မြန်မာကျမ်းစာ
ဝတ်ပြုရာ 3
နွား ကို မိဿဟာယ ယဇ်ပြုလိုလျှင် ၊ အပြစ် မပါသော အထီး အမ တကောင်ကောင်ကို၊ ထာဝရဘုရား ရှေ့ တော်၌ ဆက်ရမည်။ ပူဇော် သော နွား၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။ အအူ ကိုဖုံး သောဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ ၊ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင် ထဲက ယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာဘို့ဆက်ပြီးမှ၊ အာရုန် ၏ သား တို့သည် ယဇ် ပလ္လင်အပေါ် ၌ရှိသောထင်း မီး ပေါ် မှာ တင်သော ယဇ် ကောင်နှင့်အတူ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။ ထာဝရဘုရား အား သိုး ၊ ဆိတ်ကို၊ မိဿဟာယ ယဇ်ပြုလိုလျှင် ၊ အပြစ် မပါသော အထီး အမ တကောင် ကောင်ကို ဆက် ရမည်။ သိုးသငယ် ကို ပူဇော် လိုလျှင်၊ ထာဝရဘုရား ရှေ့ တော်၌ ဆက် ပြီးမှ၊ ပူဇော် သော သိုး၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။ အကောင်ဆီဥ ၊ ကျောရိုး ကတိတိဖြတ် သော အမြီး ရှိသမျှ ၊ အအူ ကို ဖုံး သော အဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောအဆီဥ၊ ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာဘို့ ဆက် ပြီးမှ၊ ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။ ဆိတ် ကို ပူဇော် လိုလျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဆက် ပြီးမှ ၊ ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။ အအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ၊ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တို့ကို၊ မိမိ ပူဇော် သက္ကာထဲ တွင် ယူ၍ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာဘို့ ဆက် ပြီးမှ၊ ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မွှေးကြိုင် ရာဘို့ မီး ဖြင့် ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။ ဆီဥ ရှိသမျှ ကို ထာဝရဘုရား ဆိုင်တော်မူ၏။ သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေ ရာရာ၌ ဆီဥ ကိုမ စား ရ၊ အသွေး ကို မစားရဟု ထာဝရ ပညတ် တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.