Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

၁ ကောရိန္သု 12

သန့်ဆှင်းသော ဝိညာဉ်တော်ဆေမှ ဆုကျေးဇူးများ

ညီအကို မောင်နှမလို့၊ ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးများအကျောန်း၊

နင်လို့အား အသိမပေးဘဲ နေစေခြင်းငှာ ငါ အလိုမဆိ။ နင်လို့ဟ ဘုရားတရားမဲ့သူ ဖြစ်တုန်းဟ သူတပါး သွေးဆောင်သဖြင့် စကားမပြောနိန်သော ရုပ်တုဆိရာသို့ ပါသွားသောသူ ဖြစ်ကျောန်းဟို နင်လို့ သိကြအယ်။ အဲကျောန့် နင်လို့အား ငါသိစေလိုတာဟ စသူမျှ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် “ယေရှုဟ ကျိန်ခြင်းဟို” ဟု ပြောဆိုမယ် မဟုတ်၊ အဲသန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် စသူမျှ “ယေရှုဟ သခင်ဘုရား ဖြစ်အယ်” ဟု မပြောဆိုနိန်။ 1

ဝိညာဉ်ဆုကျေးဇူးဟ အမျိုးမျိုး ဆိအယ်။ အားပေမဲ့ အဲဆုကျေးဇူးများဟို ချပေးသောသူဟ ဝိညာဉ်တော် တပါးတည်းသာ ဖြစ်အယ်။ အစေခံရန် နည်းအမျိုးမျိုး ဆိအယ်။ အားပေမဲ့ အစေခံရမဲ့ သခင်ဘုရားဟ တပါးတည်း ဆိအယ်။ အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ဆိအယ်။ အားပေမဲ့ လူအသီးသီးနှိုက် ဆိသော စွမ်းရည်များဟို ပေးသော ဘုရားသခင်ဟ တပါးတည်း ဆိအယ်။ အများကောင်းကျိုးအတွက် လူအသီးသီးလို့အား ဝိညာဉ်တော် ပါဆိကျောန်း တနည်းနည်းအားဖြင့် ဖော်ပြအယ်။ ပစာသို့နည်း ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားဟို ပေးအယ်။ အဲဝိညာဉ်တော်အားဖြင့် အခြားတယောက်အား ထိုးထွင်းခြင်း တရားဟို ပေးအယ်။ အေးဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည်ခြင်းဟို ပေးအယ်။ အေးဝိညာဉ်တော်အားဖြင့် အခြားတယောက်အား အနာရောဂါဟို ငြိမ်းစေနိန်သော အခွင့်ဟို ပေးအယ်။ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား နိမိတ်လက္ခဏာများဟို တန်ခိုးဟို ပြနိန်သောအခွင့်၊ တယောက်သောသူအား ပရောဖက်ပြုနိန်သောအခွင့်၊ တယောက်သောသူအား စိတ်ဝိညာဉ်ဟို ပိုင်းခြားယွေ့ သိနိန်သောအခွင့်၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်နဲ့ တယောက်သောသူအား အဲဘာသာစကားရဲ့ အနက်အဓိပ္ပာယ်ဟို ဖော်ပြနိန်သောအခွင့်ဟို လည်းကောင်း ပေးအယ်။ ဟေအခွင့်ဆိသမျှလို့ဟို တပါးတည်းသော ဝိညာဉ်တော်ဟ ပြုပြင်ယွေ့ လူအသီးသီးလို့အား ဆု‌ကျေးဇူး အသီးသီးဟို အလိုတော်ဆိလဲ့အတိုင်း ဝေငှယွေ့ ပေးအယ်။

အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာ

2

ခရစ်တော်ဟ အင်္ဂါအစိတ်အပိုင်းများဆိလဲ့ ကိုယ်ခန္ဓာနဲ့ တူအယ်။ ကိုယ်ခန္ဓာဟ အင်္ဂါအစိတ်အပိုင်းအများ ဆိသော်လည်း တကိုယ်တည်းသာ ဖြစ်အယ်။ အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။

လူရဲ့ ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း တခုတည်း ဆိတာမဟုတ်ဘဲ အများဆိအယ်။ ခြေဟ “ငါသည် လက် မဟုတ်သဖြင့် ကိုယ်ခန္ဓာနဲ့ မစပ်ဆိုင်” ဟု ဆိုလျှင်လည်း ခြေဟ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်သေးအယ်။ နားဟလည်း “ငါသည် မျက်စေ့ မဟုတ်သဖြင့် ကိုယ်ခန္ဓာနဲ့ မစပ်ဆိုင်” ဟု ဆိုလျှင်လည်း နားဟ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း ဖြစ်သေးအယ်။ ကိုယ်ခန္ဓာတခုလုံးဟ မျက်စေ့ဖြစ်လျှင် စလို ကြားနိန်မှာတုန်း၊ ကိုယ်ခန္ဓာတခုလုံးဟ နားဖြစ်ရင် စလို အနံ့ခံနိန်မှာတုန်း။ အားပေမဲ့ ဘုရားသခင်ဟ အလိုတော်ဆိလဲ့အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်း အသီးသီးလို့ သူလို့နေရာနဲ့ သူဆိစေအယ်။ အင်္ဂါအစိတ်အပိုင်း တခုတည်း ဖြစ်ရင် ကိုယ်ခန္ဓာ ဖြစ်လာနိန်မယ် မဟုတ်။ အမန်ဆိုသော် အင်္ဂါအစိတ်အပိုင်း အများဆိသော်လည်း ကိုယ်ခန္ဓာ တခုတည်းသာ ဆိအယ်။

အဲကျောန့် မျက်စေ့ဟ လက်အား “နင့်ဟို ငါ အလိုမဆိ” ဟု မဆိုနိန်။ ဦးခေါင်းဟလည်း ခြေအား “နင့်ဟို ငါ အလိုမဆိ” ဟု မဆိုနိန်။ ဆန့်ကျင်ဘက်အနေနဲ့၊ အားနည်းနေပုံ ရသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မပါဘဲ မလုပ်နိန်ပါ။ ယုတ်တာဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများဟို ငါလို့ ပိုယွေ့ ဂရုစိုက်ကြရအယ်။ တင့်တယ်ခြင်း မဆိလဲ့ အင်္ဂါအစိတ်အပိုင်းများဟို ပိုယွေ့ တင့်တယ်အောန် မွမ်းမံကြရအယ်။ တင့်တယ်ပင်း ဖြစ်လဲ့ အင်္ဂါအစိတ်အပိုင်းများဟိုမူ မွမ်းမံနေစရာ မလို။ ဂုဏ်အသရေလိုလဲ့ အင်္ဂါအစိတ်အပိုင်းလို့ဟို ပိုယွေ့ ဂုဏ်အသရေ ဆိစေရန် ဘုရားသခင် တတ်တိုင်း ကိုယ်ခန္ဓာဟို စေ့စပ် ပြုပြင်ထားအယ်။ အဲလိုမို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဆိဘဲ အချင်းချင်းရဲ့ အကျိုးဟို ပြုစုလျက် ဆိကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ဝေဒနာခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူခံရကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ချီးမွန်းခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူ ဝမ်းမြောက်ရကြအယ်။

နင်လို့အပေါင်းလို့ဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ နင်လို့အသီးသီးဟလည်း ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြအယ်။ 3ဘုရားသခင်ဟ အသင်းတော်တွင် ပထမအရာနှိုက် တမန်တော်များ၊ ဒုတိယအရာနှိုက် ပရောဖက်များ၊ တတိယအရာနှိုက် ဆရာများ၊ အဲပင်းရင် တန်ခိုးပြသောသူများ၊ အဲပင်းရင် အနာရောဂါ ငြိမ်းစေနိန်သော ဆုကျေးဇူးဆိသူများ၊ ကူညီမစသူများနဲ့ အခြားသော ဘာသာစကားအမျိုးမျိုး ပြောဆိုသောသူလို့ဟို ခန့်ထားအယ်။ အားလုံးဟ တမန်တော် ဖြစ်ကြသလော။ အားလုံးဟ ပရောဖက် ဖြစ်ကြသလော။ အားလုံးဟ ဆရာဖြစ်ကြသလော။ အားလုံးဟ တန်ခိုးဟို ပြနိန်ကြသလော။ အားလုံးဟ အနာရောဂါဟို ငြိမ်းစေနိန်သော အခွင့် ဆိကြသလော။ အားလုံးဟ အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်ကြသလော။ အားလုံးဟ အဲဘာသာစကားရဲ့ အနက်ဟို ဖော်ပြနိန်ကြသလော။ အခု နင်လို့ဟ မြတ်လဲ့ ဆုကျေးဇူးများဟို စိတ်အားထက်သန်စွာ လိုချင်ကြအယ်။

ငါဟ နင်လို့အား သာယွေ့ ထူးမြတ်လဲ့ လမ်းဟို ပြဦးမယ်။

Source notes (3)
  1. Cross-reference ရော ၁၂.၆–၈
  2. Cross-reference ရော ၁၂.၄,၅
  3. Cross-reference ဧ ၄.၁၁

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.