Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

ဗျာဒိတ် 14

သိုးသငယ်နဲ့ လူ ၁၄၄,၀၀၀

1

အဲပင်းရင် ငါကျေ့လိုက်ရာ သိုးသငယ်ဟ ဇိအုန်တောင်ပေါ်တွင် ရပ်နေအယ်။ သိုးသငယ်ရဲ့ နာမနဲ့ ခမည်းတော်ရဲ့ နာမလို့ဟို မိမိလို့ နဖူးနှိုက် ရေးထားသောသူ ၁၄၄,၀၀၀ လို့ဟလည်း သူနဲ့အတူ ဆိကြအယ်။ အဲပင်းရင် သမုဒ္ဒရာယေသံ၊ ကျယ်လောင်သော မိုးကြိုးသံလိုမျိုး ခေါန်းခင်ဟ အသံဟို ငါကြားအယ်။ အဲလို ငါကြားလဲ့ အသံဟ စောင်းသမားများ စောင်းတီးသော အသံလိုမျိုး ဖြစ်အယ်။ ပလ္လင်တော်ဆေ့နှိုက် လည်းကောင်း၊ သတ္တဝါလေးပါးနဲ့ အသက်ကြီးသူလို့ ဆေ့နှိုက် လည်းကောင်း၊ သူလို့ဟ အသစ်သော သီချင်းဟို ဆိုကြအယ်။ မြေကြီးမှ ရွေးနုတ်သောသူ ၁၄၄,၀၀၀ မှတပါး စသူမှ အဲသီချင်းဟို သင်ယွေ့ မရနိန်။ အဲသူလို့ဟ မိန်းမများအားဖြင့် ညစ်ညူးစေခြင်း မခံခဲ့သောသူများ ဖြစ်ကြအယ်။ အကျောန်းမှာ သူလို့ဟ လူပျိုစစ်စစ် ဖြစ်ကြအယ်။ သူလို့ဟ သိုးသငယ် သွားလေရာဟို လိုက်ပါသောသူများ ဖြစ်ကြပင်း ဘုရားသခင်နဲ့ သိုးသငယ်လို့အတွက် အဦးသီးအဖြစ် လူလို့အထဲမှ ရွေးနုတ်ခံရသောသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ စလောင်နှိုက် ဝါပြောခြင်း မဆိ၊ အပစ်ကင်းစင်သူများ ဖြစ်ကြအယ်။

ခေါန်းခင်တမန် သုံးပါး

အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။ အဲခေါန်းခင်တမန်ဟ “ဘုရားသခင် တရားစီရင်မူရာ အချိန်ကျရောက်လာပီ ဖြစ်ယွေ့ ကိုယ်တော်ဟို ကြောက်ရွံ့လျက် ဘုန်းတော်ဟို ချီးမွန်းကြလော့။ ခေါန်းခင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းယေတွင်းလို့ဟို ဖန်ဆင်းသောသူဟို ကိုးကွယ်ကြလော့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။ 2

အဲပင်းရင် ဒုတိယ ခေါန်းခင်တမန်ဟ “ဗာဗုလုန်မြို့ကြီး ပြိုလဲပီ။ မိမိရဲ့ မတရားသော မေထုန်ရဲ့ အဆိပ်အတောက် တည်းဟူသော စပျစ်ယေဟို လူမျိုးအပေါင်းလို့အား တိုက်လေပင်းသော ဗာဗုလုန်မြို့ကြီး ပြိုလဲပီ” ဟု လိုက်ယွေ့ ပြောဆိုအယ်။

အဲပင်းရင် တတိယ ခေါန်းခင်တမန်ဟ သူလို့နောက်မှ လိုက်လာယွေ့ “သားရဲနဲ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်လျက် မိမိနဖူးပေါ်တွင် ဖြစ်စေ၊ မိမိလက်ပေါ်တွင် ဖြစ်စေ၊ သူရဲ့ အမှတ်တံဆိပ်ဟို ခံယူသောသူဟ ဘုရားသခင်ရဲ့ အမျက်တော်မုတ် စလိုအရာမှ မရောစပ်ဘဲ လောင်းထည့်လဲ့ ကိုယ်တော်ရဲ့ ပြင်းစွာသော အမျက် စပျစ်ယေဟို သောက်လိမ့်မယ်။ အဲသူဟ သန့်ဆှင်းသော ခေါန်းခင်တမန်များနဲ့ သိုးသငယ်ရဲ့ ဆေ့မှောက်တွင် ကန့်နဲ့ မီးလို့ထဲနှိုက် ညှဉ်းဆဲခြင်းဟို ခံရလိမ့်မယ်။ သူလို့ခံရလဲ့ ညှဉ်းဆဲခြင်းရဲ့ မီးခိုးဟ ကမ္ဘာအဆက်ဆက် တက်လျက်နေအယ်။ သားရဲနဲ့ သူရဲ့ ရုပ်တုဟို ကိုးကွယ်ယွေ့ သူ့နာမယ်ရဲ့ တံဆိပ်ဟို ခံယူသောသူဟ နေ့ရောညပါ သက်သာရာ ရလိမ့်မယ် မဟုတ်” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။

ဘုရားသခင်ရဲ့ ပညတ်လို့ဟို လည်းကောင်း၊ ယေရှုနှိုက် ယုံကြည်ခြင်းဟို လည်းကောင်း၊ စောင့်ဆှောက်သော သန့်ဆှင်းသူလို့ဟ ဟေအရာနှိုက် သည်းခံစရာအကျောန်း ဆိအယ်။

အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။

ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။

မြေကြီးနှိုက် ရိတ်သိမ်းခြင်း

တဖန် ငါကျေ့လိုက်ရာ ဖြူသောမိုးချေးသား ဆိယွေ့ အဲမိုးချေးသားပေါ်တွင် ဦးခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် လက်နှိုက် ထက်သောတန်းစဉ်ဟို ကိုင်ထားလဲ့ လူသားနဲ့တူသော သူတဦး ထိန်နေအယ်။ အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ဗိမာန်တော်ထဲမှ ထွက်လာယွေ့ မိုးချေးသားပေါ်တွင် ထိန်နေသောသူအား “မြေကြီးနှိုက် ရိတ်သိမ်းစရာဟ မှည့်ပီဖြစ်ယွေ့ ရိတ်သိမ်းရန် အချိန်ကျရောက်ပီ ဖြစ်သောကျောန့် ကိုယ်တော်ရဲ့ တန်းစဉ်ဟို လွှတ်ယွေ့ ရိတ်သိမ်းပါ” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။ အဲအခါ မိုးချေးသားပေါ်တွင် ထိန်နေသောသူဟ မိမိရဲ့ တန်းစဉ်အား မြေကြီးပေါ်ဟို ဝှေ့ယမ်းလိုက်ရာ မြေကြီးဟ ရိတ်သိမ်းခြင်းဟို ခံရလေအယ်။

တဖန် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်ဆိ ဗိမာန်တော်ထဲမှ ထွက်လာအယ်။ သူနှိုက်လည်း ထက်သော တန်းစဉ်ပါအယ်။

အဲပင်းရင် မီးအပေါ် အခွင့်အာဏာဆိလဲ့ အခြားသော ခေါန်းခင်တမန်တပါးဟ ယဇ်ပလ္လင်ထဲမှ ထွက်လာယွေ့ ထက်သော တန်းစဉ်ပါသောသူအား “စပျစ်သီးများ မှည့်ပီ ဖြစ်သောကျောန့် နင်ရဲ့ ထက်သောတန်းစဉ်ဟို လွှတ်ယွေ့ မြေကြီးပေါ်မှ စပျစ်ခိုင်များဟို ရိတ်သိမ်းလော့” ဟု အသံအကျယ်ရီးနဲ့ ဆိုလေအယ်။ အဲခေါန်းခင်တမန်ဟလည်း သူရဲ့ တန်းစဉ်အား မြေကြီးပေါ်ဟို ဝှေ့ယမ်းလျက် မြေကြီးပေါ်မှ စပျစ်ခိုင်ဟို ရိတ်သိမ်းကာ ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသနဲ့ဆိုင်လဲ့ ကြီးမားသော စပျစ်သီးနယ်ရာကျင်းထဲဟို လောချလိုက်အယ်။ 3၎င်းလို့ဟို မြို့ပြင်ဆိ စပျစ်သီးနယ်ရာ ကျင်းနှိုက် နင်းနယ်သောအခါ အသွေးဟ အဲစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာယွေ့ မြင်းရဲ့ ဇက်ကြိုးအထိ မြင့်ပင်း ၁၈၄ မိုင်ခန့် ပြန့်သွားလေအယ်။

Source notes (3)
  1. Cross-reference ဗျာ ၇.၃
  2. Cross-reference ဗျာ ၁၈.၂
  3. Cross-reference ဗျာ ၁၉.၁၅

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.