Skip to content
BibleKenya

မြန်မာကျမ်းစာ

တောလည် 29

သတ္တမ လ ၊ ပဌမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ တံပိုးမှုတ် ခြင်းကို ပြုရသောနေ့ ဖြစ် ၏။ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။ နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊ သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။ အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။ ထိုသို့ ထုံးစံ ရှိသည့်အတိုင်း ၊ လဆန်း နေ့မီးရှို့ ရာ ယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ နေ့ တိုင်းပြုသောမီးရှို့ ရာယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။ ၎င်း လ ၊ ဒသမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ၍ ခြိုးခြံ စွာကျင့် ရမည်။ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ ထိုနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။ နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင်နှစ် ဩမဲ၊ သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ် ဖြေခြင်းငှါအပြစ် ဖြေရာယဇ်၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်၊ သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။ ၎င်း လ တဆယ် ငါး ရက် နေ့၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ဘဲ ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ပွဲ ခံရ မည်။ ပဌမနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောမီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး ဆယ် သုံး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်တို့ကို ပူဇော် ရမည်။ နွား ဆယ် သုံး ကောင်စေ့အောင်၊ တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲစီ၊ သိုး နှစ် ကောင်စေ့ အောင်၊ တ ကောင်လျှင် နှစ် ဩမဲစီ၊ သိုးသငယ် ဆယ် လေး ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရ မည်။ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပူဇော်ရမည်။ ဒုတိယ နေ့ ၌ ၊ အသက်ပျို သော နွားထီး ဆယ် နှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။ တတိယ နေ့ ၌ ၊ နွားထီး ဆယ် တ ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။ စတုတ္ထ နေ့ ၌ နွားထီး ဆယ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။ ပဉ္စမ နေ့ ၌ နွားထီး ကိုး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။ ဆဌမ နေ့ ၌ ၊ နွားထီး ရှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။ သတ္တမ နေ့ ၌ နွားထီး ခုနစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။ အဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကိုပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ ထိုနေ့၌ ထာဝရဘုရား ဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသော မီးရှို့ ရာယဇ်ဘို့ နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်ကို၎င်း၊ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော် ရမည်။ ထိုသို့ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ မီးရှို့ ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက် သော ပွဲတို့၌ ထာဝရဘုရား အား ထပ်၍ပူဇော် ရမည်ဟု မိန့်တော်မူ၏။ ထိုသို့ မောရှေ သည်၊ မိမိအား ထာဝရဘုရား မှာထား တော်မူသမျှ တို့ကို၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို လေ၏။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.