Skip to content
BibleKenya

မြန်မာကျမ်းစာ

ယောရှုမှတ်စာ 12

မောရှေအောင်မြင်သောမင်းများ

ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် ၌ ၊ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား ၊ အာနုန် မြို့အနား မှာ အာရော် မြို့၊ မြစ် တဝက် ၊ ဂိလဒ် ပြည်တဝက် မှစ၍ အမ္မုန် ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ် မြစ် တိုင်အောင် ၎င်း၊ အရှေ့ မျက်နှာ၌ လွင်ပြင် မှစ၍ဂင်္နေသရက် အိုင် နှင့် လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် အရှေ့ ဘက် ဗက်ယေရှိမုတ် မြို့သို့ သွားရာလမ်း ၊ အာဇုတ် ပိသဂါ မြို့အနား၊ တောင် မျက်နှာမှ လာရာလမ်းတိုင်အောင် ၎င်း အစိုးရ၍ ၊ ဟေရှဘုန် မြို့၌ နေ သောအာမောရိ ရှင်ဘုရင် ရှိဟုန် တပါး၊ ဟေရမုန် တောင် နှင့် သာလက ပြည်ကို၎င်း ၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည်စွန်း တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သောနိုင်ငံစွန်း တိုင်အောင် ဂိလဒ် ပြည်တဝက် ကို၎င်း အစိုးရ၍၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ နေ သော အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူဗာရှန် ရှင်ဘုရင် ဩဃ တပါး၊ ထိုရှင်ဘုရင် နှစ်ပါးကို ထာဝရဘုရား ၏ကျွန် မောရှေ နှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ၍ ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့အား အပိုင် ပေး လေ၏။

ယောရှုအောင်မြင်သောမင်းများ

ယော်ဒန် မြစ်အနောက် ဘက် မှာ လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့မှစ၍ ၊ စိရ လမ်းတွင်ရှိသောဟာလက် တောင် တိုင်အောင် တောင် ပေါ်အရပ်၊ ချိုင့် ထဲအရပ်၊ လွင်ပြင် အရပ်၊ စမ်းရေတွင်း အရပ်၊ တော အရပ်၊ တောင် မျက်နှာအရပ်၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူနေရာ၊ ယောရှု နှင့် ဣသရေလ အမျိုးသား လုပ်ကြံ ၍၊ ယောရှု သည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အားအပိုင် ပေး သော ပြည် ကို အစိုးရသောမင်းကြီး များဟူမူကား၊ ယေရိခေါ မင်းကြီး တပါး ၊ ဗေသလ မြို့အနား မှာ ၊ အာဣ မင်းကြီး တပါး၊ ယေရုရှလင် မင်းကြီး တပါး ၊ ဟေဗြုန် မင်းကြီး တပါး၊ ယာမုတ် မင်းကြီး တပါး ၊ လာခိရှ မင်းကြီး တပါး၊ ဧဂလုန် မင်းကြီး တပါး ၊ ဂေဇာ မင်းကြီး တပါး၊ ဒေဗိရ မင်းကြီး တပါး ၊ ဂေဒါ မင်းကြီး တပါး၊ ဟောမာ မင်းကြီး တပါး ၊ အာရဒ် မင်းကြီး တပါး၊ လိဗန မင်းကြီး တပါး ၊ အဒုလံ မင်းကြီး တပါး၊ မက္ကဒါ မင်းကြီး တပါး ၊ ဗေသလ မင်းကြီး တပါး၊ တာပွါ မင်းကြီး တပါး ၊ ဟေဖါ မင်းကြီး တပါး၊ အာဖက် မင်းကြီး တပါး ၊ လာရှရုန် မင်းကြီး တပါး၊ မာဒုန် မင်းကြီး တပါး ၊ ဟာဇော် မင်းကြီး တပါး၊ ရှိမရုန် မင်းကြီး တပါး ၊ အာခရှပ် မင်းကြီး တပါး၊ တာနက် မင်းကြီး တပါး ၊ မေဂိဒ္ဒေါ မင်းကြီး တပါး၊ ကေဒေရှ မင်းကြီး တပါး ၊ ကရမေလ တောင်ပေါ် မှာ ယောကနမ် မင်းကြီး တပါး၊ ဒေါရ ပြည်နယ် မှာ ဒေါရ မင်းကြီး တပါး ၊ ဂိလဂါလ ပြည်မှာ ဂေါအိမ် မင်းကြီး တပါး၊ တိရဇ မင်းကြီး တပါး ၊ မင်းကြီး ပေါင်း သုံးဆယ် တပါး တည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.