Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

၁ သက်သာလောနိတ် 4

ဘုရားသခင် နှစ်သက်သော နေထိန်ခြင်း

နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။ အကျောန်းမှာ သခင် ယေရှုရဲ့ အခွင့်အာဏာအားဖြင့် ငါလို့ပေးသော ညွှန်ကြားချက်များဟို နင်လို့ သိကြအယ်။ ဘုရားသခင်ဟ နင်လို့ဟို သန့်ဆှင်းမြင့်မြတ်စေရန်နဲ့ ကာမဂုဏ်လွန်ကျုးမှုကနေ လုံးလုံး ကင်းစင်စေချင်အယ်။ နင်လို့ အယောက်စီတိုင်းဟ နင်လို့ ပေါင်အိုမနဲ့အတူ သန့်ဆှင်းမြင့်မြတ်သော နည်းလမ်းဖြင့် စလိုနေထိန်ရမယ်1ဟို သိထားသင့်အယ်၊ ဘုရားသခင်ဟို မသိသော တပါးအမျိုးသားလို့ လိုမျိုး တပ်မက်သော စိတ်ဆန္ဒများရဲ့ အလိုဟို မလိုက်ကြနဲ့။ ဟေကိစ္စနှိုက် နင်လို့တွင် စသူမျှ ညီအကိုလို့ဟို အမားမလုပ်သင့်၊ သူလို့ဟို အခွင့်ကောင်း မယူသင့်ပါ။ အေးဟာဟို နင်လို့အား အရင်ဟ ငါပြောခဲ့ပင်း ငါလို့ဟ နင်လို့ဟို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့အတိုင်း သခင်ဘုရားဟ အေးအ​မှုပြု​သော​သူ​လို့​ကို အ​ပစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်။ ဘုရားသခင်ဟ ငါလို့အား ညစ်ညမ်းစွာ နေထိန်ရန် မခေါ်ဘဲ သန့်ဆှင်းမြင့်မြတ်စွာ နေထိန်ရန် ခေါ်အယ်။ အေးကျောန့် ဟေသင်ကြားခြင်းဟို ငြင်းပယ်သောသူဟ လူသားဟို ငြင်းပယ်တာ မဟုတ်ဘဲ၊ နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပေးသော ဘုရားသခင်ဟို ငြင်းပယ်အယ်။

တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာဆိကျောန်း နင်လို့ဆေ ရေးဖို့မလိုဝူး။ နင်လို့တတ်တိုင်း အချင်းချင်း စလိုချစ်သင့်လဲဟို ဘုရားသခင်ဆေမှ သင်ယူထားသောသူများ ဖြစ်ကြအယ်။ အမန်မှာ နင်ဟ မာကေဒေါနိပြေတဝန်းလုံးဆိ ယုံကြည်သူ အားလုံးအပေါ်တွင် ဟေလိုမျိုး ပြုခဲ့ကြပီ။ အေးကျောန့် ညီအကိုလို့၊ နင်လို့ဟ ဟေထက်မက ပိုလုပ်ကြဖို့ နင်ဟို ငါလို့ တောင်းပန်အယ်။ ငါလို့ဟ နင်လို့ဟို အရင်ဟ ပြောခဲ့သလိုပဲ၊ အေးဆေးတည်ငြိမ်စွာ နေထိန်နိန်ရန် နင်လို့ရဲ့ကိုယ်ပိုင်လုပ်ငန်းဟို အာရုံစိုက်ပင်း ကိုယ်ပိုင်အသက်မွေးဝမ်းကျောန်းပြုဖို့ နင်လို့ရဲ့ ရည်ရွယ်ချက်ဟို လုပ်ကြလော့။ အေးနည်းလမ်းအားဖြင့် နင်လို့ဟ မယုံကြည်သူများရဲ့ လေးစားမှုဟို ရဆိမယ်ဖြစ်ပင်း နင်လိုအပ်တဲ့အရာအတွက် စသူ့ဟိုမှ အားကိုးနေစရာ မလိုဝူး။

သခင်ဘုရားကြွလာခြင်း

ငါ့ညီအကိုလို့၊ နင်လို့ဟ မျှော်လင့်ခြင်း မဆိသော အခြားသူများလိုမျိုး ဝမ်းနည်းခြင်း မဆိကြစေရန် ငါလို့ဟ သေသောသူများနဲ့ ပတ်သက်ယွေ့ နင်လို့အား အမန်တရားဟို သိစေလိုအယ်။ ယေရှုအသေခံပင်း တဖန် ပြန်ထမြောက်ကျောန်းဟို ငါလို့ ယုံကြည်ကြပင်းသောကျောန့် ဘုရားသခင်ဟ ကိုယ်တော်ဟို ယုံကြည်ပင်း သေဆုံးသွားတဲ့ သူတွေဟို ယေရှုနဲ့အတူ ပြန်ယွေ့ ထမြောက်စေလိမ့်မယ်လို့ ငါလို့ ယုံကြည်အယ်။ 2

သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။ ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။ အေးနောက် အသက်ဆှင်လျက် ကျန်ရစ်သော ငါလို့ဟ အာကာသခေါန်းခင်နှိုက် သခင်ဘုရားနဲ့တွေ့ဆုံရန် အေးသူလို့နဲ့အတူ မိုးချေးသားအားဖြင့် ချီဆောင်ခြင်း ခံရကြလိမ့်မယ်။ ဟေလို့ဖြင့် ငါလို့ဟ သခင်ဘုရားနဲ့ အမြဲတမ်းနေရကြလိမ့်မယ်။ အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။

Source notes (2)
  1. Footnote နင်လို့ ပေါင်အိုမနဲ့အတူ သန့်ဆှင်းမြင့်မြတ်သော နည်းလမ်းဖြင့် စလိုနေထိန်ရမယ်၊ အဲဟာမဟုတ်ရင် နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ထိန်းချုပ်ရမယ်။
  2. Cross-reference ၁ ကော ၁၅.၅၁,၅၂

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.