Skip to content
BibleKenya

Rakhine: Rakhine Bible

တမန်တော် 8

သတေဖန်ကို သတ်သည့်အမှုတွင် သျှောလုသည် အလိုတူအလိုပါဖြစ်သတည်း။

အသင်းတော်များကို သျှောလုနှိပ်စက်ညှဉ်းပန်းခြင်း

ထိုနိ့မှစ၍ ယေရုဆလင်မြို့၌ဟိသော အသင်းတော်များသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ပြင်းစွာခံရလေ၏။ ထို့ကြောင့် တမန်တော်ရို့မှတစ်ပါး ယုံကြည်သူအားလုံးရို့သည် ယုဒပြည်နှင့် ယှာမာရိပြည်တလျှောက်သို့ ပြန့်ကြဲလားကြကုန်၏။ ဘုရားကိုကြည်ညိုသော လူတချို့သည် ပြင်းစွာသော ငိုကြွီးခြင်းကို ပြုလျက် သတေဖန်ကို သင်္ဂြိုဟ်ကြ၏။ 1

သျှောလုသည် အသင်းတော်ကို ဖျက်ဆီးရန် ကြိုးစား၍ ယုံကြည်သူ မိန်းမယောက်ျားတိကို တစ်အိမ်ဝင်တစ်အိမ်ထွက်လျက် ဆွဲငင်ကာ ထောင်ချထားလေ၏။

ယှာမာရိပြည်တွင် သတင်းကောင်းကို ဟောပြောခြင်း

ပြန့်ကြဲလားသော ယုံကြည်သူရို့သည် သတင်းကောင်းကို အရပ်ရပ်သို့ လား၍ ဟောပြောကြ၏။ ဖိလိပ္ပုသည် ယှာမာရိပြည်၏မြို့တော်2သို့ လား၍ မေသျှိယအကြောင်းကို ဟောပြောလေ၏။ လူအစုအဝေးရို့သည် ဖိလိပ္ပုပြောသောစကားကို အာရုံစိုက်၍ နားထောင်းနိန်ကြစဉ် သူပြုသော နိမိတ်လက္ခဏာများကို မြင်ရကြ၏။ ဝိညာဉ်ဆိုးရို့သည် ကျယ်လောင်စွာအော်ဟစ်လျက် များစွာသောလူထဲမှ ထွက်လားကြ၏။ လီဖြတ်သောသူ၊ ခြီလက်မသန်စွမ်းသော သူရို့သည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။ ထို့ကြောင့် မြို့သူမြို့သားအပေါင်းရို့သည် အလွန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။

ထိုမြို့တွင်နီထိုင်သည့် သျှိမုန်ဟု ခေါ်သော လူတစ်ယောက်သည် ယှာမာရိလူမျိုးတိအား မိမိ၏ မှော်အတတ်ဖြင့် အချိန်အင်တန်ကြာ အံ့သြစီလျက် ဟိ၏။ သူသည် မိမိကိုယ်ကို ကြီးမြတ်သည်ဟု ဝါကြွား၍၊ လူတန်းစား အသီးသီးမှ လူတိအားလုံးက “ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော် ဖြစ်သည်” ဟု ဆိုလျက် သူ၏စကားကို အာရုံစိုက်၍ နားထောင်ကြ၏။ သူရို့သည် သျှိမုန်အား ဤသို့ အာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူရို့ကို အံ့သြစီခသောကြောင့်ဖြစ်၏။ သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် ယေသျှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောသောအခါ သူရို့သည် ယုံကြည်လာကြသဖြင့် ယောက်ျားမိန်းမအပေါင်းရို့သည် ဗတ္တိဇံကိုခံယူကြ၏။ သျှိမုန်ကိုယ်တိုင်လည်း ယုံကြည်သဖြင့် ဗတ္တိဇံကို ခံယူပြီးနောက် ဖိလိပ္ပုထံတွင် ဆည်းကပ်၍ ကြီးစွာသော အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများကို မြင်တွိ့ရသောအခါ လွန်စွာအံ့သြလေ၏။

ယေရုဆလင်မြို့၌ဟိသော တမန်တော်ရို့သည် ယှာမာရိပြည်သားတိ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လက်ခံလာကြကြောင်းကို ကြားသိရသောအခါ ပေတရုနှင့် ယောဟန်ရို့ကို သူရို့ပါးသို့ စီရွှတ်လိုက်ကြ၏။ တမန်တော်နှစ်ပါးသည် ရောက်လာကြသောအခါ၊ သူရို့သည် ယုံကြည်သူ လူသစ်များအား သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူနိုင်စီရန်အတွက် ဆုတောင်းပီးကြ၏။ ဇာကြောင့်ဆိုသော် ထိုသူရို့သည် အသျှင်ယေသျှု၏နာမ၌ ဗတ္တိဇံကို ခံယူမျှသာဖြစ်၍ ထိုသူရို့ထဲတွင် ဇာသူ့၌မျှ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်တော် မမူသိမ့်သောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုနှင့် ယောဟန်ရို့သည် ထိုသူရို့အထက်၌ လက်ကိုတင်ကြသောအခါ ထိုသူရို့သည် သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူကြ၏။

သျှိမုန်သည် တမန်တော်ရို့၏ လက်တင်ခြင်းကို ခံရခြင်းအားဖြင့် ထိုသူရို့သည် ဝိညာဉ်တော်ကို ခံယူရဟိကြောင်းကို မြင်သောအခါ သူသည် တမန်တော်ရို့အား ငွီကို ယူလာ၍၊ “ဇာသူ့ကိုမဆို အကျွန်၏ လက်ကိုတင်လိုက်သောအခါ ထိုသူရို့၌ သန့်ယှင်းသောဝိညာဉ်တော်ကို ရစီခြင်းငှာ အကျွန်အား တန်ခိုးကို ပီးပါ” ဟု ဆိုလေ၏။

ပေတရုကလည်း “ဘုရားသခင်၏ ဆုကျေးဇူးတော်ကို ငွီနှင့် ဝယ်ယူရန် စိတ်အကြံဟိသောကြောင့် သင်၏ငွီသည် သင်နှင့်အတူ ပျက်စီးပါစီ။ ဘုရားသခင်ရှိ့တော်၌ သင်၏စိတ်ထား မမှန်ကန်သောကြောင့် ငါရို့၏ အပေါင်းအပါလည်းမဖြစ်နိုင်။ ငါရို့၏အလုပ်၌လည်း မပါဝင်နိုင်။ ထို့ကြောင့် သင်၏ ဆိုးညစ်မှုအတွက် နောင်တရပြီးလျှင် သင်၏စိတ်နှလုံးထဲ၌ ထိုသို့ ကြံစည်သဖြင့် ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ သခင်ဘုရားထံပါး၌ ဆုတောင်းလော့။ သင်သည် မနာလိုမုန်းတီးစိတ်မွန်းပြီးလျှင် ဒုစရိုက်အပြစ်၏ ကျွန်တစ်ယောက်ဖြစ်သည်ကို ငါမြင်သည်” ဟု ဆို၏။

သျှိမုန်ကလည်း ပေတရုနှင့် ယောဟန်အား၊ “သင်ရို့ပြောသော အမှုအရာတိ အကျွန်၌ မဖြစ်လာစီရန် အကျွန့်အတွက် သခင်ဘုရားထံ ဆုတောင်းပီးကြပါ” ဟု ဆိုလေ၏။

ပေတရုနှင့် ယောဟန်ရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို သက်သီခံ၍ ဟောပြောကြပြီးနောက် ယေရုဆလင်မြို့သို့ ပြန်လာကြ၏။ အပြန်လမ်းခရီးတွင် များစွာသော ယှာမာရိ ရွာများတွင် သတင်းကောင်းကို ဟောပြောကြလေ၏။

ဖိလိပ္ပုနှင့် အဲသယောပိအရာဟိ

သခင်ဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ “သင်သည် အသင့်ပျင်၍ ယေရုဆလင်မြို့မှ ဂါဇာမြို့သို့ လားသောလမ်းအတိုင်း တောင်ဖက်3သို့ လားလော့” ဟု ဆို၏။ (ထိုလမ်းကို ယခုခေတ်တွင် မသုံးယာ)။4 ထို့ကြောင့် ဖိလိပ္ပုသည် အသင့်ပျင်၍ လားလေ၏။ ထိုစဉ် အဲသယောပိဘုရင်မ၏ အမတ်တစ်ဦးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အဲသယောပိပြည်သား မိန်းမစိုး အရာဟိ တစ်ယောက်သည် ယေရုဆလင်မြို့သို့ လားပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်လေ၏။ သူသည် အပြန်လမ်းခရီးတွင် မြင်းရထားထက်၌ ထိုင်လျက် ပရောဖက် ဟေသျှာယကျမ်းကို ဖတ်နိန်၏။ သန့်ယှင်းသော ဝိညာဉ်တော်က ဖိလိပ္ပုအား “ထိုမြင်းရထား အနားသို့ လားပြီး ကပ်၍လိုက်လော့” ဟု မိန့်တော်မူ၏။ ဖိလိပ္ပုသည် ဗြီးလား၍ ပရောဖက်ဟေသျှာယကျမ်းအား ဖတ်လျက်နိန်သည်ကို ကြားသဖြင့် “သင် ဖတ်နိန်သော အရာကို နားလည်သလော” ဟု ထိုသူအား မိန်းလေ၏။

ထိုအရာဟိက၊ “ငါ့ကို အနက်ဖွင့်ပြသူ မဟိဘဲ ဇာပိုင် နားလည်နိုင်ပါမည်နည်း” ဟု ပြန်ပြောပြီးနောက်၊ ဖိလိပ္ပုအား ရထားထက်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။ ထိုသူ ဖတ်နိန်သည့် ကျမ်းစာပိုဒ်ကား၊

“အသီသတ်ရန် ဆွဲယူလားသော သိုးကဲ့သို့၊ သူ့ကို ဆောင်ယူလားကြ၏။

သိုးချေသည် အမွီးညှပ်သူရို့ရှိ့၌ နှုတ်ဆိတ်၍နိန်သကဲ့သို့၊

မိမိနှုတ်ကို မဖွင့်ဘဲနိန်၏။

သူသည် ကဲ့ရဲ့ယှုတ်ချခြင်းကို ခံရစဉ် တရားမျှတမှု ဟိစီရန် သူ့အတွက် ဆောင်ရွက်ပီးသူမဟိ။

ဤလောကမှ သူ့အသက်ကို ရုပ်သိမ်းလားသည်ဖြစ်၍၊

ဇာသူသည် သူ၏သားမြီးတိကို ပြောပြနိုင်မည်နည်း” ဟူ၍ ဖြစ်၏။

ထိုအရာဟိက ဖိလိပ္ပုအား၊ “ငါ့ကို ပြောပြလော။ ထိုပရောဖက်က ဇာသူ့အကြောင်းကို ပြောဆိုနိန်ပါသနည်း။ မိမိအကြောင်းလား၊ အခြားတစ်ယောက် အကြောင်းလား” ဟု မိန်းမြန်းလေ၏။ ထို့ကြောင့် ဖိလိပ္ပုသည် ထိုကျမ်းစာပိုဒ်နှင့် အစပြု၍ ယေသျှုအကြောင်း သတင်းကောင်းကို ဟောပြောလေ၏။

သူရို့သည် ဆက်လက်ပြီး ခရီးပြုကြစဉ် ရီဟိသောအရပ်သို့ ရောက်ကြသဖြင့် အရာဟိက၊ “ဤအရပ်၌ ရီဟိပါ၏။ ငါသည် ဗတ္တိဇံမင်္ဂလာ ခံယူရန် တားဆီးနိုင်သည့်အရာ ဟိပါသလော” ဟု ဆို၏။ 5

အရာဟိသည် မြင်းရထားကို ရပ်တန့်စီပြီးနောက် သူရို့နှစ်ယောက်သည် ရီထဲသို့ ဆင်းလားကြပြီးလျှင် ဖိလိပ္ပုသည် အရာဟိအား ဗတ္တိဇံမင်္ဂလာကို ပီးလေ၏။ သူရို့သည် ရီထဲက တက်လာကြသောအခါ သခင်ဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုအား အဝီးသို့ ဆောင်ယူလားတော်မူသဖြင့် အရာဟိသည် ဖိလိပ္ပုကို နောက်တဖန် မတွိ့ရပေ။ သူသည်လည်း ဝမ်းမြောက်စွာဖြင့် ခရီးဆက်လေ၏။ ဖိလိပ္ပုသည် အာဇုတ်မြို့၌ ပေါ်လာ၍ ကဲသရိမြို့သို့ ရောက်သည့်တိုင်အောင် လမ်းတလျှောက်၌ဟိသော မြို့တိုင်း၌ သတင်းကောင်းကို ဟောပြော၍ ခရီးဆက်လေ၏။

Source notes (5)
  1. Cross-reference တ ၂၂.၄,၅; ၂၆.၉–၁၁
  2. Footnote မြို့တော်၊ တချို့ လက်ရီးသော မူရင်းကျမ်းတွင် မြို့၊ ဟု ဖော်ပြပါဟိသည်။
  3. Footnote တောင်၊ သို့မဟုတ် မွန်းတည့်ချိန်။
  4. Footnote ထိုလမ်းကို ယခုခေတ်တွင် မသုံးယာ၊ သို့မဟုတ် ထိုလမ်းကား သဲကန္တာရလမ်းဖြစ်၏။
  5. Footnote တချို့သော လက်ရီးမူရင်းကျမ်းတွင် အခန်းအငယ် ၃၇၊ ဖိလိပ္ပုက အရာဟိအား၊ “သင်သည် ယေသျှုကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ဗတ္တိဇံကို ခံနိုင်၏” ဟု ဆိုသော်၊ အရာဟိက “ယေသျှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း အကျွန်ယုံကြည်ပါ၏” ဟု ပြန်ဖြေ၏၊ ကို ပေါင်းထည့်ထားသည်။

Rakhine: Rakhine Bible. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.