Skip to content
BibleKenya

Common Language Bible

ဆာ​လံ 79

အ​မျိုး​သား​လွတ်​မြောက်​ရေး​အ​တွက် ဆု​တောင်း​ပတ္ထနာ

အို ဘု​ရား​သ​ခင်၊

ပြည်​တော်​ထဲ​သို့​ဘု​ရား​မဲ့​သူ​တို့​ချဉ်း​နင်း ဝင်​ရောက်​ကြ​ပါ​ပြီ။

သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​ကြ​ပါ​ပြီ။

ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ဖြို​ဖျက်​လိုက်​ကြ ပါ​ပြီ။1

သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏

အ​လောင်း​များ​ကို​ငှက်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း၊

ကိုယ်​တော်​ရှင့်​အ​စေ​ခံ​တို့​၏​အ​လောင်း​များ​ကို

သား​ရဲ​တိရစ္ဆာန်​စာ​ဖြစ်​စေ​ရန်​လည်း​ကောင်း ပစ်​ထား​ကြ​ပါ​ပြီ။

သူ​တို့​သည်​ကိုယ်​တော်​ရှင့်​လူ​စု​၏​သွေး​ကို ရေ​ကဲ့​သို့ ယို​စီး​စေ​ကြ​ပါ​၏။

သွေး​ချောင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဖြတ်​၍ စီး​ဆင်း​လျက်​ရှိ​ပါ​၏။

အ​လောင်း​များ​ကို​သင်္ဂြိုဟ်​မည့်​သူ​တစ်​စုံ တစ်​ယောက်​မျှ မ​ကျန်​တော့​ပါ။

ပတ်​လည်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ကျွန်​တော်​မျိုး တို့​အား ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ကဲ့​ရဲ့​ပြောင်​လှောင်​ကြ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ် အ​မျက်​ထွက်​လျက်​နေ​တော်​မူ​ပါ​မည်​လော။

အ​မျက်​တော်​သည်​မ​ပြေ​ဘဲ​မီး​ကဲ့​သို့​တောက်​လောင် နေ​ပါ​မည်​လော။

ကိုယ်​တော်​ရှင်​အား​ရှိ​မ​ခိုး၊ဝတ်​မ​ပြု​သည့်

လူ​မျိုး​တို့​အား​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​ထံ

ဆု​တောင်း​ပတ္ထ​နာ​မ​တောင်း​မ​လျှောက် သူ​တို့​အား​လည်း​ကောင်း​အ​မျက်​ထွက်​တော်​မူ​ပါ။

ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို သတ်​ဖြတ်​ကြ​ပါ​ပြီ။

ပြည်​တော်​ကို​လည်း​ယို​ယွင်း​ပျက်​စီး​စေ​ကြ​ပါ​ပြီ။

ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ​အ​တွက်

ကျွန်​တော်​မျိုး​တို့​အား​ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်။

ယ​ခု​ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​တို့​သည်​မျှော်​လင့်​ရာ​မဲ့​လျက် ရှိ​ကြ​ပါ​၏။

အို ဘု​ရား​သ​ခင်၊

ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍

ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။

``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း'' ဟု

လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့် မေး​ရ​ကြ​ပါ​မည်​နည်း။

ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​၏​သွေး​ကို​သွန်​သည့် လူ​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သည်​ကို

ကျွန်​တော်​မျိုး​တို့​မြင်​ရ​ကြ​ပါ​စေ​သော။

အ​ကျဉ်း​သား​တို့​၏​ညည်း​ညူ​သံ​များ​ကို နား​ထောင်​တော်​မူ​၍​သေ​ဒဏ်​သင့်​သူ​တို့​အား

ကိုယ်​တော်​ရှင်​၏​မ​ဟာ​တန်​ခိုး​တော်​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့်

တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။

ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည်

ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။

သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။

Source notes (1)
  1. Cross-reference ၄ရာ၊ ၂၅:၈-၁၀။ ၆ရာ၊ ၃၆:၁၇-၁၉။ ယေ၊ ၅၂:၁၂-၁၄။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.