ရုသ
Ruth
Introduction from this edition
ရုသဝတ္ထု
နိဒါန်း
ရုသဝတ္ထုသည်တရားသူကြီးများလက် ထက်တိုင်းပြည်တွင် တရားဥပဒေစိုးမိုး မှုမရှိ၊ အကြမ်းဖက်မှုသာရှိသောခေတ်က ထွက်ပေါ်လာသည့်သိမ်မွေ့သောဝတ္ထုဖြစ်သည်။ ရုသဆိုသူမောဘအမျိုးသမီးသည် ဣသ ရေလအမျိုးသားတစ်ဦးနှင့်အိမ်ထောင်ကျ သည်။ ခင်ပွန်းသေဆုံးသောအခါရုသသည် မိမိယောက္ခမဖြစ်သူ ဣသရေလအမျိုး သမီးအားထူးထူးခြားခြားတွယ်တာပုံ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏ဘုရားအားလွန်စွာကြည်ညိုပုံကို လည်းကောင်းဖော်ညွှန်းထားသည်။ နောက်ဆုံး ၌သူသည်သေလွန်သူခင်ပွန်း၏သားချင်း ထဲမှပ္ဂိုလ်တစ်ဦးနှင့်အိမ်ထောင်သစ်ထူ ထောင်ရာ ဣသရေလအမျိုးသားတို့၏ အကျော်ကြားဆုံးဘုရင်ဖြစ်သူဒါဝိဒ် ၏ဘွားအေကြီးဖြစ်လာသည်။
တရားသူကြီးမှတ်စာတွင်ဘုရားသခင် ၏လူစုသည် ကိုယ်တော်ထံမှစွန့်ခွာသွား သောအခါ၌ပျက်စီးဆုံးရှုံးရကြောင်းဖော် ပြ၏။ ရုသဝတ္ထုတွင်ဣသရေလအမျိုး သားတို့၏ဘုရားထံဆည်းကပ်သောနိုင်ငံ ခြားသူတစ်ဦးကောင်းချီးခံရ၍ ကိုယ်တော် ၏သစ္စာခံလူစုဝင်တစ်ယောက်ဖြစ်လာကြောင်း ဖော်ပြသည်။
အကြောင်းအရာအကျဉ်းချုပ်
ရုသနှင့်အတူဗက်လင်မြို့သို့နောမိပြန်လာ ခြင်း ၁:၁-၂၂
ရုသနှင့်ဗောဇတွေ့ဆုံခြင်း ၂:၁-၃:၁၈
ဗောဇသည်ရုသနှင့်ထိမ်းမြားလက်ထပ်ခြင်း ၄:၁-၂၂
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.