ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား
၁ ယောဟန် 4
စစ်မှန်သော ဝိညာဉ်နှင့် မှားယွင်းသောဝိညာဉ်
အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ကြောင်းကို သင်ရို့သည် မည်သို့သိနိုင်မည့်နည်း ဟူမူကား ယေသျှု ခရစ်တော်သည် လူ့ဇာတိကို ခံယူကာ ကြွလာတော်မူသည်ဟု ဝန်ခံသောသူသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ ဖြစ်၏။ ယေသျှုကို ငြင်းပယ်သောသူတိုင်းသည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော်ကို ခံယူရဟိသောသူ မဟုတ်။ ထိုဝိညာဉ် ကိန်းဝပ်သောသူသည် ခရစ်တော်ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုဝိညာဉ်သည် ဤလောကသို့ ရောက်လာမည်ဟု သင်ရို့ ကြားသိခသည့်အတိုင်း သူသည် အဂုပင် ရောက်နိန်ပြီး ဖြစ်၏။
သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။ ထိုမှားယွင်းသော ပရောဖက်ရို့သည် လောကီနှင့်ဆိုင်သော သူများဖြစ်သောကြောင့် လောကီ အကြောင်းအရာများကိုသာ ပြောဆိုတတ်ကြ၏။ လောကီသားရို့သည်လည်း သူရို့၏ စကားကို နားထောင်တတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် ငါရို့ကို ပိုင်တော်မူ၏။ ဘုရားသခင်ကို သိသောသူသည် ငါရို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မဆိုင်သောသူသည်ကား ငါရို့စကားကို နားမထောင်တတ်။ ဤသို့သောအားဖြင့် ငါရို့သည် စစ်မှန်သော ဝိညာဉ်နှင့် မှားယွင်းသော ဝိညာဉ်ကို ခွဲခြား၍ သိနိုင်ကြ၏။
ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ဘုရားသခင်
အဆွီရို့၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံတော်မှ သက်ရောက်လာသည်ဖြစ်၍ ငါရို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ ချစ်ခြင်းမေတ္တာ ဟိသောသူတိုင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသောကြောင့် ချစ်ခြင်းမေတ္တာ မဟိသောသူသည် ဘုရားသခင်ကို မသိ။ ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။ ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။
အဆွီရို့၊ ဘုရားသခင်သည် ငါရို့အား ဤမျှလောက် ချစ်တော်မူလျှင် ငါရို့သည်လည်း အချင်းချင်း ချစ်သင့်၏။ 1မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။
ဘုရားသခင်သည် ငါရို့အား မိမိ၏ဝိညာဉ်တော်ကို ပီးတော်မူသောကြောင့် ငါရို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ကိုယ်တော်သည်လည်း ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူကြောင်းကို သေချာစွာသိကြ၏။ ခမည်းတော်သည် မိမိ၏သားတော်အား လောကကို ကယ်တင်သောအသျှင်အဖြစ် စီရွှတ်တော်မူကြောင်းကို ငါရို့ မြင်ရ၍ သက်သီခံကြ၏။ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဟိ၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဟိတော်မူ၏။ ထို့အပြင် ငါရို့၌ ဘုရားသခင် ထားတော်မူသော ချစ်ခြင်းမေတ္တာကို ငါရို့ကိုယ်တိုင် သိ၍ ယုံကြည်ကြ၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာဟိသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။ ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်း မဟိ။ စုံလင်သည့်မေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ယှားတတ်၏။ ကြောက်စိတ်သည် အပြစ်ဒဏ်ခံရခြင်းနှင့်အတူ ဟိသဖြင့် ကြောက်စိတ်ဟိသူသည် ချစ်ခြင်းမေတ္တာနှင့် မပြည့်စုံ။
ဘုရားသခင်သည် ငါရို့အား ဦးစွာ ချစ်တော်မူသောကြောင့် ငါရို့သည် ကိုယ်တော့်ကို ချစ်ကြ၏။ ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။ ငါရို့အား ခရစ်တော်ပီးတော်မူသော ပညတ်တော်သည်ကား ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည် ဟူ၍ ဖြစ်၏။
Source notes (1)
- Cross-reference ယော ၁.၁၈
ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.