Skip to content
BibleKenya

မြန်မာကျမ်းစာ

ရှင်လုကာ 3

ကဲသာ ဘုရင် တိဗေရိ နန်းစံ တစ်ဆယ်ငါး နှစ် တွင် ၊ ယုဒ ပြည်၌ ပုန္တိ ပိလတ် သည်မြို့ဝန် အရာ၊ ဂါလိလဲ ပြည်၌ ဟေရုဒ် သည် စော်ဘွား အရာ၊ ဣတုရဲ ပြည်နှင့် တရာခေါနိတ် ပြည် ၌ ဟေရုဒ် ညီ ဖိလိပ္ပု သည် စော်ဘွား အရာ၊ အဘိလင် ပြည်၌ လုသာနိ သည် စော်ဘွား အရာ၊ အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ လာ သည်ကား၊ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။ ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင် ရမည်။ လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။ ထိုအခါ ၊ ဗတ္တိဇံ ကို ခံအံ့သောငှာလာ ကြသော လူ အစုအဝေးတို့အား ယောဟန် ဟောပြော သည်ကား၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောဘေးဒဏ် မှ ပြေးသွား စိမ့်သောငှာအဘယ်သူ သည် သင် တို့ကို သတိပေး ဘိသနည်း။ နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။ သစ်ပင် အမြစ် နား မှာ ပုဆိန် ထား လျက်ရှိသည် ဖြစ်၍၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရသည်ဟု ဟောပြောလေ၏။

လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊ ယောဟန်က၊ အင်္ကျီ နှစ် ထည်ရှိ သောသူ သည် အင်္ကျီမ ရှိ သောသူ အားမျှ စေ။ စားစရာ ရှိ သောသူ သည် လည်း ထိုနည်းတူ ပြု စေဟု ပြန်ပြော ၏။ အခွန်ခံ သူတို့သည် ဗတ္တိဇံ ကို ခံခြင်းငှာလာ ၍ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင် တို့သခင်သည် ခွဲဝေ စီမံသည်ထက် သာ၍ မ ခွဲ မခံကြနှင့်ဟု ပြန်ပြော ၏။ စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။ လူ အများ တို့သည် မြော်လင့် ၍ ၊ ယောဟန် သည် ခရစ်တော် မှန် သည်မမှန်သည်ကို နှလုံး ထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊ ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။ လက် တော်တွင် စံကော ပါလျက် မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့်၊ ဂျုံ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့် ရှို့ တော်မူလတံ့ဟု ပြောဆို ၏။ အခြား သောစကားများ နှင့် ဆုံးမ သွေးဆောင်၍ ဧဝံဂေလိတရား ကို လူ အများတို့အားဟောပြော လေ၏။ ထိုနောက် စော်ဘွား ဟေရုဒ် သည် မိမိ ညီ ၏ ခင်ပွန်း ဟေရောဒိ အကြောင်း မှစ၍ ၊ မိမိပြု သောဒုစရိုက် အပြစ်ရှိသမျှ တို့ကို ယောဟန် သည် ဖော်ပြ ဆုံးမသောကြောင့်၊ ဟေရုဒ် သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန် ကို ထောင် ထဲမှာ လှောင် ထား၏။ လူ အပေါင်း တို့သည် ဗတ္တိဇံ ကိုခံကြသောအခါ ၊ ယေရှု သည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်း စဉ် တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊ သန့်ရှင်း သောဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ကိုယ် ထင်ရှား လျက် ကိုယ်တော် ပေါ်၌ ဆင်းသက် တော်မူ၍ ၊ သင် ကား၊ ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။

ထိုအခါ ယေရှု သည် အနှစ် သုံးဆယ် ခန့် မျှရှိ တော်မူ၏။ လူများအထင် အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ် တည်း။ ယောသပ်အဘဧလိ ၊ ဧလိအဘ မဿတ် ၊ မဿတ်အဘလေဝိ ။ လေဝိအဘ မေလခိ ၊ မေလခိအဘ ယန္န ၊ ယန္နအဘ ယောသပ် ၊ ယောသပ်အဘမတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘနာဟုံ ၊ နာဟုံအဘဧသလိ ၊ ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘမတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘယုဒ ၊ ယုဒအဘယောဟန္န ၊ ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရုဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလအဘနေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊ အဒ္ဒိအဘကောသံ ၊ ကောသံအဘဧလမောဒံ ၊ ဧလမောဒံအဘဧရ ၊ ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မသ္သတ်အဘလေဝိ ၊ လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒအဘယောသပ် ၊ ယောသပ်အဘယောနန် ၊ ယောနန်အဘဧလျာကိမ် ၊ ဧလျာကိမ်အဘမေလေ ၊ မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသအဘနာသန် ၊ နာသန်အဘဒါဝိဒ် ၊ ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲအဘဩဗက် ၊ ဩဗက်အဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘနာရှုန် ၊ နာရှုန်အဘအမိနဒပ် ၊ အမိနဒပ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက်အဘယုဒ ၊ ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊ နာခေါ်အဘစေရောက် ၊ စေရောက်အဘရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘဟေဗာ ၊ ဟေဗာအဘ ရှာလ ၊ ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘအာဖာဇဒ် ၊ အာဖာဇဒ်အဘရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊ လာမက်အဘမသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘမဟာလေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊ ကာဣနန်အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရားသခင် ပေတည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.