Skip to content
BibleKenya

မြန်မာကျမ်းစာ

ယေဇကျေလ 42

ထိုနောက်မှ မြောက် လမ်း ဖြင့် ပြင် တန်တိုင်း ထဲသို့ ခေါ်သွား ၍၊ အိမ် တော်မြောက် ဘက်၊ လွတ်လပ် သော အရပ်ရှေ့မှာ ရှိသော အခန်း များကို ပြလေ၏။ ထိုအခန်းတို့သည် မြောက် တံခါး အထိ၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါးဆယ် ရှိကြ၏။ အတောင်နှစ်ဆယ် ရှိသောအတွင်း တန်တိုင်း ရှေ့ ၊ ပြင် တန်တိုင်း ကျောက် ခင်းရှေ့တွင်တဘက် တချက်၌ နံရံ အခန်းသုံး ဆင့်ရှိ၏။ ထိုအခန်း များရှေ့မှာ တ တောင် ကျယ်သော လမ်း နှင့်တကွအတွင်း ဘက်သို့ ဝင်၍၊ အနံ ဆယ် တောင် ရှိသောစင်္ကြံ ရှိ၏။ အခန်းတံခါးတို့ သည် မြောက် ဘက်သို့ မျက်နှာပြုကြ၏။ အထက် ခန်း တို့သည် ကျဉ်း ကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက် ခန်းကြမ်းပြင်၊ အလယ် ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ အကြောင်းမူကား ၊ အခန်းသုံး ဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်း ကဲ့သို့ တိုင် မ ရှိ၊ သို့ဖြစ်၍ ၊ အောက် ခန်းနှင့် အလယ် ခန်းထက် သာ၍ကျဉ်း ကြ၏။ ထိုအခန်း များတဘက် တချက်၊ ပြင် တန်တိုင်း ဘက်မှာ အခန်း များရှေ့၌ ကာသော နံရံ သည် အလျား အတောင် ငါးဆယ် ရှိ၏။ ပြင် တန်တိုင်း နှင့် ဆိုင်သောအခန်း တို့သည် အလျား အတောင် ငါးဆယ် ရှိကြ၏။ ဗိမာန် တော်ရှေ့မှာ အလျားသည် အတောင် တရာ ရှိ၏။ ပြင် တန်တိုင်း မှ လာ ၍၊ ထိုအခန်း များ ခြေရင်း အရှေ့ ဘက်၌ ဝင် ရာလမ်းရှိ၏။ အိမ်တော်တောင်ဘက်၊ လွတ်လပ် သော အရပ် ကို ကာသော တန်တိုင်း နံရံ ၌ လည်း အခန်း များရှိကြ၏။ ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံ မှစ၍အခန်း အလျား အနံ ၊ ထွက် ရာဝင်ရာ တံခါးရှိသမျှ တို့ သည် မြောက် အခန်း စုနှင့် ပုံသဏ္ဌာန် တူ ကြ၏။ တောင် ခန်း တံခါးတို့ သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည်ဖြစ်၍၊ တန်တိုင်း တဘက်တချက်၊ အရှေ့ သို့မျက်နှာပြု သော စင်္ကြံ ဦး ၌ ဝင်ရာတံခါးဝ ရှိ၏။ တိုင်းသောသူကလည်း၊ လွတ်လပ် သော အရပ် ရှေ့မှာ မြောက် ခန်း နှင့် တောင် ခန်း တို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် သော ယဇ်ပုရောဟိတ် တို့သည် အလွန် သန့်ရှင်းသောအရာများ ကို စား ရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်တို့ကို ထား ရာအရပ် ဖြစ်၏။ ယဇ်ပုရောဟိတ် တို့သည် ဝင် သောအခါ အမှု တော် ဆောင် အဝတ် ကိုဝတ်လျက်၊ သန့်ရှင်း သောအရပ်မှ ပြင် တန်တိုင်း သို့ မ ထွက် ရ။ ထိုအဝတ်သန့်ရှင်း သောကြောင့် ချွတ်ထား ၍ အခြား သော အဝတ် ကို ဝတ် ပြီးမှ ၊ လူ များရှိရာသို့ ထွက်သွား ရကြမည်ဟု ငါ့ အား ပြောဆို ၏။ အတွင်း ဗိမာန် တော်ကို တိုင်း ပြီး သည်နောက် ၊ အရှေ့ တံခါး ပြင်သို့ ခေါ်သွား ၍ ၊ တိုင်း စရာကျူလုံး နှင့်အရှေ့ မျက်နှာကို တိုင်း လျှင် ကျူလုံးအပြန် ငါး ရာ ရှိ၏။ မြောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ တောင် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 19အနောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ လေး မျက်နှာကိုတိုင်း ၍ ပတ်လည် ၌ရှိသောတန်တိုင်း သည် သန့်ရှင်း သောအရပ်၊ မ သန့်ရှင်းသော အရပ်တို့ကို ပိုင်းခြား လျက်၊ အလျား အပြန်ငါး ရာ ၊ အနံ လည်း အပြန်ငါး ရာ ရှိ၏။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.