ဇေဖနိ
Zephaniah
Introduction from this edition
ဇေဖနိအနာဂတ္တိကျမ်း
နိဒါန်း
ပရောဖက်ဇေဖနိသည်ခရစ်တော်မပေါ် ထွန်းမီ ၆၂၁ ခုနှစ်အချိန်၊ ယောရှုမင်း၏ဘာ သာရေးဆိုင်ရာပြုပြင်ပြောင်းလဲချက်များ မပြုလုပ်မီဆယ်ရာစုနှစ်အတွင်း ခရစ်တော် မပေါ်ထွန်းမီခုနစ်ရာစုနှစ်၏နောက်ပိုင်း အချိန်ကာလတွင်ဟောကြားမှုပြုခဲ့ပေ သည်။ ဤကျမ်းစောင်ထဲ၌အကျွမ်းတဝင် ရှိပြီးသားဖြစ်သည့်ပရောဖက်ပြုခြင်း နှင့်ဆိုင်သောအယူအဆများပါဝင်ပေ သည်။ ယုဒနိုင်ငံသည်အခြားဘုရားများ ကိုကိုးကွယ်ခြင်းကြောင့်ပြစ်ဒဏ်ခံရမည့် အချိန်ကာလဖြစ်သောကြမ္မာဆိုးကျ ရောက်၍ ဖျက်ဆီးခံရမည့်နေ့အားဖြင့် ချိန်းခြောက်ထားသည်။ ထာဝရဘုရား သည်အခြားနိုင်ငံများကိုလည်းပြစ်ဒဏ် ခတ်တော်မူမည် ယေရုရှလင်မြို့သည် ကြမ္မာဆိုးကျရောက်မည်ဖြစ်သော်လည်း နောင်တစ်နေ့တွင်ထိုမြို့၌စိတ်နှိမ့်ချ၍ ဖြောင့်မတ်သောသူများနေထိုင်လျက် ပြန်လည်ပြုပြင်တည်ဆောက်ရလိမ့်မည်။
အကြောင်းအရာအကျဉ်းချုပ်
ထာဝရဘုရား၏တရားစီရင်ရာနေ့ ၁:၁-၂:၃
ဣသရေလအိမ်နီးချင်းနိုင်ငံများ၏ကြမ္မာဆိုး ၂:၄-၁၅
ယေရုရှလင်မြို့၏ကြမ္မာဆိုးနှင့်ကယ်တင်ခြင်း ၃:၁-၂၀
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.