Skip to content
BibleKenya

မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 7

ထိုနောက် ၊ ထာဝရဘုရား သခင်သည် နောဧ ကို တဖန် မိန့် တော်မူပြန်သည်ကား၊ ဤ ကာလ အမျိုးတွင် သင် သည် ငါ့ ရှေ့ ၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင် ၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ကြလော့။ မြေကြီး ပေါ် မှာ တိရစ္ဆာန်အမျိုး မပျက်ဆက်နွယ်စေခြင်းငှါ ၊ စင်ကြယ် သော သား မျိုး၊ တမျိုးတမျိုးတွင် အထီး အမ ခုနစ် စုံစီ၊ မ စင်ကြယ် သော သား မျိုး၊ တမျိုး တမျိုးတွင်လည်း အထီး အမ နှစ် စုံစီ၊ မိုဃ်းကောင်းကင် ငှက် ၊ တမျိုးမျိုးတွင်လည်း အထီး အမ ခုနစ် စုံစီ၊ အသီးသီး တို့ကို သိမ်းယူ ရမည်။ အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။ မြေကြီး ကို ရေ လွှမ်းမိုး သောအခါ နောဧ သည် အသက် ခြောက် ရာ ရှိ သတည်း။ ရေ လွှမ်းမိုး ခြင်းဘေးကြောင့် ၊ နောဧ သည် မိမိ သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင် ၍ ဘုရား သခင်မှာ ထားတော်မူသည့်အတိုင်း စင်ကြယ် သောသား ၊ မ စင်ကြယ် သောသား ၊ ငှက် များနှင့် မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်များအထဲ က၊ အထီး အမ အစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြ၏။ ခုနစ် ရက် စေ့သောအခါ ၊ လွှမ်းမိုး အပ်သော ရေ သည် မြေ ပေါ် ၌ ပေါ် လာ၏။ နောဧ အသက် ခြောက် ရာ စေ့သောနှစ် ၊ ဒုတိယ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် ၊ ကြီးစွာ သော နက်နဲ ရာ ရေ ပေါက်ရေတွင်းတို့၏ အဆီး အတားရှိသမျှ ကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်ဝ များကို ဖွင့် သဖြင့်၊ အရက်လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ မိုဃ်း ရွာ လေ၏။ ထို နေ့ ရက်တွင် ၊ နောဧ နှင့် မိမိ မယား မှစ၍ ရှေမ ၊ ဟာမ ၊ ယာဖက် တည်းဟူသောနောဧ သား သုံးယောက်၊ ချွေးမ သုံး ယောက်တို့သည် သင်္ဘော ထဲ သို့ ဝင် ကြ၏။ သားရဲ မျိုး ၊ သားယဉ် မျိုး ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် မျိုး ၊ ပျံ တတ်သော ကြက် ငှက် မျိုး၊ အသက် ရှင်သော တိရစ္ဆာန် အမျိုးအမျိုးအပေါင်း တို့အထဲက ၊ အထီးအမအစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြလေ၏။ ထိုသို့နောဧကို ဘုရား သခင်မှာ ထားတော်မူသည်အတိုင်း ဝင် သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်း သော တိရစ္ဆာန် တို့အထဲက ၊ အထီး အမ စုံလျက်ဝင် ကြ၏။ ထာဝရဘုရား သည်လည်း နောဧ ကို အထဲမှာ ပိတ် ထားတော်မူ၏။ ရေ လွှမ်းမိုးခြင်းသည် အရက် လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ အစဉ်အတိုင်းတိုးတက် ၍ သင်္ဘော ကို မြေ မှ ခွါ လျက် ဆောင်ယူ လေ၏။ တဖန် ရေ သည်အားကြီး၍ မြေကြီး ပေါ် မှာ အလွန် တိုးတက် သဖြင့် ၊ သင်္ဘော သည် ရေ မျက်နှာ ပေါ် ၌ မျော လျက်နေလေ၏။ နောက်တဖန်ရေ သည် မြေကြီး ပေါ် မှာ အလွန် အားကြီး သဖြင့် မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော တောင် ကြီး အပေါင်း တို့သည် မြုပ် ကြ၏။ ရေမြုပ်သောတောင် တို့ အထက် ၌ လွှမ်း တတ်သော ရေ သည် ဆယ့် ငါး တောင် ရှိသတည်း။ မြေ ပေါ် မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် မျိုးတည်းဟူသောငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်အပေါင်း တို့နှင့် လူ အပေါင်း တို့သည် သေ ကြကုန်၏။ အသက် ရှု လျက် ကုန်း ပေါ် မှာ ရှိလေသမျှ တို့သည် သေ ကြကုန်၏။ မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။ ရေ သည်လည်း မြေကြီး ပေါ် မှာ ရက် ပေါင်း တရာ့ ငါး ဆယ်ပတ်လုံးအား ကြီးစွာတည်လေ၏။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.