Skip to content
BibleKenya

Common Language Bible

ဆာ​လံ 5

ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ရန် ဆု​တောင်း​ပတ္ထနာ

အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​၏​မြွက်​ဆို​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​မြည်​တမ်း​သံ​များ​ကို​ကြား​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်

ကျွန်​တော်​မျိုး​ဟစ်​အော်​တောင်း​လျှောက်​သည်​ကို နား​ထောင်​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ​သည်။

ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။

နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။

ကိုယ်​တော်​သည်​ဒု​စ​ရိုက်​ကို​နှစ်​သက်​တော်​မူ​သော ဘု​ရား​မ​ဟုတ်​ပါ။

ရှေ့​တော်​၌​ဆိုး​ယုတ်​မှု​ကို​ခွင့်​ပြု​တော်​မ​မူ​ပါ။

မာ​န​ကြီး​သူ​တို့​သည်​ရှေ့​တော်​သို့​မ​ဝင်​ရ။

ကိုယ်​တော်​သည်​ယုတ်​မာ​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ​၏။

ကိုယ်​တော်​သည်​လိမ်​လည်​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​၍​အ​ကြမ်း​ဖက်​သူ၊

ကောက်​ကျစ်​သူ​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​၏​ကြီး မား​သော မေတ္တာ​တော်​ကို​ခံ​စား​ရ​သ​ဖြင့်

အိမ်​တော်​သို့​ဝင်​နိုင်​ပါ​၏။

ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကာ

ကိုယ်​တော်​အား​ရို​သေ​လေး​မြတ်​စွာ ဦး​ညွှတ်​ရှိ​ခိုး​နိုင်​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။

ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း​ပြု​ကျင့်​ရန် ကျွန်​တော်​မျိုး​အား​လမ်း​ပြ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်

လိုက်​လျှောက်​စေ​လို​သည့်​လမ်း​ကို ဖြောင့်​ဖြူး​စေ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​စ​ကား​ကို အ​ဘယ်​အ​ခါ​၌​ယုံ​ကြည်​၍​မ​ရ​ပါ။

သူ​တို့​တွင်​ဖျက်​ဆီး​လို​စိတ်​သာ​လျှင်​ရှိ​ပါ​၏။

သူ​တို့​၏​ခံ​တွင်း​သည်​ပွင့်​လျက်​နေ​သော သင်္ချိုင်း​တွင်း​နှင့်​တူ​ပါ​၏။

သူ​တို့​၏​လျှာ​သည်​လည်း​မြှောက်​ပင့်​လိမ်​လည် လှည့်​စား​တတ်​ပါ​၏။1

အို ဘု​ရား​သ​ခင်၊

သူ​တို့​အား​ရှုတ်​ချ​လျက်​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ။

သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​များ​က

သူ​တို့​ကို​ပင်​အ​ကျိုး​နည်း​စေ​တော်​မူ​ပါ။

သူ​တို့​၏​များ​မြောင်​သော

အ​ပြစ်​များ​ကြောင့်​လည်း​ကောင်း၊ကိုယ်​တော်​ကို ပုန်​ကန်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း

သူ​တို့​အား​ရှေ့​တော်​မှောက်​မှ​နှင်​ထုတ်​တော်​မူ​ပါ။

သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​ထံ​တော်​တွင်​လုံ​ခြုံ​စွာ

ခို​လှုံ​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​ပါ​လိမ့်​မည်။

သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​အ​စဉ် သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​သည်​မိ​မိ​အား​ချစ်​သူ​တို့​ကို ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​ကြောင့်​သူ​တို့​သည်​အ​ကယ်​ပင် ဝမ်း​မြောက်​ရ​ကြ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​၏။

ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ် သူ​တို့​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ​၏။

Source notes (1)
  1. Cross-reference ရော၊ ၃:၁၃။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.