ဓမ္မသစ်ကျမ်း ဓနုဘာသာစကား
ဧဖက် 4:2
Verse 2 is marked below, with the whole chapter around it. Read from the start
ခရစ်တော်ရဲ့ ကိုယ်ခန္ဓာနှိုက် စည်းလုံးမှုနဲ့ ရင့်ကျက်မှု
အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။ 1နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း အမြဲတမ်းဆိကြလော့။ တဦးနဲ့တဦး သည်းခံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ပြကြလော့။ ငြိမ်သက်ခြင်းရဲ့ စုစည်းတုတ်ချေမှုအားဖြင့် ဝိညာဉ်တော်နှိုက် တလုံးတဝတည်းဖြစ်ခြင်းဟို ကြိုးစားအားထုတ်လော့။ နင်လို့ဟို ခေါ်စဉ်တွင် မျော်လင့်ခြင်းသို့ ခေါ်ဆောင်ခြင်းခံရသလိုမျိုး ကိုယ်ခန္ဓာတပါးတည်းနဲ့ ဝိညာဉ်တော်တပါးတည်း ဆိအယ်။ သခင်တပါးတည်း၊ ယုံကြည်ခြင်းတပါးတည်း၊ ဗတ္တိဇံတပါးတည်း၊ အရာခပ်သိမ်းလို့အပေါ်နှိုက် လည်းကောင်း၊ အရာခပ်သိမ်းလို့နှိုက် ပျံ့နှံ့လျက် လည်းကောင်း၊ အရာခပ်သိမ်းလို့အထဲနှိုက် ဆိယွေ့၊ အရာခပ်သိမ်းလို့ရဲ့ အဖဖြစ်သော ဘုရားသခင်ဟ တပါးတည်းဆိအယ်။
အဲလိုလဲ ငါလို့တဦးတယောက်ဟ ခရစ်တော်ပေးသော ကောင်းချီးလက်ဆောင်ရဲ့ ပမာဏအတိုင်း ကျေးဇူးတော်ဟို ခံစားရကြအယ်။ အေးကျောန်းကျောန့်၊
“သူဟ မြင့်သောအရပ်ဟို တက်သွားသောအခါ၊
သူဟ ရမ်းဆာ့သော သုံ့ပန်းများဟို ခေါ်သွားပင်း၊
သူ့လူတွေဟို လက်ဆောင်တွေ ပေးတယ်” ဟု ပြောအယ်။
“သူ တက်သွားသောအခါ” ဟု ဆိုလိုရာတွင် မြေကြီးအောက်အရပ်များဟိုလည်း ကြွဆင်း2ခဲ့ကျောန်းဟို ဆိုလိုရင်း မဟုတ်ရင် စလိုအရာ ဖြစ်အုံးမလဲ။ ဆင်းသက်သောသူဟ စကြဝဠာတခုလုံးကို ပြေ့စုံစေခြင်းငှာ ခေါန်းခင်တခွင်လုံးထက် မြင့်သောအရပ်ဟို တက်သောသူလည်း ဖြစ်အယ်။ အေးကျောန့် ခရစ်တော်တတ်တိုင်းဟ တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုဆရာများ၊ သင်းအုပ်ဆရာများနဲ့ ဆရာအရာနှိုက် ခန့်ထားခဲ့အယ်။ အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။ အေးတာဟ ငါလို့အားလုံးဟ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ရဲ့ သားတော်ဟို သိခြင်းလို့နှိုက် တလုံးတဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်ရဲ့ ပြေ့စုံခြင်း အတိုင်းအတာ ပမာဏဟို ရောက်သည့်တိုင်အောန် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ဆှင်းသူလို့ဟို ပြင်ဆင်ထားရန်ဖြစ်အယ်။ အေးလို့ဖြင့် ငါလို့ဟ လူလို့ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ပရိယာယ်ဖြင့် လှည့်စားတတ်လဲ့ လျှို့ဝှက်အကြံအစည်လို့ကျောန့် ဖြစ်ပေါ်လာလဲ့ ဩဝါဒလှိုင်းအမျိုးမျိုးနှိုက် လွင့်ပါယွေ့ လူးလွန့်နေသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြတော့မှာ မဟုတ်။ အဲအစား၊ ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားဟို ပြောယွေ့ ဦးခေါင်းဖြစ်သော ခရစ်တော်နှိုက် အရာရာတွင် ကြီးထွားကြမယ်ဖြစ်အယ်။ 3အေးဦးခေါင်းမှတဆင့် ကိုယ်ခန္ဓာတခုလုံးဟ ထောက်မပေးသော အဆစ်ဆိသမျှလို့ဖြင့် အံဝင်ခွင်ကျ ဆက်စပ်ခြင်းနဲ့ ပေါင်းစည်းခြင်းကို ခံရလျက် အင်္ဂါစိတ်အပိုင်းတခုစီဟ မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာနှိုက် တည်ဆောက်ကာ ကိုယ်ခန္ဓာဟို ကြီးထွားစေအယ်။
ခရစ်တော်နှိုက် အသစ်သော အသက်တာ
အေးကျောန့် ငါပြောတာဟ၊ နင်လို့သည် သူလို့ရဲ့ အကြံအစည် အလကားကားဖြစ်သော လူမျိုးခြားလို့ ပြုသလိုမျိုး နောက်ထပ် အသက်ဆှင်မရမယ့်အကျောန်း၊ သခင်ဘုရားနှိုက် တောင်းဆှောက်ကြလော့။ အေးသူလို့ဟ မိမိလို့ စိတ်နေလုံး မာကျောမှုနဲ့ သူလို့အထဲနှိုက်ဆိလဲ့ မသိနားမလည်မှုလို့ကျောန့် အသိဉာဏ် မိုက်ဖုံးယွေ့ ဘုရားသခင်ရဲ့ အသက်နဲ့ ကင်းကွာလျက် ဆိကြအယ်။ သူလို့ဟ ဆှက်ကြောက်စိတ် ကင်းမဲ့လျက် စုတ်ပဲ့သောအရာ အမျိုးမျိုးလို့ဟို ရမ်းဆာ့တပ်မက်သော စိတ်နဲ့ ပြုယွေ့ မိမိလို့တတ်တိုင်း ကာမဂုဏ် လိုက်စားခြင်း လက်ဟို အပ်လိုက်ကြအယ်။
အဲလိုလဲ အဲဒါဟ နင်သင်ယူခဲ့တဲ့ ခရစ်တော်အကျောန်း ဟုတ်ဝူး။ သမ္မာတရားဟ ယေရှုနှိုက် ဆိတာနဲ့အညီ နင်လို့ဟ ခရစ်တော်အကျောန်းဟို ကြားနာလျက် ကိုယ်တော်နှိုက် သင်ကြားခြင်းဟို ခံယူခဲ့တာ မန်ရင် ခရစ်တော်နှိုက် အေးလို့နည်းခံခဲ့ကြတာ မဟုတ်။ 4လှည့်စားတတ်သော တပ်မက်မှုများကျောန့် ဖောက်ပြန်ပျက်စီးနေသော အတ္တဟောင်းကို ပယ်ဆှားရန် နင်ရဲ့ မခင် ဖဝါ့လမ်းစဉ်ဟို စွန့်လွတ်ကြလော့။ နင့်စိတ်သဘောထားကို အသစ်ဖြစ်စေရန်၊ 5သမ္မာတရားနဲ့ဆိုင်သော ဖြောင့်မတ်ခြင်းနဲ့ သန့်ဆှင်းခြင်းလို့ဖြင့် ဘုရားသခင်ရဲ့ ပုံစံနဲ့အညီ ဖန်ဆင်းခြင်းခံရသော လူသစ်ဟို ဝတ်ဆင်ရန် နည်းခံခဲ့ကြအယ်။
အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။ “အူထော့သော်လည်း အပစ်မပြုကြနဲ့”။ စိတ်ဆိုးမပြေဘဲ နေမဝင်ပါစေနဲ့။ မာရ်နတ်ဟိုလည်း အခွင့်မပေးကြနဲ့။ ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။ နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။ ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။ ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။ 6တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
Source notes (6)
- Cross-reference ကော ၃.၁၂,၁၃
- Footnote မြေကြီးအောက်အရပ်များဟိုလည်း ကြွဆင်း၊ အဲဟာမဟုတ်ရင် အောက်ခြေအတိမ်အနက်၊ မြေကြီးတတ်တိုင်း။
- Cross-reference ကော ၂.၁၉
- Cross-reference ကော ၃.၉
- Cross-reference ကော ၃.၁၀
- Cross-reference ကော ၃.၁၃
ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.