Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

တမန်တော် 11

ယေရုရှလင်မြို့ ဆိအသင်းတော်ဟို ပေတရု အစီရင်ခံခြင်း

လူမျိုးခြားများဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ခံယူကြကျောန်း ယုဒပြေဆိ တမန်တော်များနဲ့ ညီအကိုများ ကြားသိကြအယ်။ ယေရုရှလင်မြို့သို့ ပေတရု ရောက်လာသောအခါ၊ အရေဖျားလှီးခြင်း ခံထားသော ယုံကြည်သူများဟ သူ့ဟို ဝေဖန်ကြကာ၊ “နင်ဟ အရေဖျားလှီးခြင်းဟို မခံသောသူရဲ့ အိုင်ဟို ဝင်ယွေ့ သူလို့နဲ့အတူ စားသောက်အယ် ဟုတ်မောင့်လဲ့” ဟု ဆိုကြအယ်။ အေးလိုမို့ ပေတရုဟ သူလို့အား ဖြစ်ပျက်ခဲ့သမျှသော အကျောန်းအရာလို့ဟို အစမှ အဆုံးတိုင်အောန် ဆှင်းလင်းပြောပြအယ်။

“ငါဟ ယုပ္ပေမြို့တွင် ဆုတောင်းလျက်နေခါ၊ ဗျာဒိတ်ရူပါရုံ တခုဟို ရအယ်။ ရွက်ထည်နဲ့တူသော အရာတခုဟို ထောင့်လေးထောင့်မှ ထိန်းထားယွေ့ မိုးခေါန်းခင်မှ လျောကျလာပင်း ငါဆေဟို ရောက်လာတာဟို ငါ မျော်ရအယ်။ ငါဟ အဲအရာထဲဟို ကျေ့လိုက်ရာ မြေကြီးပေါ်ဆိ ခြေလေးချောင်း သတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားတတ်သောသတ္တဝါများနဲ့ ခေါန်းခင်ငက်များဟို မျော်ရအယ်။ အဲပင်းရင် ‘ပေတရု ထယွေ့ သတ်စားလော’ ဟု ငါ့အား ပြောသောအသံဟို ငါ ကြားရအယ်။ အဲလိုလဲ ငါဟ ‘သခင်ဘုရား၊ စလိုနည်းနဲ့မျှ မဖြစ်နိန်ပါ။ စုတ်ပဲ့သောအရာ အဲဟာမဟုတ်ရင် မသန့်ဆှင်းသောအရာဟို ပစာအခါမျှ ငါ့စလောင်အတွင်း မဝင်ဖူးပါ’ ဟု ပြန်ဆှောက်အယ်။ ဒုတိယအကြိမ် ခေါန်းခင်မှ အသံထွက်ပေါ်လာယွေ့ ‘ဘုရားသခင် သန့်စင်အယ် ဆိုလဲ့အရာဟို စုတ်ပဲ့တာဟု မဆိုရ’ ဟူယွေ့ မိန့်အယ်။ ဟေလို့ သုံးကြိမ်တိတိ ဖြစ်ပျက်ပင်း၊ နောက်ဆုံးမှာ အားလုံးလို့ဟို မိုးခေါန်းခင်ဟို ပြန်လည်ရုပ်သိမ်း သွားလေအယ်။ အဲခုတင်ချင်း ကဲသရိမြို့မှ ငါ့ဆေဟို စေလွှတ်လိုက်သော လူသုံးယောက်ဟ ငါဆိရာ1နေအိုင်ဟို ရောက်ဆိလာအယ်။ ဝိညာဉ်တော်ဟ အေးသူလို့နဲ့အတူ မဆိုင်းမတွဘဲ တခါထဲ လိုက်သွားရန် ငါ့အား အမိန့်ဆိအယ်။ ယုပ္ပေမြို့မှ ညီအကို ခြောက်ယောက်လို့ဟလည်း ကဲသရိမြို့ဟို ငါနဲ့အတူ လိုက်ခဲ့ကြပင်း ငါလို့ဟလည်း ကော်နေလိရဲ့ အိုင်ဟို ဝင်ကြအယ်။ အေးသူဟ ခေါန်းခင်တမန်သည် သူ့အိုင်ထဲတွင် ရပ်လျက် ‘ယုပ္ပေမြို့ဟို လူလွှတ်ယွေ့ ရှိမုန် ပေတရုဟု ခေါ်သောသူဟို ဖိတ်ခေါ်လော့။ အဲသူဟ နင့်နဲ့ နင့်ရဲ့ အိုင်သူအိမ်သားများအား ကယ်တင်ခြင်း ရဆိစေမဲ့ကျောန်း တရားစကားများဟို ဟောပြောလိမ့်မယ်’ ဟူယွေ့ မြွက်ဆိုကျောန်းဟို ငါလို့အား ပြောပြခဲ့အယ်။ အဲပင်းရင် ငါဟ စကားစပြောသောအခါ၊ သန့်ဆှင်းသော ဝိညာဉ်တော်သည် အစကတည်းဟ ငါလို့အပေါ်ဟို သက်ရောက်သလိုမျိုး အေးသူလို့အပေါ်လည်း သက်ရောက်အယ်။ 2အဲအခါ ‘ယောဟန်ဟ ယေဖြင့် နှစ်ခြင်း ပေးအယ်၊ အဲလိုလဲ နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် နှစ်ခြင်းဟို ခံရကြလိမ့်မယ်’ ဟူသော ဘုရားသခင်ရဲ့ စကားတော်ဟို ငါ သတိရအယ်။ အဲလိုမို့ ဘုရားသခင်ဟ သခင် ယေရှု ခရစ်တော်ဟို ယုံကြည်သူ ငါလို့အား ပေးသနားသလိုမျိုး လူမျိုးခြားလို့ဟိုလည်း တူညီသော လက်ဆောင်ဟို ပေးရင် ငါဟ စလိုလူဖြစ်ယွေ့ ဘုရားသခင်ဟို တားဆီးနိန်မလုန်း” ဟု ဆိုအယ်။

အဲစကားဟို ကြားသောအခါ အေးသူလို့ဟ ပစ်တင် ဝေဖန်မှုဟို မပြုကြတော့ဘဲ “ဘုရားသခင်ဟ လူမျိုးခြားလို့အားလည်း နောင်တရယွေ့ အသက်ဆှင်ခွင့်ဟို ပေးလေအယ်” ဟု ဆိုယွေ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။

အန္တိအုတ်မြို့ဆိ အသင်းတော်

3

သတေဖန် အသတ်ခံရမှုနဲ့ ဆက်စပ်ယွေ့ ဖြစ်ပေါ်လာသော ညှဉ်းဆဲမှုကျောန့် အရပ်ရပ်သို့ ကွဲလွင့်သွားကြသော ယုံကြည်သူအချို့လို့ဟ ဖိနိတ်ပြေ၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့ တိုင်အောန် သွားကြအယ်။ သူလို့ဟ နှုတ်ကပတ်တရားတော်ဟို ယုဒအမျိုးသားလို့ဟိုသာ ပြောကြအယ်။ အဲလိုလဲ သူလို့တွင် ကုပရုပြေနဲ့ ကုရေနေပြေမှ လူအချို့ပါယွေ့ သူလို့ဟ အန္တိအုတ်မြို့သို့ သွားပင်း လူမျိုးခြား4လို့အားလည်း သခင် ယေရှုရဲ့ အကျောန်း သတင်းကောင်းဟို ဟောပြောကြအယ်။ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ သူလို့နဲ့အတူ ဆိသဖြင့် လူအမြောက်အများပင် ယုံကြည်ယွေ့ သခင်ဘုရားဆေ ပြောင်းလဲလာကြအယ်။

ဟေသတင်းအကျောန်းဟို ယေရုရှလင်မြို့ဆိ အသင်းတော်ဟ ကြားရင် ဗာနဗအား အန္တိအုတ်မြို့ဟို စေလွှတ်ကြအယ်။ သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။ ဗာနဗဟ သူတော်ကောင်း ဖြစ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ယုံကြည်ခြင်းနဲ့ လည်းကောင်း ပြေ့ဝသဖြင့် ရမ်းဆာ့သော သူလို့အား သခင်ဘုရားဆေ ပြောင်းလဲလာကြအယ်။

အဲပင်းရင် ဗာနဗဟ ရှောလုဟို ဆာရန် တာရှုမြို့ဟို သွားအယ်၊ သူ့ဟို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ခဲ့အယ်။ အဲလို့မို့ ရှောလုနဲ့ ဗာနဗလို့ဟ တနှစ်ပတ်လုံး အသင်းတော်နဲ့ တွေ့ဆုံလျက် ရမ်းဆာ့သော လူလို့ဟို သွန်သင်ကြအယ်။ တဘဲ့တော်လို့ဟ အန္တိအုတ်မြို့ ခရစ်ယာန်ဟု ပထမဆုံးအကြိမ် ခေါ်ဝေါ်ခြင်းဟို ခံကြရအယ်။

အဲအခါကာလနှိုက် ပရောဖက်အချို့လို့ဟ ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ဟို လာကြအယ်။ 5အဲသူလို့အနက် အာဂဗု နာမယ်ဆိသော သူဟ ထယွေ့ ကမ္ဘာတဝှမ်းလုံးတွင် အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီး သက်ရောက်လိမ့်မယ်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင် ဟောပြောလေအယ်။ အေးဘေးဟ ဧကရာဇ် ကလောဒိ လက်ထက်နှိုက် ဖြစ်ပျက်ခဲ့လေအယ်။ တဘဲ့တော်လို့ဟ အသီးသီး တတ်နိန်လဲ့အတိုင်း ယုဒပြေတွင် နေထိန်ကြသော ညီအကိုများအား ကူညီ ထောက်ပံ့ပေးရန် ဆုံးဖြတ်ကြအယ်။ ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။

Source notes (5)
  1. Footnote ငါဆိရာ၊ တချို့ လက်ရေးမူကျမ်းများတွင် ငါလို့၊ ဟူယွေ့ ပါဆိအယ်။
  2. Cross-reference တ ၁.၅
  3. Cross-reference တ ၈.၁–၄
  4. Footnote လူမျိုးခြား၊ တချို့ လက်ရေးမူကျမ်းများတွင် ဟေလသစကားဟို ပြောသော ယုဒလူများ၊ အဲဟာမဟုတ်ရင် ဟေလသစကားဟို ပြောသောလူများ၊ ဟူယွေ့ ပါဆိအယ်။
  5. Cross-reference တ ၂၁.၁၀

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.