Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

၁ တိမောသေ 3

အသင်းတော်၌ ခေါင်းဆောင်များ

သင်းအုပ် တစ်ယောက်ဖြစ်လိုသောသူသည် အလွန်ကောင်းမြတ်သည့် အလုပ်တစ်ခုကို လိုလားတောင့်တသောသူ တစ်ယောက်ဖြစ်၏ဟူသော စကားသည် မှန်သောစကား ဖြစ်၏။ 1သင်းအုပ်သည် အပြစ်ကင်းသောသူ၊ မယားတစ်ယောက်သာ ဟိသောသူ၊2 သမ္မာသတိ ဟိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ နီထိုင်ကျင့်ကြံသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သွန်သင်ဆုံးမ ဩဝါဒပီးတတ်သောသူ ဖြစ်ရမည်။ သင်းအုပ်သည် သီရည်အရက်သောက်ကြူးသောသူ၊ ကြမ်းတမ်းသောသူ မဖြစ်စီရ၊ နူးညံ့သိမ်မွိ့ပြီး ငြိမ်းချမ်းရေးကို လိုလားသောသူ ဖြစ်ရမည်။ ငွီကို တပ်မက်သောသူ မဖြစ်ရ။ သူသည် မိမိ၏မိသားစုကို ကောင်းစွာ စီမံအုပ်ထိန်းနိုင်ပြီး၊ မိမိသားသမီးတိက ရိုသီလေးစား၍ နာခံကြသောသူ ဖြစ်ရမည်။ အကြောင်းမူကား မိမိ၏မိသားစုကို စီမံအုပ်ထိန်းနိုင်စွမ်း မဟိသောသူသည် ဘုရားသခင်၏အသင်းတော်ကို ဇာပိုင် အုပ်ထိန်းနိုင်ပါဖို့လဲ။ မိမိကိုယ်ကို အထင်ကြီး၍ ပြစ်ဒဏ်စီရင်ခြင်း ခံရသော မာရ်နတ်ကဲ့သို့ မဖြစ်စီခြင်းငှာ သင်းအုပ်သည် ယုံကြည်ခြင်း၌ ရင့်ကျက်သောသူ ဖြစ်ရမည်။ ကဲ့ရဲ့ပြစ်တင်ခြင်း မခံရစီခြင်းငှာ လည်းကောင်း၊ မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စီခြင်းငှာ လည်းကောင်း သင်းအုပ်သည် အသင်းတော်ပြင်ပလူတိ ရိုသီလေးစားခြင်းကို ခံရသောသူဖြစ်ရမည်။

သင်းထောက်လူကြီး

သင်းထောက်လူကြီးရို့သည် စာရိတ္တကောင်းမွန်၍ ရိုးသားသောသူတိ ဖြစ်ရမည်။ သူရို့သည် သီရည်သောက်ကြူးသောသူ၊ ငွီကို တပ်မက်သောသူရို့ မဖြစ်စီရ။ သူရို့သည် ကြည်လင်သန့်ယှင်းသော အသိစိတ်ဖြင့် ယုံကြည်မှုဆိုင်ရာ နက်နဲသော သမ္မာတရားများကို လက်ခံထားသောသူတိ ဖြစ်ရမည်။ သူရို့ကို ဦးစွာ စစ်ဆေး၍ အပြစ်တင်ခွင့် မဟိမှသာလျှင် အမှုတော်ဆောင်ခွင့်ကို ပြုသင့်၏။ သူရို့မယားတိ3သည်လည်း စာရိတ္တကောင်းသူ၊ ဣန္ဒြေဟိသူ၊ အရာရာ၌ ရိုးသားသူတိ ဖြစ်ရမည်။ အခြင်းပြောသောသူတိ မဖြစ်စီရ။ သင်းထောက်လူကြီးသည် မယားတစ်ယောက်သာ4 ဟိရမည်။ သူသည် မိမိ၏ အိမ်သူအိမ်သားတိကို ကောင်းစွာ စီမံခန့်ခွဲနိုင်စွမ်းဟိသူ ဖြစ်ရမည်။ မိမိရို့၏ အလုပ်ကို ကောင်းစွာ ဆောင်ရွက်ကြသော သင်းထောက်လူကြီးတိသည် ဂုဏ်သိက္ခာဟိကြပြီးလျှင် ခရစ်တော်ယေသျှု၌ မိမိရို့၏ ယုံကြည်ခြင်း အကြောင်းကို ရဲရင့်စွာ ဟောပြောနိုင်စွမ်း ဟိသောသူများဖြစ်ရမည်။

အလွန်နက်နဲသည့်အရာ

ဤစာကို ရီးသားနိန်သောအချိန်၌ ငါသည် သင့်ပါးသို့ မကြာခင် လာတွိ့မည်ဟု မျှော်လင့်လျက်ဟိ၏။ သို့သော်လည်း ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာနိန်လျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်သော ဘုရားသခင်၏အိမ်ထောင်စု၌ မည်သို့ စီမံခန့်ခွဲသင့်သည်ကို သင်သည် ဤစာအားဖြင့် သိခွင့်ရလိမ့်မည်။ အသင်းတော်သည်ကား သမ္မာတရား၏ အုတ်မြစ်ဖြစ်သည့်အပြင် မဏ္ဍိုင်လည်း ဖြစ်၏။ ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊

ကိုယ်တော်သည် လူသား၏ ပုံသဏ္ဌာန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ

ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊5

ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။

ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊

လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊

ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။

Source notes (5)
  1. Cross-reference တိ ၁.၆–၉
  2. Footnote မယားတစ်ယောက်သာ ဟိသောသူ၊ သို့မဟုတ် တစ်ကြိမ်သာ ထိမ်းမြားလက်ထပ်ဖူးသူ။
  3. Footnote သူရို့မယားတိ၊ သို့မဟုတ် သူရို့ကို အကူအညီပီးသောမိန်းမတိ။
  4. Footnote မယားတစ်ယောက်သာ၊ သို့မဟုတ် တစ်ကြိမ်သာ ထိမ်းမြားလက်ထပ်ဖူးသူ။
  5. Footnote ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ သို့မဟုတ် ၎င်းပြင်၊ ဟုတ်မှန်ကြောင်းကို ဝိညာဉ်ခန္ဓာဖြင့် ဖော်ပြသည်။

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.