Skip to content
BibleKenya

မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 36

ဧဒုံ အမည်ရှိ သောဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များဟူမူကား၊ 2ဧသော သည် ဟိတ္တိ အမျိုးဧလုန် ၏သမီး အာဒ တယောက်၊ ဟိဝိ အမျိုးဇိဘောင် သား အာန ၏ သမီး အဟောလိဗာမ တယောက်၊ ခါနာန် အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊ 3ဣရှမေလ သမီး တည်းဟူသောနဗာယုတ် နှမ ဗာရှမတ် တယောက်နှင့် ၎င်း အိမ် ထောင်လေ၏။ ဧသော မယား အာဒ ဘွား သော သားကား၊ ဧလိဖတ် ၊ ဗာရှမတ် ဘွား သောသားရွေလ တည်း။ အဟောလိဗာမ ဘွား သော သားကား၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။ ဤ သူတို့ကား၊ ခါနာန် ပြည် ၌ ဧသော မြင် သောသားတည်း။ ဧသော သည် မယား သား သမီး နှင့်တကွ ၊ အိမ်သူ အိမ်သားအပေါင်း တို့ကို၎င်း၊ သိုး နွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှ တို့ကို၎င်း၊ ခါနာန် ပြည် ၌ ရ တတ်သော ဥစ္စာ ရှိသမျှ တို့ကို၎င်းယူ ၍ ၊ ညီ ယာကုပ် ထံ မှ ပြောင်းသွား လေ၏။ အကြောင်း မူကား၊ ထို သူနှစ်ပါးတို့သည် ဥစ္စာ များ လွန်းသောကြောင့်တရပ် တည်းမ နေ နိုင်ကြ။ သူ တို့ နေရာမြေ သည်၊ သူ တို့တိရစ္ဆာန် များကြောင့် မဆံ့ နိုင်ရာ။ သို့ဖြစ်၍ ဧဒုံ အမည်ရှိသောဧသော သည် စိရ တောင် ပေါ်မှာ နေ လေ၏။ စိရ တောင် ပေါ်မှာ ဧဒုံ အမျိုးသားတို့၏ အဘ ဧသော ၏ သားစဉ် မြေးဆက်တို့ကို ဆိုပေအံ့။ ဧသော ၏ သား တို့အမည် ကား၊ မယား အာဒ ဘွားသောသား ဧလိဖတ် ၊ မယား ဗာရှမတ် ဘွားသော သား ရွေလ တည်း။ ဧလိဖတ် သား ကား၊ တေမန် ၊ ဩမရ ၊ ဇေဖေါ ၊ ဂါတံ ၊ ကေနတ် တည်း။ ဧသော သား ဧလိဖတ် ၏ မယားငယ် ၊ တိမန ဘွား သောသားကား၊ အာမလက် တည်း။ ဤ သူတို့သည် ဧသော မယား အာဒ ၏အနွှယ် ဖြစ် သတည်း။ ရွေလ သား ကား၊ နာဟတ် ၊ ဇေရ ၊ ရှမ္မ ၊ မိဇ္ဇ တည်း။ ဤ သူတို့သည် ဧသော မယား ဗာရှမတ် ၏အနွှယ် ဖြစ် သတည်း။ ဇိဘောင် သား အာန ၏သမီး ၊ ဧသော မယား အဟောလိဗာမ ဘွား သောသား ကား၊ ယုရှ ၊ ယာလံ ၊ ကောရ တည်း။ ဧသော သား တို့တွင် ဗိုလ် လုပ်သောသူဟူမူကား ၊ သားဦး ဧလိဖတ် ၏သား ဗိုလ် တေမန် ၊ ဗိုလ် ဩမရ ၊ ဗိုလ် ဇေဖေါ ၊ ဗိုလ် ကေနတ်၊ ဗိုလ် ဂါတံ ၊ ဗိုလ် အာမလက် တည်း။ ဤ ဗိုလ် တို့ သည် အာဒ ၏အနွှယ် ၊ ဧဒုံ ပြည် ၌ ဧလိဖတ် ရသောသားဖြစ်သတည်း။ ဧသော သား ရွေလ ၏ သား ကား၊ ဗိုလ် နာဟတ် ၊ ဗိုလ် ဇေရ ၊ ဗိုလ် ရှမ္မ ၊ ဗိုလ် မိဇ္ဇ တည်း။ ဤ ဗိုလ် တို့သည် ဧသော မယား ဗာရှမတ် ၏အနွှယ် ၊ ဧဒုံ ပြည် ၌ ရွေလ ရသောသားဖြစ်သတည်း။ ဧသော မယား အဟောလိဗာမ ၏ သား ကား၊ ဗိုလ် ယုရှ ၊ ဗိုလ် ယာလံ ၊ ဗိုလ် ကောရ တည်း။ ဤ ဗိုလ် တို့သည် အာန ၏သမီး ၊ ဧသော မယား အဟောလိဗာမ သား ဖြစ်သတည်း။ ဧဒုံ အမည်ရှိသောဧသော ၏ သား မြေးများ၊ သူ တို့တွင် ဗိုလ် လုပ်သောသူများ၊ ဤ သို့တည်း။ ထိုပြည် ၌နေ သောဟောရိ အမျိုး၊ စိရ ၏သား ကား၊ လောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန၊ ဒိရှုန် ၊ ဧဇာ ၊ ဒိရှန် တည်း။ ဤ သူတို့သည် ဧဒုံ ပြည် ၌ ဟောရိ အမျိုး၊ စိရ ၏သား တို့တွင် ဗိုလ် လုပ်သောသူဖြစ် သတည်း။ လောတန် သား ကား၊ ဟောရိ နှင့် ဟေမံ တည်း။ ရှောဗလ သား ကား၊ အာလဝန် ၊ မနာဟတ် ၊ ဧဗလ ၊ ရှေဖေါ ၊ ဩနံ တည်း။ ဇိဘောင် သား ကား၊ အာယ နှင့် အာန တည်း။ ထို အာန ကား ၊ အဘ ဇိဘောင် ၏ မြည်း တို့ကို ထိန်း သောအခါ ၊ တော ၌ နွေး သော စမ်းရေတွင်းတို့ကို တွေ့ သောသူ ပေတည်း။ အာန သား ကား၊ ဒိရှုန် နှင့် သမီး အဟောလိဗာမ တည်း။ ဒိရှုန် သား ကား၊ ဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန် တည်း။ ဧဇာ သား ကား၊ ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း။ ဒိရှန် သား ကား၊ ဥဇ နှင့် အာရန် တည်း။ ဟောရိ အမျိုးဗိုလ် များကား ၊ ဗိုလ် လောတန် ၊ ဗိုလ် ရှောဗလ ၊ ဗိုလ် ဇိဘောင် ၊ ဗိုလ် အာန၊ ဗိုလ် ဒိရှုန် ၊ ဗိုလ် ဧဇာ ၊ ဗိုလ် ဒိရှန် တည်း။ ဤ သူတို့ သည် စိရ ပြည် ၌ ဗိုလ် လုပ်သောသူ တို့ တွင်၊ ဟောရိ အမျိုး ဗိုလ် ဖြစ်သတည်း။ ဣသရေလ အမျိုး ၌ အစိုး ရသောမင်း ကြီး မ ရှိမှီ၊ ဧဒုံ ပြည် ၌ အစိုး ရသောမင်းကြီး ဟူမူကား၊ ဗောရ သား ဗေလာ သည် ဧဒုံ ပြည်၌ မင်း ပြု၏။ မြို့ တော်ကား၊ ဒိန္နာဗာ မြို့တည်း။ ဗေလာ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ် သား၊ ဇေရ ၏သား ယောဗပ် သည် မင်း ပြုလေ၏။ ယောဗပ် မင်းသေ ၍ ၊ သူ ၏အရာ ၌ တေမနိ အရပ် သား ဟုရှံ သည် မင်း ပြုလေ၏။ ဟုရှံ မင်းသေ ၍ ၊ မောဘ လွင်ပြင် ၌ မိဒျန် လူတို့ ကို လုပ်ကြံ သောသူ၊ ဗေဒဒ် သား ဟာဒဒ် သည်၊ ဟုရှံ အရာ ၌ မင်း ပြုလေ၏။ မြို့ တော်ကား၊ အာဝိတ် မြို့တည်း။ ဟာဒဒ် မင်းသေ ၍ ၊ သူ ၏အရာ ၌ မာသရက် အရပ်သားစာမလ သည် မင်း ပြုလေ၏။ စာမလ မင်းသေ ၍ ၊ သူ ၏အရာ ၌ မြစ် နားမှာ နေသောရဟောဘုတ် အရပ်သားရှောလ သည် မင်း ပြု လေ၏။ ရှောလ မင်းသေ ၍ သူ ၏အရာ ၌၊ အာခဗော် သား ဗာလဟာနန် သည် မင်း ပြုလေ၏။ အာခဗော် သား ဗာလဟာနန် မင်းသေ ၍ သူ ၏ အရာ ၌ဟာဒါ သည် မင်း ပြုလေ၏။ မြို့ တော်ကား၊ ပေါ မြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ် သမီး မာတရက် ၏သမီး မဟေတဗေလ တည်း။ ဧသော မှ ဆင်းသက်၍ မိမိ အမျိုး အနွယ်၊ နေရာ အရပ်၊ ခံရသောဘွဲ့ နာမအလိုက် ၊ ဗိုလ် လုပ်သောသူ ဟူမူကား ၊ ဗိုလ် တိမနာ ၊ ဗိုလ် အာလဝ ၊ ဗိုလ် ယေသက်၊ ဗိုလ် အဟောလိဗာမ ၊ ဗိုလ် ဧလာ ၊ ဗိုလ် ပိနုန်၊ ဗိုလ် ကေနတ် ၊ ဗိုလ် တေမန် ၊ ဗိုလ် မိဗဇာ၊ ဗိုလ် မာဂဒျေလ ၊ ဗိုလ် ဣရံ တည်း။ ဤ သူတို့သည် မိမိ နေရာ အရပ်၊ မိမိ ပိုင် သော ပြည် ၌ ၊ ဧဒုံ ဗိုလ် များ ဖြစ်သတည်း။ ဧသော သည် ဧဒုံ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.