Skip to content
BibleKenya

Rakhine: Rakhine Bible

မာကု 8

လူပေါင်း ၄,၀၀၀ ကို ယေသျှုကျွေးမွီးတော်မူခြင်း

(မဿဲ ၁၅.၃၂–၃၉)

ထိုအခါ အခြားသောလူရို့လည်း လာရောက်စုရုံးကြ၏။ သူရို့၌ စားစရာတစ်ခုမျှ မဟိသဖြင့်၊ ယေသျှုသည် တပည့်တော်ရို့ကို ခေါ်၍၊ “ဤသူရို့ကို ငါသည် သနား၏။ အကြောင်းမူကား သူရို့သည် သုံးရက်ပတ်လုံး ငါနှင့်အတူ ဟိနိန်ကြ၏။ အဂု သူရို့၌ စားစရာတစ်ခုလေ့ မဟိ။ တချို့က ခရီးဝီးကနိန် လာကြသည်ဖြစ်၍ သူရို့ကို မကျွေးမမွီးဘဲနှင့် အိမ်သို့ ပြန်ရွှတ်လိုက်လျှင်၊ ဝမ်းဆာသောကြောင့် လမ်း၌ မူးလဲကျလားလိမ့်မည်” ဟု မိန့်တော်မူ၏။

တပည့်တော်ရို့ကလည်း ကိုယ်တော့်ကို “ဤတောကန္တာရတွင် ဤလူတိကို ဇာပိုင် ဝအောင်ကျွေးနိုင်မည်နည်း” ဟု မိန်းလျှောက်ကြ၏။

ယေသျှုက “သင်ရို့၌ မုန့်ဇာလောက် ဟိသနည်း” ဟု မိန်းတော်မူလျှင်၊

တပည့်တော်ရို့က “မုန့်၊ ခုနစ်လုံး ဟိပါ၏” ဟု လျှောက်ထားလေ၏။

ကိုယ်တော်သည် လူရို့ကို မြီထက်၌ ထိုင်စီခြင်းငှာ မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မုန့်ခုနစ်လုံးကို ယူပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့ကို စီခိုင်းတော်မူသဖြင့် တပည့်တော်ရို့လည်း မိန့်တော်မူသည့်အတိုင်း ပြုတော်မူ၏။ သူရို့၌ ငါးသျှေ အနည်းချေ ဟိကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့အား စီခိုင်းတော်မူ၏။ လူအပေါင်းရို့သည်လည်း ဝစွာစားကြပြီးမှ — စားကြွင်းစားကျန်များပင်လျှင် တောင်းဖြင့် ခုနစ်တောင်းအပြည့် ကောက်သိမ်းရကြ၏။ မုန့်စားသောသူ အရီအတွက်ကား ၄,၀၀၀ မျှ ဟိသတည်း။ ယေသျှုသည် လူအပေါင်းရို့ကို ထိုအရပ်မှ ပြန်ရွှတ်တော်မူပြီးမှ၊ တပည့်တော်ရို့နှင့်အတူ လောင်းထက်သို့ တက်၍ ဒါလမနုသဒေသသို့ ကြွတော်မူ၏။

ဖာရိယှဲရို့ နိမိတ်လက္ခဏာ တောင်းဆိုခြင်း

(မဿဲ ၁၆.၁–၄)

1

ထိုအခါ ဖာရိယှဲတချို့သည် ယေသျှုထံသို့ လာ၍ ဆွေးနွေးငြင်းခုံကြ၏။ သူရို့သည် အပြစ်ရှာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို ဘုရားသခင်သည် နှစ်သက်တော်မူကြောင်းကို သက်သီဖြစ်စီခြင်းငှာ ကောင်းကင်မှဖြစ်သော နိမိတ်လက္ခဏာ တစ်ပါးပါးကို ပြတော်မူရန် တောင်းဆိုကြ၏။ 2သို့ရာတွင် ယေသျှုသည် သက်ပြင်းချတော်မူပြီး “အဂုခေတ်လူရို့သည် ဇာကြောင့် နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ ငါ အမှန်အကန်ဆိုသည်ကား ဤသူရို့ကို ဇာနိမိတ်လက္ခဏာကိုမျှ ငါ မပြ” ဟု မိန့်တော်မူပြီးလျှင်၊

ထိုသူရို့ပါးမှ ထွက်ကြွတော်မူ၍ လောင်းထက်သို့ တဖန်တက်ကာ အိုင်တစ်ဖက်သို့ ကူးတော်မူ၏။

ဖာရိယှဲရို့နှင့် ဟေရုဒ်၏တဆီး

(မဿဲ ၁၆.၅–၁၂)

တပည့်တော်ရို့သည် အစားအစာ လုံလောက်စွာ ယူလာခြင်းငှာ မိ့ကျန်ကြသည်ဖြစ်၍ လောင်းထက်တွင် သူရို့၌ မုန့်တစ်လုံးသာ ဟိ၏။ 3ယေသျှုက “သင်ရို့သည် ဖာရိယှဲရို့၏ တဆီးနှင့် ဟေရုဒ်၏တဆီးကို သတိဖြင့် ယှောင်ကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။

တပည့်တော်ရို့ကလည်း “ငါရို့၌ မုန့် တစ်ခုမျှ မဟိသောကြောင့် ကိုယ်တော်သည် ဤသို့ ပြောခြင်းဖြစ်၏” ဟု ပြောဆိုနိန်ကြ၏။

ထိုသို့ ပြောဆိုနိန်ကြသည်ကို ယေသျှုသည် သိတော်မူလျှင် “သင်ရို့၌ မုန့်တစ်ခုမျှ မဟိသည်ကို ဇာကြောင့် ပြောနိန်ကြသနည်း။ အဂုထိတောင် မသိ၊ နားမလည်ကြသိမ့်သလော။ သင်ရို့သည် ဇာကြောင့် အသိဉာဏ်နည်းကြသနည်း။ 4သင်ရို့တွင် မျက်စိဟိယင့်နှင့်ပင် — မမြင်၊ နားဟိယင့်နှင့်ပင် — မကြားကြသလော။ ငါသည် မုန့်ငါးလုံးကို ဖဲ့၍ လူ ၅,၀၀၀ ကို ဝစွာကျွေးပြီးမှ အကြွင်းအကျန်ကို ကောက်သိမ်းရာတွင် တောင်းအပြည့် ဇာနှစ်တောင်း ရသည်ကို သင်ရို့ မမှတ်မိကြသလော” ဟု မိန်းတော်မူလျှင်၊

တပည့်တော်ရို့က “တစ်ဆယ့်နှစ်တောင်းအပြည့် ကောက်သိမ်းရပါ၏” ဟု ပြန်လျှောက်ကြ၏။

တဖန် ယေသျှုကလည်း “ငါသည် မုန့်ခုနစ်လုံးကို ဖဲ့ပြီးလျှင် လူပေါင်း ၄,၀၀၀ ကို ဝစွာကျွေးပြီးမှ အကြွင်းအကျန်ကို ကောက်သိမ်းရာတွင် အပိုတောင်းအပြည့် ဇာနှစ်တောင်း ရသနည်း” ဟု မိန်းတော်မူလျှင်၊

“ခုနစ်တောင်းအပြည့် ကောက်သိမ်းရပါ၏” ဟု တပည့်တော်ရို့က ပြန်၍ လျှောက်လေ၏။

ကိုယ်တော်ကလည်း “သို့ပင်သျှောင် သင်ရို့က နားမလည်ကြသိမ့်သလော” ဟု တပည့်တော်ရို့အား မိန်းတော်မူ၏။

ဗက်ဇဲဒမြို့၌ မျက်စိကန်းသူတစ်ဦးအား ယေသျှုကုသပီးခြင်း

သူရို့သည် ဗက်ဇဲဒမြို့သို့ ရောက်လာကြသည်ဟိသော် လူတချို့သည် မျက်မမြင်တစ်ဦးကို ယေသျှုထံသို့ ခေါ်ဆောင်လာပြီးလျှင် ထိုသူအား တို့ထိခြင်းကို ပြုတော်မူစီမည့်အကြောင်း တောင်းပန်ကြ၏။ ယေသျှုသည် မျက်စိမမြင်သောသူ၏ လက်ကိုဆွဲ၍ ရွာပြင်သို့ ခေါ်လားတော်မူပြီးလျှင် ထိုသူ၏မျက်စိကို တန်းထွီးဖြင့်ထွီးကာ ထိုသူအထက်မှာ လက်တော်ကို တင်လျက် “သင် တစ်ခုခုကို မြင်ရသလော” ဟု မိန်းတော်မူ၏။

ထိုသူသည် အထက်သို့ မောကြည့်၍ “လူတိကို မြင်ရပါ၏။ သို့ပင်သျှောင်လည်း ထိုသူရို့သည် သစ်ပင်ပိုင် ဖြစ်ပြီးလျှင် လမ်းလျှောက်နိန်ကြပါ၏” ဟု လျှောက်လေ၏။

ထိုအခါ၊ ယေသျှုသည် ထိုသူ၏မျက်စိ၌ လက်တော်ကို တဖန် တင်တော်မူ၍ ကြည့်စီတော်မူပြန်၏။ ထိုသူသည်လည်း အားစိုက်၍ကြည့်ရာ မျက်စိအလင်းကိုရ၍ အရာခပ်သိမ်းကို ယှင်းလင်းစွာမြင်လေ၏။ ယေသျှုကလည်း “ရွာထဲသို့ ပြန်မဝင်ကေ့” ဟု ပညတ်တော်မူ၍ သူ၏အိမ်သို့ ရွှတ်လိုက်လေ၏။

ယေသျှု၏အကြောင်းကို ပေတရု ထုတ်ဖော်ဝန်ခံခြင်း

(မဿဲ ၁၆.၁၃–၂၀; လုကာ ၉.၁၈–၂၁)

ထို့နောက် ယေသျှုနှင့် တပည့်တော်ရို့သည် ဖိလိပ္ပုကဲသရိမြို့ အနီးအနား၌ဟိသော ကျေးရွာများသို့ ကြွတော်မူစဉ် လမ်းခရီး၌ “ငါ့ကို ဇာသူဖြစ်သည်ဟူ၍ လူတိက ပြောနိန်ကြသနည်း” ဟု တပည့်တော်တိအား မိန်းတော်မူ၏။ 5

တပည့်တော်ရို့ကလည်း “တချို့က ကိုယ်တော့်ကို ဗတ္တိဇံဆရာယောဟန် ဖြစ်ကြောင်းကို ပြောကြ၏၊ တချို့က ဧလိယဖြစ်သည်ဟု ပြောနိန်ကြ၏၊ တချို့က အသျှင်ကို ပရောဖက် တစ်ပါးဖြစ်သည်ဟု ဆို၏” ဟု လျှောက်ထားကြ၏။ 6

ထိုအခါ ကိုယ်တော်က “သင်ရို့က ငါ့ကို ဇာသူဖြစ်သည်ဟု ပြောမည်နည်း” ဟု မိန်းတော်မူလျှင်၊

ပေတရုက “ကိုယ်တော်သည် မေသျှိယဖြစ်၏” ဟု လျှောက်တင်လေ၏။

ထိုအခါ ယေသျှုက “ငါသည် ဇာသူဖြစ်ကြောင်းကို တစ်ယောက်ကိုမျှ မပြောကတ်ကေ့” ဟု တပည့်တော်ရို့အား ပညတ်တော်မူ၏။

ယေသျှုသည် မိမိခံစားရမည့် ဒုက္ခဝေဒနာနှင့် သီဆုံးခြင်းအကြောင်းကို ပြောပြတော်မူခြင်း

(မဿဲ ၁၆.၂၁–၂၈; လုကာ ၉.၂၂–၂၇)

ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “လူသားသည် ဒုက္ခကြီးစွာ ခံရလိမ့်မည်။ ဘာသာရေးခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ကျမ်းတတ်ဆရာတိက လူသားကို ငြင်းပယ်ကြလိမ့်မည်။ ထိုသူသည် အသီသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ဤသွန်သင်ချက်အား လျှို့ဝှက်ခြင်း အလျှင်းမဟိဘဲ မိန့်ကြားတော်မူသဖြင့် ပေတရုသည် ကိုယ်တော့်ကို မိမိနှင့်အတူ ဘေးနားသို့ ပင့်ခေါ်၍ အပြစ်တင်သောစကားကို လျှောက်လေ၏။ ယေသျှုသည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်ရို့ကို ကြည့်တော်မူလျှက် ပေတရုအား “အချင်း မာရ်နတ်၊ ငါ့ထံပါးက ထွက်လားလော့။ သင်၏အတွေးကား ဘုရားသခင်ထံပါးက လာခြင်း မဟုတ်၊ လူ၏အတွေးသာ ဖြစ်၏” ဟု ဆုံးမတော်၏။ 7

ယေသျှုသည် တပည့်တော်ရို့နှင့် လူပရိသတ်ရို့ကို မိမိထံပါးသို့ ခေါ်တော်မူပြီးလျှင် “ငါ့တပည့် ဖြစ်လိုသောသူသည် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ 8မိမိအသက်ကို ကယ်လိုသောသူကား အသက်ဆုံးယှုံးလိမ့်မည်။ ငါ့ကြောင့် သော်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့် သော်လည်းကောင်း မိမိ၏အသက်ကို ဆုံးယှုံးသောသူကား အသက်ကိုရလိမ့်မည်။ လူသည် ဤလောကတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိ၏အသက်ကို ဆုံးယှုံးလျှင် ဇာချင့် အကျိုးဟိမည်နည်း။ မိမိအသက်ကို ဆုံးယှုံးလျှင် ဇာနှင့်မျှ မရွီးယူနိုင်။ ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။

Source notes (8)
  1. Cross-reference မ ၁၂.၃၈; လု ၁၁.၁၆
  2. Cross-reference မ ၁၂.၃၉; လု ၁၁.၂၉
  3. Cross-reference လု ၁၂.၁
  4. Cross-reference မာ ၄.၁၂
  5. Cross-reference မာ ၆.၁၄,၁၅; လု ၉.၇,၈
  6. Cross-reference ယော ၆.၆၈,၆၉
  7. Cross-reference မ ၁၀.၃၈; လု ၁၄.၂၇
  8. Cross-reference မ ၁၀.၃၉; လု ၁၇.၃၃; ယော ၁၂.၂၅

Rakhine: Rakhine Bible. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.