Skip to content
BibleKenya

မြန်မာကျမ်းစာ

ယေဇကျေလ 48

ဣသရေလအမျိုးခရိုင်စု အမည် ကား၊ မြောက် ဘက်၌ ဟေသလုန် လမ်း နှင့် ဟာမတ် လမ်းနား ၊ ဟာဇရေနန် မြို့ပါလျက် ဒမာသက် မြို့နယ် မြောက် ၊ ဟာမတ် မြို့နယ်တိုင်အောင် ၎င်း ၊ အရှေ့ ဘက် မှသည် ပင်လယ် တိုင်အောင်၎င်း ဒန် ခရိုင်ရှိ ရမည်။ ဒန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် အာရှာ ခရိုင်ရှိရမည်။ အာရှာ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် နဿလိ ခရိုင်ရှိရမည်။ နဿလိ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် မနာရှေ ခရိုင်ရှိရမည်။ မနာရှေ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဧဖရိမ် ခရိုင်ရှိရမည်။ ဧဖရိမ် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရုဗင် ခရိုင်ရှိရမည်။ ရုဗင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ယုဒ ခရိုင်ရှိရမည်။ ယုဒ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် သင်တို့ပူဇော် ရသော မြေကွက် ရှိ ရမည်။ ထိုမြေအနံ ကား၊ ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အလျား ကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေ အတွင်း ၌ သန့်ရှင်း ရာဌာန ရှိ ရမည်။ ထာဝရဘုရား အား ပူဇော် ရသော မြေကွက် မူကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ ထိုသန့်ရှင်း သော ပူဇော်သက္ကာ သည် ယဇ်ပုရောဟိတ် ဘို့ ဖြစ် ၍၊ မြောက် ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ အနံ တသောင်း ၊ အရှေ့ ဘက်၌ အနံ တသောင်း ၊ တောင် ဘက်၌ အလျား နှစ်သောင်း ငါးထောင်ကျယ်၍ ၊ ထာဝရဘုရား ၏သန့်ရှင်း ရာဌာနသည် ထိုအကွက် အလယ် ၌ ရှိ ရမည်။ ဣသရေလ အမျိုးသား တို့သည် လမ်းလွှဲ သောအခါ လေဝိ လူကဲ့သို့ လမ်း မ လွှဲ။ ငါ့ အမှု ကို အစဉ်ဆောင် ၍ သန့်ရှင်း သော ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ လေဝိ လူနေရာ မြေ အနား မှာ ထိုသို့ပူဇော် သော မြေ သည် ယဇ်ပုရောဟိတ် တို့အဘို့ အလွန် သန့်ရှင်းသော မြေဖြစ် ရမည်။ ယဇ်ပုရောဟိတ် မြေ အနား မှာ လေဝိ လူနေရာ မြေကွက်သည် အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ ထိုမြေ သည် ထာဝရဘုရား အဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မ ရောင်း ရ။ အဦး သီးသော အသီးကို အခြားသော ဥစ္စာနှင့်မ ဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။ နှစ်သောင်း ငါးထောင်အနား မှာ ကြွင်း သေး သော မြေငါး ထောင် သည် လူနေရာ မြို့ နှင့် မြို့နယ် တည် စရာဘို့ဖြစ်၍၊ ထိုမြေ အလယ် ၌ မြို့ တည် ရမည်။ မြို့ အတိုင်း အရှည်ကား၊ မြောက် ဘက် ၌ လေး ထောင် ငါး ရာ ၊ တောင် ဘက် ၌လေး ထောင် ငါး ရာ ၊ အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ၊ အနောက် ဘက် ၌ လေး ထောင် ငါး ရာ ရှိရမည်။ မြို့နယ် ကား၊ မြောက် ဘက်၌ နှစ်ရာ ငါးဆယ် ၊ တောင် ဘက်၌ နှစ်ရာ ငါးဆယ် ၊ အရှေ့ ဘက်၌ နှစ်ရာ ငါးဆယ် ၊ အနောက် ဘက်၌ နှစ်ရာ ငါးဆယ် ရှိ ရမည်။ သန့်ရှင်း သော မြေ အနား မှာ အလျား ၌ ကြွင်း သေးသော အရှေ့ ဘက်၌ တသောင်း ၊ အနောက် ဘက်၌ တသောင်း ကျယ်သော မြေ၌ဖြစ်သော အသီးအနှံ သည်၊ မြို့ အမှု ကို စောင့်သောသူတို့ စားစရာ ဘို့ ဖြစ် ရမည်။ မြို့ အမှု စောင့်တို့ကို ဣသရေလ အမျိုး အပေါင်း ထဲက ရွေးကောက် ရမည်။ ပူဇော်သော မြေကွက် ပေါင်း ကား၊ အလျား နှစ်သောင်း ငါးထောင်၊ အနံနှစ်သောင်း ငါးထောင်ကျယ်၍၊ မြို့နယ် ပါလျက် သန့်ရှင်း သော ထိုစတုရန်း မြေ ကို ပူဇော် ရမည်။ ထိုသန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် မြို့နယ် နှစ်ဘက်၌ ကြွင်း ၍၊ အရှေ့ ဘက်၌ နှစ်သောင်း ငါးထောင်၊ အနောက် ဘက်၌ နှစ်သောင်း ငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသား အဘို့ ဖြစ်ရမည်။ သန့်ရှင်း သော ပူဇော်သက္ကာ မြေနှင့် အိမ် တော်၏ သန့်ရှင်း ရာဌာနသည်ထိုနှစ်ကွက်စပ်ကြား မှာ နေရာ ကျရမည်။ ထိုသို့စပ်ကြားမှာကျသော လေဝိ လူနေရာ အပိုင်းအခြား၊ မြို့နယ် အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက်၊ ယုဒ ခရိုင် ၊ ဗင်္ယာမိန် ခရိုင် စပ်ကြား မှာ ကျသောမြေရှိသမျှ သည် မင်းသား အဘို့ ဖြစ် ရမည်။ ကြွင်း သော ဣသရေလခရိုင် ဟူမူကား၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဗင်္ယာမိန် ခရိုင် ရှိရမည်။ ဗင်္ယာမိန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ရှိမောင် ခရိုင်ရှိရမည်။ ရှိမောင် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဣသခါ ခရိုင်ရှိရမည်။ ဣသခါ ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဇာဗုလုန် ခရိုင်ရှိရမည်။ ဇာဗုလုန် ခရိုင် အနား ၊ အရှေ့ ဘက် မှ သည် အနောက် ဘက် တိုင်အောင် ဂဒ် ခရိုင်ရှိရမည်။ ဂဒ် ခရိုင် တောင် ဘက် အပိုင်းအခြား သည် တာမာ မြို့မှစ၍ ကာဒေရှ မြို့၊ မေရိဘ ရေ တိုင်အောင်၎င်း ၊ မဟာ ပင်လယ် ထဲသို့ ဝင်သော မြစ် တိုင်အောင်၎င်း ရှောက်သွား ရမည်။ ဤရွေ့ကား ၊ ဣသရေလ အမျိုးအနွယ် တို့ အမွေခံ စရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူ တို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီးဖြစ်သတည်းဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ မြို့ မှထွက် ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ မြို့ တံခါး တို့သည် ဣသရေလ အမျိုးအနွယ် တို့ အမည် ကို ဆောင်လျက်၊ မြောက် ဘက်၌ ရုဗင် တံခါး ၊ ယုဒ တံခါး ၊ လေဝိ တံခါး တည်းဟူသောတံခါး သုံး ပေါက် ရှိရမည်။ မြို့အရှေ့ ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ယောသပ် တံခါး ၊ ဗင်္ယာမိန် တံခါး ၊ ဒန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။ မြို့တောင် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ရှိမောင် တံခါး ၊ ဣသခါ တံခါး ၊ ဇာဗုလုန် တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။ မြို့အနောက် ဘက် ၌ လေး ထောင် ငါး ရာ ကျယ်၍၊ ဂဒ် တံခါး ၊ အာရှာ တံခါး ၊ နဿလိ တံခါး တည်းဟူသောတံခါး သုံး ပေါက်ရှိရမည်။ ထိုသို့ မြို့ပတ်လည် အတိုင်းအရှည်ကား၊ တသောင်း ရှစ်ထောင်ရှိရလိမ့်မည်။ တည်သောနေ့ မှစ၍ ထိုမြို့ ကို ယေဟောဝါရှမ္မအမည် ဖြင့် ခေါ်တွင်ရလိမ့် သတည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.