ်သောသူ လောတကိုမူကား ကယ်နုတ်တော်မူ၏။ ထိုဖြောင့်မတ်သောသူသည် သူရို့နှင့်အတူ နီထိုင်စဉ် သူရို့၏ ဆိုးညစ်မှုများကို နိ့စဉ်ရက်ဆက် တွိ့မြင် ကြားသိသဖြင့် လွန်စွာ စိတ်ဒုက္ခ ရောက်ခရပေ၏။ သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။ အထူးသဖြင့် ထိုသူရို့၏ ကိုယ်ခန္ဓာသည် ကိလေသာစိတ် ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင်၏ အခွင့်အာဏာတော်ကို မထီမဲ့မြင်ပြုသောသူတိ ဖြစ်ကြ၏။

ထိုမှားယွင်းသောဆရာရို့သည် အတင့်ရဲသောသူ၊ မာနထောင်လွှားသောသူ ဖြစ်ကြ၍ အထက်အရပ်နှင့်ဆိုင်သော ဘုန်းတော်ကို ရိုသီခြင်း မဟိဘဲ ကဲ့ရဲ့ပြောဆိုကြ၏။ ဤမှားယွင်းသောဆရာရို့ထက် များစွာတန်ခိုးကြီးသော ကောင်းကင်တမန်များပင်လျှင် ထာဝရဘုရား၏ ရှိ့တော်မှောက်၌ သူရို့အား ကဲ့ရဲ့ပြစ်တင်ခြင်းကို မပြုကြပေ။ သို့ရာတွင် ထိုသူရို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရခြင်းငှာ ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သော သားရဲ တိရစ္ဆာန်များနှင့် တူကြပြီး မိမိရို့မသိနားမလည်သည့် အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ သူရို့သည် အသိဉာဏ်ကင်းမဲ့သည့် သားရဲတိရစ္ဆာန်များကဲ့သို့ ပျက်စီးရကြလိမ့်မည်။ သူရို့သည် သူတစ်ပါးကို ဒုက္ခရောက်စီသည့်နည်းတူ မိမိရို့ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခကို ခံစားရကြလိမ့်မည်။ သူရို့သည် နိ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပြုကြ၏။ သူရို့သည် သင်ရို့နှင့်အတူ စားပွဲ၌ထိုင်၍ သောက်စားပျော်ပါးကြပြီး သင်ရို့အား ရှက်စရာနှင့် ဂုဏ်သိက္ခာကျစရာများကို ဖြစ်စီကြ၏။ သူရို့သည် လှည့်စားမှုကိုလည်း နှစ်သက်ကြ၏။ သူရို့၏ မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့် ပြည့်ဝလျက် အပြစ်ကျူးလွန်ရာ၌ မရောင့်ရဲနိုင်ကြ။ သူရို့သည် အားနည်းသော သူရို့ကို လှည့်ဖြားကြ၏။ သူရို့၏ စိတ်နှလုံးသည်လည်း လောဘလွန်ကျူးခြင်း၌ ကျင်လည်ကြ၏။ သူရို့သည် ဘုရားသခင်၏ ကျိန်စာသင့်သောသူတိ ဖြစ်ကြ၏။ သူရို့သည် ပြောင့်တန်းသော လမ်းကိုစွန့်၍ လမ်းလွဲကာ မတရားမှုကြောင့် ရဟိသော အဖိုးခကို နှစ်သက်သည့် ဗောသော်၏သား ဗာလမ်၏လမ်းကို လိုက်ကြ၏။ သို့သော် ဗာလမ်သည် အပြစ်အတွက် ဆုံးမခြင်းကို ခံရသောသူ ဖြစ်၏။ သူ၏ မြည်းသည် လူ့ဘာသာစကားကို ပြော၍ ထိုပရောဖက်၏ မိုက်မဲမှုကို တားမြစ်လေ၏။

ထိုသူရို့သည် ရီခန်းလားသည့် စမ်းချောင်းများ၊ လီမုန်တိုင်းတွင် ရွှင့်လားသည့် မြူခိုးများကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်သည် သူရို့အတွက် အလွန် မှောင်မိုက်သော နီရာကို သီးသန့်ထားတော်မူ၏။ အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။ သူရို့သည် ထိုသူရို့အား လွတ်လပ်မှုကိုပီးမည်ဟု ကတိပီးခသော်လည်း သူရို့ကိုယ်တိုင်ပင် ပျက်စီးခြင်း၏ကျွန် ဖြစ်နိန်ကြ၏။ အကြောင်းမူကား လူကိုစိုးမိုးသောအရာသည် လူ၏သခင် ဖြစ်၏။ အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။ ဖြောင့်မတ်သောလမ်းကို သိပြီးနောက် မိမိရို့ခံယူထားသည့် မြင့်မြတ်သော ပညတ်တော်ကို စွန့်ရွှတ်လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနိန်ခြင်းက သူရို့အတွက် ပို၍ ကောင်း၏။ “ခွီးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်၏။ ရီချိုးထားသောဝက်သည်လည်း ဗွက်အိုင်ထဲတွင် ပြန်၍ လူးတတ်၏” ဟူသော မှန်သော ဆိုရိုးစကားသည်လည်း ထိုသူရို့၌ မှန်ပေ၏။

Source notes (1)
  1. Footnote မှောင်မိုက်ထဲ၌ သံကြိုးများဖြင့်၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် မှောင်မိုက်သော တွင်းနက်များ၊ ဟု ဖော်ပြထားသည်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.