Skip to content
BibleKenya

Common Language Bible

ဆာ​လံ 67

ကျေး​ဇူး​တော်​ချီး​မွမ်း​သီ​ချင်း

အို ဘု​ရား​သ​ခင်၊

ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​ပါ။

က​ရု​ဏာ​စိတ်​နှင့်​ကျွန်​တော်​မျိုး​တို့​အား ကြည့်​တော်​မူ​ပါ။

သို့​မှ​သာ​လျှင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း တို့​သည်

ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။

လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို​သိ​ကြ​ပါ လိမ့်​မည်။

အို ဘု​ရား​သ​ခင်၊

လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ရှင်​သည်​လူ​တို့​အား​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​၍

လူ​မျိုး​တ​ကာ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​တော် မူ​သ​ဖြင့်

သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။

အို ဘု​ရား​သ​ခင်၊

လူ​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​စေ​သော။

လူ​မျိုး​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​စေ​သော။

မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။

ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။

ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​ပြီ။

ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.