မြန်မာကျမ်းစာ
ကမ္ဘာဦးကျမ်း 5
အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။ လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။ အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။ ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍၊ သား သမီး များကိုမြင် လေ၏။ အာဒံ သည် အသက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့သော် သေ လေ၏။ ရှေသ သည် အသက် တရာ ငါး နှစ် ရှိသော်၊ သားဧနုတ် ကို မြင် လေ၏။ ဧနုတ် ဘွားမြင် သောနောက် ၊ ရှေသ သည် အနှစ် ရှစ် ရာ ခုနှစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ ၏။ ရှေလ သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ် နှစ် နှစ် စေ့သော် သေ လေ၏။ ဧနုတ် သည် အသက် ကိုး ဆယ်ရှိသော်၊ သား ကာဣနန် ကို မြင် လေ၏။ ကာဣနန် ဘွားမြင် သောနောက် ၊ ဧနုတ် သည် အနှစ် ရှစ် ရာ တဆယ် ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။ ဧနုတ် သည် အသက် နှစ် ပေါင်းကိုး ရာ ငါး နှစ် စေ့ သော်သေ လေ၏။ ကာဣနန် သည် အသက် ခုနစ် ဆယ်ရှိသော်၊ သားမဟာလေလ ကို မြင် လေ၏။ မဟာလေလ ဘွား မြင်သောနောက် ၊ ကာဣနန် သည် အနှစ် ရှစ် ရာ လေး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။ ကာဣနန် သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ့် စေ့ သော် သေ လေ၏။ မဟာလေလ သည် အသက် ခြောက် ဆယ့်ငါး နှစ် ရှိသော် ၊ သားယာရက် ကို မြင် လေ၏။ ယာရက် ဘွားမြင် သောနောက် မဟာလေလ သည် အနှစ် ရှစ် ရာ သုံး ဆယ်အသက် ရှင်၍ သား သမီး များကို မြင် လေ၏။ မဟာလေလ သည် အသက် နှစ် ပေါင်းရှစ် ရာ ကိုး ဆယ့်ငါး နှစ် စေ့ သော် သေ လေ၏၊ ယာရက် သည် အသက် တ ရာခြောက် ဆယ်နှစ် နှစ် ရှိသော်သားဧနောက် ကိုမြင် လေ၏။ ဧနောက် ဘွားမြင် သောနောက် ယာရက် သည် အနှစ် ရှစ် ရာ အသက် ရှင်၍ ၊ သား သမီး များကိုမြင် လေ၏။ ယာရက် သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက်ဆယ် နှစ် နှစ် စေ့ သော် သေ လေ၏။ ဧနောက် သည် အသက်ခြောက်ဆယ် ငါး နှစ် ရှိသော်သားမသုရှလ ကို မြင် လေ၏။ မသုရှလ ဘွားမြင် သောနောက် ဧနောက် သည် အနှစ် သုံး ရာ ပတ်လုံးဘုရား သခင်နှင့်အတူ သွား လာ၍ သား သမီး များကို မြင် လေ၏။ ဧနောက် အသက် နှစ် ပေါင်းသုံး ရာ ခြောက် ဆယ်ငါး နှစ် တည်း၊ ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။ မသုရှလ သည် အသက် တရာ့ ရှစ် ဆယ်ခုနစ် နှစ် ရှိသော်၊ သား လာမက် ကို မြင် လေ၏။ လာမက် ဘွားမြင် သောနောက် ၊ မသုရှလ သည် အနှစ် ခုနှစ် ရာ ရှစ် ဆယ်နှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ၏။ မသုရှလ သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ၏။ လာမက် သည် အသက် တ ရာရှစ် ဆယ်နှစ် နှစ် ရှိသော်သား ကို မြင် ၍၊ ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။ နောဧ ဘွားမြင် သောနောက် ၊ လာမက် သည် အနှစ် ငါး ရာ ကိုး ဆယ်ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။ လာမက် သည် အသက် နှစ် ပေါင်း ခုနှစ် ရာ ခုနစ် ဆယ် ခုနစ် နှစ် စေ့ သော်သေ လေ၏။ နောဧ သည် အသက် ငါး ရာ ရှိ ၏။ နောဧ သား ကား၊ ရှေမ ၊ ဟာမ ၊ ယာဖက် တည်း။
မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.