Skip to content
BibleKenya

မြန်မာကျမ်းစာ

၃ ဓမ္မရာဇဝင် 6

ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သော သက္ကရာဇ် လေး ရာ ရှစ် ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံ လေး နှစ် ၊ ဇိဖ အမည်ရှိသောဒုတိယ လ တွင် ၊ ထာဝရဘုရား ၏ အိမ် တော်ကို တည် စပြုတော်မူ၏။

ထို အိမ် တော်အလျား သည် အတောင် ခြောက် ဆယ်၊ အနံ အတောင်နှစ် ဆယ်၊ အမြင့် အတောင် သုံး ဆယ် ရှိ၏။

အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့် ညီ၍အလျား အတောင် နှစ် ဆယ်၊ အနံဆယ် တောင် ရှိ၏။

အိမ် တော်လင်း စရာဘို့ ကျဉ်း သော ပြတင်းပေါက် တို့ကို လုပ် လေ၏။

အိမ် တော်ပြင်ထရံ နှင့်ဗျာဒိတ် ဌာနတော်ပြင် ထရံ ပတ်လည် ၌ အခန်း တို့ကိုလည်း လုပ် လေ၏။

အောက် အခန်း သည် အနံ ငါး တောင် ၊ အလယ် အခန်း အနံ ခြောက် တောင် ၊ အထက်အခန်းအနံ ခုနစ် တောင် ရှိ၏။ အကြောင်း မူကား၊ အခန်းတို့သည် အိမ် တော်ထရံ ကိုယ်ထဲသို့ မ ဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။

ထိုအိမ် တော်ကို တည် လုပ်သောအခါ ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ် ပြီးသော ကျောက် တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံ တူ၊ ပုဆိန် ၊ သံ တန်ဆာ နှင့် လုပ်သော အသံ မ မြည်ရ။

အောက်အခန်းထဲသို့ဝင်သော တံခါးဝ သည် အိမ် တော်လက်ျာ ဘက် မှာ ရှိ၏။ လိမ် သော လှေကားဖြင့် အလယ် အခန်းသို့ ၎င်း ၊ အလယ် အခန်းမှ အထက် အခန်း သို့ ၎င်း၊ တက် ရ၏။

အိမ် တော်ကို တည် ပြီး မှထုပ် များတိုင်များကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် လေ၏။

ထရံအခန်း တို့သည်လည်း အမြင့် ငါး တောင် စီ ရှိ၏။ အာရဇ် ရက်မ တို့သည်အိမ် တော်ကိုမှီ လျက် ရှိကြ၏။

ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှောလမုန် သို့ ရောက် လာသည်ကား၊

ယခု တည်ဆောက် သောအိမ် တော်အရာမှာ၊ သင်သည် ငါ သွန်သင် သော လမ်းသို့ လိုက် လျက် ၊ ငါ စီရင်ချက် အတိုင်းစီရင် ၍ ၊ ငါ ပညတ် သမျှ တို့ကို စောင့်ရှောက် လျှင် ၊ သင် ၏အဘ ဒါဝိဒ် အား ငါ ဂတိ ထားသည်အတိုင်း သင် ၌ ငါပြု မည်။

ငါ ၏လူ ဣသရလ အမျိုးကို ငါမ စွန့် ၊ သူတို့ အလယ် ၌ နေ မည်ဟု မိန့် တော်မူ၏။

ထိုသို့ ရှောလမုန် သည် အိမ် တော်ကို တည် ၍ ပြီး လေ၏။

ကြမ်း မှ သည်အမိုး တိုင်အောင် အတွင်းထရံ ကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် ၍၊ ကြမ်း ကိုလည်း ဒုကြီးသော ထင်းရူး ပျဉ်ပြား ဖြင့် ပြီး စေ၏။

အလွန် သန့်ရှင်းရာဌာန၊ ဗျာဒိတ် ဌာနတော် အဘို့ အလျားအနံအတောင် နှစ် ဆယ်စီကျယ်သော အိမ် တော်တပိုင်း ကို အခန်းကာ၍ ကြမ်း နှင့်ထရံ ကို အာရဇ် ပျဉ်ပြား ဖြင့် ပြီးစေ၏။

ထို အခန်း ရှေ့ မှာတည်သော ဗိမာန် တော် အလျားသည် အတောင် လေး ဆယ်ရှိ ၏။

အိမ် တော်အတွင်း ၌ အာရဇ် ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့် အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက် မ ပေါ် စေခြင်းငှါအာရဇ် သား နှင့်ဖုံးအုပ်လျက် သာရှိ၏။

ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို တင် ထားရန် ၊ အိမ် တော်အတွင်း ၌ ဗျာဒိတ် ဌာနတော် ကို ပြင်ဆင် လေ၏။

ဗျာဒိတ် ဌာနတော်အခန်းသည် အလျား အတောင် နှစ် ဆယ်၊ အနံ အတောင် နှစ် ဆယ်၊ အမြင့် အတောင် နှစ် ဆယ်ရှိ၏။ ထိုအခန်းကို၎င်း ၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ စင် နှင့် မွမ်းမံ လေ၏။

ထိုသို့ အိမ် တော်အတွင်း ကို ရွှေ စင် နှင့်မွမ်းမံ ပြီးမှ ၊ ဗျာဒိတ် ဌာနတော်ရှေ့ မှာ ရွှေ ကြိုး ဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေ နှင့်မွမ်းမံ လေ၏။

အိမ် တော်တအိမ်လုံး ကို၎င်း၊ ဗျာဒိတ် ဌာနတော် နားမှာရှိသော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ နှင့် အကုန်အစင် မွမ်းမံ လေ၏။

ဗျာဒိတ် ဌာနတော်ထဲမှာ အမြင့် ဆယ် တောင် ရှိသောခေရုဗိမ် နှစ် ပါးကို သံလွင် သားနှင့်လုပ် လေ၏။

ခေရုဗိမ် အတောင် တို့သည် တစ်ဘက်တချက်အလျားငါး တောင် စီရှိ၍၊ အတောင် ဖျား တခုမှ တခု တိုင်အောင် ဆယ် တောင် ရှိ၏။

အမြင့်ဆယ် တောင် ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ် ပါးသည် အလုံး အရပ်ပမာဏတူ၏။

ထိုခေရုဗိမ် တို့ကို အတွင်း အိမ် တော်ထဲမှာ တင် ထားသဖြင့် ၊ ခေရုဗိမ် အတောင် တို့သည် ဖြန့် လျက်၊

အတောင်ဖျားတစ်ဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ် မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။

ခေရုဗိမ် တို့ကိုလည်း ရွှေ နှင့်မွမ်းမံ လေ၏။

အိမ် တော်ထရံ အတွင်း ဘက်နှင့် ပြင် ဘက်၌ ထု သော ခေရုဗိမ် အရုပ် နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင် အရုပ်များရှိကြ၏။

အိမ် တော်အတွင်း ကြမ်း နှင့် ပြင် ကြမ်းကို လည်း ရွှေ နှင့်မွမ်းမံ လေ၏။

ဗျာဒိတ် ဌာနတော် ဝင်ဝ ဘို့သံလွင် သား တံခါးရွက် နှစ် ရွက်ကို လုပ် ၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါး စုတစုကိုစားကြ၏။

သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ် အရုပ် ၊ အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထု လုပ်၍ ၊ တံခါးရွက်နှင့်ခေရုဗိမ် အရုပ်၊ စွန်ပလွံ ပင်အရုပ်တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။

ထိုအတူ အိမ် တော်ပြင်ထရံလေး စုတစု ကျယ်သောဝင်ဝ ဘို့ သံလွင် တံခါးတိုင် တို့ကို၎င်း၊

တံခါးရွက်တရွက်လျှင် ပတ္တာ နှစ်ခုစီဖြင့် လည်တတ်သော ထင်ရူး သား တံခါး ရွက် နှစ် ရွက်တို့ကို၎င်းလုပ်လေ၏။

တံခါးရွက်၌ ခေရုဗိမ် အရုပ်နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထုလုပ် ၍ အပြောက် ကို ရွှေ နှင့် မွမ်းမံ လေ၏။

အတွင်း တန်တိုင်း ကိုလည်း ဆစ် သော ကျောက်တန်းသုံး ဆင့် ၊ အာရဇ် သစ်သားတန်း တဆင့်နှင့် အထပ်ထပ် တည် လေ၏။

နန်းစံလေး နှစ် ၊ ဇိဖ လ တွင် ထာဝရဘုရား ၏ အိမ် တော်တိုက်မြစ် ကို ချကြ၍၊

နန်းစံဆယ် တနှစ် ၊ ဗု လ အမည်ရှိသော အဋ္ဌမ လ တွင် အိမ် တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ ကို လက်စသတ် ၍ ခုနစ် နှစ် ပတ်လုံးအိမ်တော်ကို တည်ဆောက် သတည်း။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.