Skip to content
BibleKenya

မြန်မာကျမ်းစာ

ယောရှုမှတ်စာ 18

အခြားသောအနွယ်များအမွေခံရာမြေ

ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့သည်၊ ရှိလော မြို့မှာစည်းဝေး ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ကို တည်ထောင် ကြ၏။ သူ တို့ရှေ့ မှာ တပြည် လုံးနှိမ့်ချ လျက်ရှိ၏။ ထိုအခါ ဣသရေလ အမျိုးခုနှစ် မျိုး တို့သည်၊ အမွေ မြေကို မ ခံရ သေးသည်ဖြစ်၍၊ ယောရှု က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မြေ ကို သင်တို့သည် မသိမ်း မယူဘဲ အဘယ် မျှကာလ ပတ်လုံးနေ ကြလိမ့်မည်နည်း။ သင် တို့တွင် အမျိုး တမျိုးလျှင် လူ သုံး ယောက်စီ ရွေးကောက် ၍ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည် လုံးသို့ထ သွား ၍ အမွေခံ သင့်သည်အတိုင်း ရေး သားပြီးမှ ငါ့ ထံ သို့ပြန် လာရကြမည်။ သူတို့သည် ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြား ရကြမည်။ ယုဒ အမျိုးသည် တောင် ဘက်မိမိ နေရာ ၌ နေ ရမည်။ ယောသပ် အမျိုး သည် မြောက် ဘက်မိမိ နေရာ ၌ နေ ရမည်။ ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြားပြီးမှ ၊ ပြည်ပုံကို ငါ့ ထံ သို့ ဆောင် ခဲ့၍ ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ သင် တို့အဘို့ စာရေးတံ ပြု မည်။ လေဝိ သားတို့သည် သင် တို့နှင့် ရော၍ အဘို့ ကို မ ယူရ။ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်အရာသည် သူ တို့အမွေ ဖြစ်၏။ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း ၊ အမွေ မြေကို ခံယူ ကြပြီဟု ဣသရေလ လူတို့အား ပြော ဆို၏။ ထိုလူ တို့သည် ထ ၍ သွား သဖြင့် ၊ ယောရှု ကလည်း ၊ တပြည် လုံးသို့ ရှောက် ၍ ရေး သားပြီးလျှင် ငါ့ ထံ သို့ ပြန် လာကြလော့။ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော် ၌ သင် တို့အဘို့ စာရေးတံ ပြု မည်ဟု ပြည် ပုံကို ရေး သား ခြင်းငှါ သွား သောသူတို့ကို မှာ ထားသည်နှင့်အညီ၊ သူတို့သည် တပြည် လုံးသို့ ရှောက် သွားသဖြင့် ၊ မြို့ ရွာရှိသည်အတိုင်း စာ ၌ ခုနစ် ပိုင်း ပိုင်း၍ ရေး သားပြီးမှ ယောရှု နေရာ ရှိလော တပ် သို့ ရောက် လာကြ၏။ ယောရှု သည် ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ စာရေးတံ ပြု ၍ ဣသရေလ အမျိုးသား အသီးအသီးတို့အား မြေ ကိုပိုင်းခြား လေ၏။ ဗင်္ယာမိန် အမျိုးသား တို့သည် စာရေးတံ ပြု ၍ အဆွေ အမျိုးအလိုက် ခံရသောမြေ သည် ယုဒ အမျိုးသား တို့နှင့် ယောသပ် အမျိုးသား တို့စပ်ကြား မှာ ကျ ၏။ မြေအပိုင်း အခြားသည် မြောက် မျက်နှာ၌ ယော်ဒန် မြစ်မှ ထွက် ၍ ယေရိခေါ မြို့ မြောက် ဘက်နား ၌ ၎င်း၊ အနောက် ဘက်တောင် ပေါ်၌ ၎င်း ရှောက် လျက် ဗေသဝင် တော သို့ ထွက် သွား၏။ တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်၊ ထို တောင် မှ ထွက် ၍ အိုင် တောင် ကွေ့ ကို ဝိုင်း သဖြင့် ၊ ယုဒ အမျိုးသား နေသောကိရယတ်ယာရိမ် မြို့ တည်းဟူသော ကိရယတ်ဗာလ မြို့သို့ ထွက် သွား၏။ ဤ ရွေ့ကား အနောက် ဘက် အပိုင်း အခြားတည်း။ တောင် ဘက် အပိုင်း အခြားသည် ကိရယတ်ယာရိမ် မြို့စွန်း မှ အနောက် ဘက်နား၌ နေဖတော ရေ တွင်း သို့ ရောက် ပြီးလျှင်၊ ဟိန္နုံ သား၏ချိုင့်ရှေ့ မှာ ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသောတောင် ခြေရင်း သို့ လာ ၍ ယေဗုသိ မြို့တောင် ဘက် ဟိန္နုံ ချိုင့်သို့၎င်း ၊ အင်္ရောဂေလ ရွာသို့၎င်း၊ မြောက် ဘက်နား၌ အင်ရှေမက် ရွာသို့၎င်း၊ အဒုမ္မိမ် ကုန်း တစ်ဘက် ဂေလိလုတ် ရွာသို့ ၎င်း၊ ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။ တဖန် အရာဗ မြို့ မြောက် မျက်နှာတဘက် လွင်ပြင်နား မှာ ရှောက် ၍ အရာဗ မြို့သို့ ရောက် သဖြင့်၊ ဗက်ဟောဂလ မြို့ မြောက် ဘက်နား မှာ ရှောက် ၍ သောဒုံ အိုင် မြောက် ကွေ့ ၊ ယော်ဒန် မြစ်ဝ ၌ ဆုံး လေ၏။ ဤ ရွေ့ကား တောင် ဘက်အပိုင်း အခြားတည်း။ ယော်ဒန် မြစ်သည် အရှေ့ ဘက် ပိုင်းခြား လျက် ရှိ၏။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေ ခံရသောမြေ နယ်ဖြစ်သတည်း။ ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ရသောမြို့ များဟူမူကား၊ ယေရိခေါ မြို့၊ ဗေသောဂလ မြို့၊ ဧမက္ကေဇဇ် မြို့၊ ဗေသရာဗ မြို့၊ ဇေမရိမ် မြို့၊ ဗေသလ မြို့၊ အာဝိမ် မြို့၊ ပါရ မြို့၊ ဩဖရာ မြို့၊ ခေဖါဟာမောနဲ မြို့၊ ဩဖနိ မြို့၊ ဂါဘ မြို့၊ ရွာ နှင့်တကွ ဆယ် နှစ် မြို့ တည်း။ ထိုမှတပါး၊ ဂိဗောင် မြို့၊ ရာမ မြို့၊ ဗေရုတ် မြို့၊ မိဇပါ မြို့၊ ခေဖိရ မြို့၊ မောဇ မြို့၊ ရေကင် မြို့၊ ဣရပေလ မြို့၊ တာရလ မြို့၊ ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင် မြို့တည်းဟူသော ယေဗုသိ မြို့၊ ဂိဗက် မြို့၊ ကိရယတ် မြို့၊ ရွာ နှင့်တကွ ဆယ် လေး မြို့ တည်း။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.