Skip to content
BibleKenya

မြန်မာကျမ်းစာ

ဆာလံ 3

ဒါဝိဒ် သည် သား တော် အဗရှလုံ ရှေ့ မှ ပြေး သောအခါ စပ်ဆို သော ဆာလံ

အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ရန်သူ တို့သည်၊ အလွန် တိုးပွါး၍၊ အကျွန်ုပ် တဘက် ၌ ထ သောသူတို့သည် များ ကြပါ၏။ သူ သည်ဘုရား သခင်ကို အမှီ ပြု၍ ချမ်းသာ မ ရဟု အကျွန်ုပ် ကို ရည်ဆောင် ၍ ပြော သောသူ အများ ရှိကြပါ၏။ သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏အကွယ် အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်း လည်းဖြစ်တော်မူ၏။ အကျွန်ုပ် ၏ဦးခေါင်း ကို ချီ ကြွသော သူလည်း ဖြစ်တော်မူ၏။ ငါသည် ထာဝရဘုရား ထံ သို့အသံ ကိုလွှင့်၍ အော်ဟစ် သောအခါ ၊ သန့်ရှင်း သော တောင် တော်ပေါ် မှာ နားထောင် တော်မူ၏။ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူသောကြောင့် ၊ ငါ သည် အိပ် ၍ ပျော် ခြင်းအခွင့်နှင့် နိုး ခြင်း အခွင့်ရှိ၏။ ငါ့ ကိုရန်ဘက်ပြု၍ ဝန်းရံ သော သူ အထောင် အသောင်းကို ငါမ ကြောက် ဘဲနေမည်။ အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။ ထာဝရ ဘုရား၏ ကျေးဇူး တော်ကြောင့် ချမ်းသာ ရပါ၏။ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစု အပေါ် သို့ သက်ရောက်ပါစေသော။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.