Skip to content
BibleKenya

မြန်မာကျမ်းစာ

ဖိလိပ္ပိ 2

ထိုကြောင့် ခရစ်တော် ၌ သက်သာ ခြင်း၊ မေတ္တာ နှင့်စပ်ဆိုင်သော ချမ်းသာ ခြင်း၊ ဝိညာဉ် တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက် ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင် ၊ သင်တို့သည် အချင်းချင်း ချစ် ကြ၍၊ စိတ် မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တစ် ညီတစ်ညွတ်တည်းရှိသောအားဖြင့်၊ ငါ ဝမ်းမြောက် စရာအကြောင်း ကို စုံလင် စေကြလော့။ ရန်တွေ့ လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မ ပြုကြ နှင့်။ သူတစ်ပါး သည် ကိုယ် ထက် သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချ သောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ် ကြလော့။ ကိုယ် အမှုအရာကိုသာ မ ရှု မမှတ်ဘဲ၊ သူ့အမှုအရာ ကို အချင်းချင်း ရှုမှတ်ကြလော့။ ယေရှု ခရစ် ၌ ရှိသော ထို စိတ် သဘောကို သင် တို့၌ လည်း ရှိစေကြလော့။ ထိုသခင် သည် ဘုရားသခင် ၏ သဏ္ဌာန် တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍၊ ဘုရားသခင် နှင့် ပြိုင် သောအမှုကို လုယူ ခြင်းအမှုဟူ၍မ ထင် မမှတ်လျက်ပင်၊ မိမိ အသရေကိုစွန့် ၍ အစေခံ ကျွန်၏သဏ္ဌာန် ကို ယူဆောင် လျက်၊ လူ ကဲ့သို့သော အဖြစ်၌ ဘွားမြင် ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ ၏ဂုဏ် အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံ ခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင် မှာ အသေခံ ခြင်းတိုင်အောင် အစေ ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချ တော်မူ၏။ ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော် ကိုအလွန်ချီးမြှောက် ၍ ဘွဲ့နာမ တကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမ ကို ပေး သနားတော်မူ၏။။ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသောခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု ၏ဘွဲ့နာမ တော်ကို ဒူး ထောက် ၍၊ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူ၏ဟု နှုတ် နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား ၏ ဘုန်း အသရေ တော်ကို ထင်ရှား စေကြမည်အကြောင်း တည်း။။ သို့ဖြစ်၍ ငါ့ ချစ်သူ တို့၊ သင်တို့သည် ငါ့ မျက်မှောက် ၌ နားထောင် သည်သာမက ၊ မျက်ကွယ် ၌ လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့ တုန်လှုပ် သောစိတ်နှင့် ၊ ကိုယ် ကို ကယ်တင် ခြင်းငှာကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့။။ အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။ သင်တို့သည် ပြုလေသမျှ တို့၌ မြည်တမ်း ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ ပြု ကြလော့။။ သို့ပြုလျှင် အပြစ်တင် ခွင့်မရှိ၊ အဘယ်သူကိုမျှ မ ပြစ်မှားဘဲနေ ၍ ၊ မဖြောင့် မမှန်ဖောက်ပြန် သောလူမျိုး အထဲ ၌ အဘယ် အပြစ်မျှမပါသော ဘုရားသခင် ၏ သား ဖြစ်ကြ လိမ့်မည်။ အသက် ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုး အထဲ ၌ ထွန်းလင်း ကြ၏။ သို့ပြုလျှင်ငါ သည် အကျိုး မရှိဘဲလျက် ပြေး သည်မ ဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစား အားထုတ်သည်မ ဟုတ်ကြောင်း ကို ငါထောက်၍ ခရစ်တော် ၏နေ့ရက် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိလိမ့်မည်။။ ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။ ထိုနည်းတူ သင် တို့သည်လည်း ဝမ်းမြောက် ကြလော့။ ငါ နှင့်အတူဝမ်းမြောက် ခြင်း ရှိကြလော့။။ သင် တို့အကြောင်း အရာများကို ငါသိ ၍ စိတ်သက်သာ ခြင်းငှာ ၊ တိမောသေ ကို သင် တို့ရှိရာသို့ များမကြာ စေလွှတ် မည်အကြောင်း၊ သခင် ယေရှု ခရစ်၌ ငါမှီဝဲ ခြင်းရှိ၏။။ အကြောင်းမူကား ၊ ထိုသူသည်သင် တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့စိတ်သဘောတူသော သူတယောက် မျှ ငါတို့၌မရှိ ။။ လူခပ်သိမ်း တို့သည် ယေရှု ခရစ် ၏အကျိုးကို မ ရှာ၊ ကိုယ် အကျိုးကိုသာ ရှာ ကြ၏။။ သို့သော်လည်း သား သည်အဘ နှင့်အတူဆောင်ရွက် သကဲ့သို့ ၊ သူသည်ငါ နှင့်အတူ ဧဝံဂေလိ တရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူ ပြသောသက်သေ ကို သင်တို့ သိ ကြ၏။။ ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါ သိ သောအခါ ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်း စေလွှတ် မည် ဟု ကြံစည် မြော်လင့်လျက် ငါနေ၏။။ ထိုမျှမက ၊ ငါ့ ကိုယ်တိုင်သင်တို့ရှိရာသို့ များမကြာ လာ မည်ဟု သခင် ဘုရားအားဖြင့် ယုံမှတ် စွဲလမ်းသောစိတ်ရှိ၏။။ သို့သော်လည်း ဆောင်ရွက် ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ ၏အပေါင်းအဘော်၊ ငါ့ ကိုပြုစု သောသူတည်းဟူသောသင် တို့တမန် ၊ ငါ့ညီ ဧပဖြောဒိတ် ကို သင် တို့ရှိရာ သို့ ယခုစေလွှတ် သင့်သည်ဟု ငါထင်မှတ် ၏။။ အကြောင်းမူကား၊ သူသည် နာ ကြောင်း ကို သင်တို့ကြားသိ သောကြောင့် ၊ သူသည် သင် တို့အပေါင်း ကို လွမ်းဆွတ် ၍ စိတ်မသာလျက် နေ ၏။။ သူသည် သေ လု အောင် နာ သည်မှန် ၏။ ထိုအခါ ဘုရားသခင် သည် သူ့ ကို သနား တော်မူ၏။ သူ့ ကိုသာ သနားတော်မူသည်မ ဟုတ်။ ငါ့ ၌ ဝမ်းနည်း ခြင်းအဆင့်ဆင့် အထပ်ထပ်မ ရှိ စေခြင်းငှာ ၊ ငါ့ကိုလည်း သနားတော်မူ၏။။ ထိုကြောင့် သင်တို့သည် သူ့ ကိုတစ်ဖန် တွေ့မြင် ၍ ဝမ်းမြောက် စေခြင်းငှာ၎င်း၊ ငါ သည်လည်း သက်သာ ခြင်းငှာ ၎င်း၊ သူ့ ကို သာ၍ကြိုးစား သည်နှင့် ငါစေလွှတ် ၏။။ သို့ဖြစ်၍ သခင် ဘုရားကို ထောက် လျက်၊ ဝမ်းမြောက် သောစိတ်နှင့် သူ့ ကိုလက်ခံ ကြလော့။ ထိုသို့သော သူတို့ကို ရိုသေ လေးမြတ်ကြလော့။။ အကြောင်းမူကား ၊ သင် တို့သည် ငါ့ ကိုပြုစု ၍ မ ပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံ ခြင်းငှာ ၊ ကိုယ် အသက် ကို စွန့်စား ၍ ခရစ်တော် ၏အမှု ကြောင့် သေ ခြင်းသို့ ရောက် လုနီးပြီ။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.