Skip to content
BibleKenya

Common Language Bible

ဆာ​လံ 93

ဘု​ရင်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။

ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍

တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။

ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ

တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​၏​ရာ​ဇ​ပလ္လင်​တော်​သည်​အ​စ​အ​ဦး​မှ စ​၍​တည်​တံ့​ခိုင်​မြဲ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကပ်​ကာ​လ​မ​ပေါ်​မီ​က​ပင်​လျှင် ရှိ​နေ​တော်​မူ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ သ​မုဒ္ဒ​ရာ​သည်​အ​သံ​ကို​ဟစ်​၍​အော်​ပါ​၏။

သ​မုဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​သံ​သည်​မြည်​ဟည်း​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သ​မုဒ္ဒ​ရာ မြည်​ဟည်း​သံ​ထက်​လည်း​ကောင်း၊

ပင်​လယ်​လှိုင်း​တံ​ပိုး​များ​ထက်​လည်း​ကောင်း​သာ​၍ တန်​ခိုး​ကြီး​ပြီး​လျှင်

အ​ချုပ်​အ​ခြာ​အာ​ဏာ​တော်​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် စိုး​စံ​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ် တည်​ပါ​၏။

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​သည်​လည်း​အ​စဉ် အ​မြဲ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.