တိတု
Titus
Introduction from this edition
တိတုသြဝါဒစာ
နိဒါန်း
တိတုသည်ဂရိအမျိုးသားဖြစ်ပြီးခရစ် ယာန်ဘာသာသို့ကူးပြောင်း၍ ရှင်ပေါလု၏ သာသနာပြုလုပ်ငန်းတွင်ရှင်ပေါလု၏လုပ် ဖော်ကိုင်ဘက်နှင့်လက်ထောက်ဖြစ်လာသည်။ တိတုသြဝါဒစာသည်ကရေတေကျွန်း တွင်အသင်းတော်လုပ်ငန်းကိုကြီးကြပ် ကွပ်ကဲရန် ရှင်ပေါလုတာဝန်လွှဲအပ်ခဲ့သော ငယ်ရွယ်သူတိတုထံသို့ရှင်ပေါလုရေးပို့ လိုက်သောစာဖြစ်သည်။ ယင်းစာတွင် အကြောင်းကြီးသုံးရပ်ပါရှိပေသည်။
(၁) ကရေတေကျွန်းသားအချို့တို့အကျင့်ပျက် ကြပုံကိုနှလုံးသွင်းလျက် အသင်းတော်ခေါင်း ဆောင်တို့၌ရှိအပ်သောဂုဏ်အင်္ဂါများကိုဖော်ပြ သည်။ (၂) အသင်းတော်ရှိအသက်ကြီးသူအမျိုး သားများ၊ အသက်ကြီးသူအမျိုးသမီးများ (သူတို့ကအသက်ရွယ်သူအမျိုးသမီးများ အားတစ်ဆင့်သင်ကြားရန်) အသက်ရွယ်တူ အမျိုးသားများနှင့်ကျွန်များအား မည်သို့ သင်ကြားရမည်ကိုတိတုအားအကြံပေး ချက်များ (၃) ခရစ်ယာန်တို့ပြုမူကျင့်ကြံ ခြင်းနှင့်ပတ်သက်၍တိတုအားအကြံပေး ချက်များ။ အထူးသဖြင့်ခရစ်ယာန်တို့သည် ငြိမ်းချမ်းစွာနေထိုင်၍ တစ်ဦးကိုတစ်ဦး ခင်မင်လျက်မုန်းတီးခြင်း၊ ငြင်းခုံခြင်း၊ အသင်းတော်တွင်စိတ်ဝမ်းကွဲပြားစေခြင်း တို့ကိုရှောင်ရမည်ဖြစ်ကြောင်းသြဝါဒ ပေးလေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း
အသင်းတော်အရာရှိများ
အသင်းတော်ရှိလူစုအသီးသီးတို့၏တာဝန်များ
နှိုးဆော်ချက်များနှင့်သတိပေးချက်များ
နိဂုံး
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.