ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
၂ ယောဟန် 1
အသက်ကြီးသောသူပါးမှ —
စစ်မှန်သော မေတ္တာအားဖြင့် ငါရွီးကောက်ထားသော ဂုဏ်အသရေဟိ မိန်းမနှင့် သူမ၏သားသမီးများ1 ပါးသို့ စာရီးလိုက်ပါ၏။ သင်ရို့အား ငါတစ်ယောက်တည်း ချစ်သည် မဟုတ်ဘဲ သမ္မာတရားကိုသိသော သူရို့သည်လည်း သင်ရို့ကို ချစ်ကြ၏။ အကြောင်းမူကား သမ္မာတရားသည် ငါရို့၌ တည်နိန်၍ ငါရို့နှင့်အတူ ကာလအစဉ်အဆက် ဟိနိန်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်၏။
ခမည်းတော်ဘုရားသခင်နှင့် သားတော် ယေသျှုခရစ်တော်ထံပါးမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာကို အမှီပြုလျက် ငါရို့နှင့်အတူ တည်ပါစီသောဝ်။
သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာ
သင်၏ သားသမီးတချို့သည် ငါရို့အား ခမည်းတော် ပညတ်တော်မူခသည့် အတိုင်း သမ္မာတရား၌ အသက်ရှင်လိုက်လျှောက်နိန်ကြကြောင်း တွိ့ရသဖြင့် ငါ အလွန်ဝမ်းမြောက်၏။ 2သို့ဖြစ်၍ ချစ်လှစွာသော ဂုဏ်အသရေဟိ မိန်းမ၊ ငါရို့ အားလုံး တစ်ယောက်ကိုတစ်ယောက် ချစ်ကြရန် သင့်အား ငါတောင်းပန်၏။ ဤသည်ကား ပညတ်အသစ် မဟုတ်။ အစအဦးကပင်လျှင် ငါရို့၌ဟိသော ပညတ်ဖြစ်၏။ ငါပြောသည့် ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘုရားသခင်၏ ပညတ်တော်များကို နာခံခြင်းဖြင့် အသက်ရှင်ကြရမည် ဟူ၍ ဖြစ်၏။ ထိုပညတ်သည်ကား အစအဦးကပင်လျှင် သင်ရို့အားလုံး ကြားနာခရသည့်အတိုင်း သင်ရို့အားလုံးသည် ချစ်ခြင်းမေတ္တာ၌ အသက်ရှင်ကြရမည် ဟူ၍ ဖြစ်၏။
လူ့ဇာတိကိုခံယူ၍ ယေသျှု ခရစ်တော် ကြွလာတော်မူသည်ကို လက်မခံသောသူဖြစ်သည့် များစွာသော လှည့်ဖြားသောသူရို့သည် ဤလောကထဲသို့ ရောက်နိန်ယာ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ငါရို့3 လုပ်ဆောင်ခသော အရာများကို မဆုံးယှုံးစီဘဲ သင်ရို့သည် အကျိုးကို အပြည့်အဝ ခံစားရကြရန် သတိပြုကြလော့။
ခရစ်တော်၏ သွန်သင်ချက်၌ မတည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကို မရကြပေ။ ထိုသွန်သင်ချက်၌ တည်သောသူမူကား ခမည်းတော်ကိုလည်းကောင်း၊ သားတော်ကိုလည်းကောင်း ရကြ၏။ ထိုတရားတော်ကို မသွန်သင်သောသူသည် သင်ရို့ပါးသို့ ရောက်လာလျှင် သင်ရို့အိမ်တွင် လက်မခံကတ်ကေ့။ သင်ရို့၌ “ငြိမ်သက်ခြင်း ဟိပါစီ” ဟု နှုတ်မဆက်ကတ်ကေ့။ အကြောင်းမူကား ထိုသူရို့ကို နှုတ်ဆက်သောသူသည် သူရို့၏ ဆိုးယုတ်မှု၌ အပေါင်းအပါဖြစ်၏။
နိဂုံးချုပ် စကား
သင်ရို့အား ပြောစရာ များစွာဟိသော်လည်း ငါသည် စက္ကူနှင့် မှင်အားဖြင့် မရီးဘဲ ငါရို့၏ ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စီရန် ငါသည် သင်ရို့ထံပါးသို့ အလည်အပတ်လာ၍ သင်ရို့နှင့် ကိုယ်တိုင်တွိ့ဆုံ ပြောဆိုရန် မျှော်လင့်လျက် ဟိ၏။
သင်၏ ချစ်လှစွာသော နှမ၏ သားသမီးတိ4က သင့်အား နှုတ်ဆက်လိုက်ကြ၏။
Source notes (4)
- Footnote ဂုဏ်အသရေဟိ မိန်းမနှင့် သူမ၏သားသမီးများ၊ ထိုအသင်းတော်များနှင့် အသင်းသားရို့ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည် (အခန်းငယ် ၄၊ ၅ တွင်လည်း)။
- Cross-reference ယော ၁၃.၃၄; ၁၅.၁၂,၁၇
- Footnote ငါရို့၊ တချို့သော မူရင်းကျမ်းများတွင် သင်၊ ဟု ဖော်ပြထားသည်။
- Footnote သင်၏ ချစ်လှစွာသော နှမ၏ သားသမီးတိ၊ ၎င်းသည် စာရီးသူပါဝင်သော အသင်းတော်၏ အသင်းသားများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.