Skip to content
BibleKenya

မြန်မာကျမ်းစာ

ဧသတာ 10

ရှင်ဘုရင် အာရွှေရု သည်မြေကြီး ပေါ် ၌၎င်း၊ ပင်လယ် တွင်ရှိသောကျွန်း တို့ပေါ်၌၎င်း ၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊ အာဏာ တန်ခိုးတော်နှင့် စီရင်သမျှ သောအမှု အရာများနှင့်တကွ ၊ ချီးမြှောက် တော်မူခြင်းကို ခံရသော မော်ဒကဲ ၏ ဘုန်း တန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ ၊ ပေရသိ ရာဇဝင် တို့၌ ရေး ထားလျက် ရှိ၏။ ယုဒ အမျိုးသားမော်ဒကဲ သည် ရှင်ဘုရင် အာရွှေရု အောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒ လူတို့တွင် ဘုန်း ကြီး၏။ မိမိ အမျိုး ၏ အကျိုး စီးပွားကို ပြုစု လျက်၊ အမျိုးသား ချင်းအပေါင်း တို့အား မင်္ဂလာ စကားကိုသာ ပြော လျက်၊ မိမိ အမျိုးသား ချင်းအပေါင်း တို့တွင် မျက်နှာ ရသောသူဖြစ် သတည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.