Skip to content
BibleKenya

တမန်တော်

Acts

Introduction from this edition

တမန်တော်

တမန်တော်လို့ရဲ့ လုပ်ဆောင်ချက်

နိဒါန်း

တမန်တော်ဟ ခရစ်တော် မွေးဖွားပင်းနောက် ၆၀–၆၄ ခုနှစ်ကြားတွင် ရေးသားထားတာ ဖြစ်နိန်သောကျောန့် ပေါလု ထောင်ထဲဟ မလွတ်ခင် ပအုပ်ဟို အဆုံးသတ်အယ်။ လုကာဟလည်း တမန်တော် ပေါလုနဲ့အတူ ခရီးသွားခဲ့ပင်း အန္တိအုတ်မြို့နှိုက် တမန်တော်ဟို ရေးသားခဲ့ခြင်း ဖြစ်နိန်ချေဆိအယ်။ တမန်တော်ဟ လုကာ သတင်းကောင်း ပအုပ်ရဲ့ အဆက်ဖြစ်ပင်း ယေရှု ခေါန်းခင်တက်သွားခြင်းနဲ့ အစပြုအယ်။ လုကာရဲ့ ရေးသားရခြင်း ရည်ရွယ်ချက်ဟ သူ့ရဲ့ ဧဝံဂေလိတရားနဲ့ တူညီဖွယ်ဆိအယ်။ သူဟ သော်ဖိလုဟို ခရစ်ယာန်ဘာသာဝင်များ တိုးပွား များပြားလာတာနဲ့အမျှ သူလို့ သင်ကြားလဲ့အရာများဟို သေချာ သိဆိနိန်ရန် ယေရှုရဲ့ ဖဝါ့သက်တော်စဉ်နဲ့ ခရစ်ယာန်ဘာသာ ပျံ့နှံ့မှုဆိုင်ရာ တိကျသော မှတ်တမ်းတခုဟို ရေးခဲ့စေချင်အယ်။

တမန်တော်ပအုပ်ဟ အစောပိုင်း အသင်းတော်ရဲ့ ပုံသက်သေနဲ့ ယေရှုဟို ယုံကြည်ခြင်းအတိုင်း အသက်ဆှင်ရမလဲဆိုတာဟို ငါလို့အတွက် ပံ့ပိုးပေးအယ်။ တမန်တော်များရဲ့ ပုံသက်သေများဟ အခြားသူများအား ဧဝံဂေလိ သတင်းစကားဟို ဖြန့်ဝေရာတွင် သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးဟို စလို အားကိုးရကျောန်း ငါလို့အား ပြသအယ်။

အကျောန်းအရာ အကျဉ်းချုပ်

၁။ ပထမ၊ သန့်ဆှင်းသော ဝိညာဉ်တော် တဘဲ့တော်များအပေါ် သက်ရောက်လာပင်း အသင်းတော် ကြီးထွားလာပုံ

၂။ အဲပင်းနောက်၊ အသင်းတော် ညှဉ်းပန်းနှိပ်စက် ခံရပင်း ယေရုရှလင်မြို့ဘက်သို့ ပျံ့နှံ့သွားခဲ့ပုံ

၃။ အဲပင်းနောက်၊ ပေါလုဟ သူရဲ့ ပထမဦးဆုံး သာသနာပြုခရီးဟို သွားခဲ့ပုံ

၄။ အဲနောက်၊ ယုံကြည်သူ အသစ်များ လိုအပ်ချက်လို့ဟို ဆုံးဖြတ်ရန် ကောင်စီဟ ယေရုရှလင်မြို့နှိုက် တွေ့ဆုံကြပုံ

၅။ အဲနောက်၊ ပေါလုဟ သူ့ရဲ့ ဒုတိယ သာသနာပြုခရီးဟို သွားခဲ့ပုံ

၆။ အဲပင်းနောက်၊ ပေါလုဟ သူ့ရဲ့ တတိယ သာသနာပြုခရီးဟို သွားခဲ့ပုံ

၇။ အဲနောက်၊ ပေါလုဟ ယေရုရှလင်မြို့နှိုက် အဖမ်းခံရပုံ

၈။ နောက်ဆုံးမှာ၊ ပေါလုဟ ရောမမြို့သို့ ပို့ဆောင်ခံရပုံ

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.