Skip to content
BibleKenya

Common Language Bible

ဆာ​လံ 142

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ

ကူ​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။

ကိုယ်​တော်​၏​ထံ​တော်​တွင်​အ​သ​နား​ခံ​ပါ​၏။

ငါ​သည်​မိ​မိ​အ​ခက်​အ​ခဲ​ရှိ​သ​မျှ​ကို ကိုယ်​တော်​အား​ဖော်​ပြ​ပါ​၏။

ဒုက္ခ​ရှိ​သ​မျှ​ကို​ကိုယ်​တော်​အား​လျှောက်​ထား ပါ​၏။

ငါ​သည်​လက်​လျှော့​စိတ်​ပျက်​သော​အ​ခါ​၌ ငါ​သွား​ရာ​လမ်း​ကို​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။

ငါ​လျှောက်​ရာ​လမ်း​တွင်​ရန်​သူ​တို့​သည်​ငါ​၏ အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​၏။

ငါ​၏​အ​နီး​သို့​ကြည့်​လိုက်​သော​အ​ခါ​ကူ​မ မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။

ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။ အ​ဘယ်​သူ​မျှ​ငါ့​ကို​ဂ​ရု​မ​စိုက်။

အို ထာ​ဝ​ရ​ဘု​ရား၊

ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ဟစ်​အော်​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။

ဤ​ဘ​ဝ​တွင်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ လျှင် ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​သည်​အ​လွန်​စိတ်​ပျက် အား​လျော့​လျက်​ရှိ​ပါ​၏။

ကျွန်​တော်​မျိုး​ထက်​များ​စွာ​ခွန်​အား​ကြီး​မား သော

ရန်​သူ​များ​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​ထဲ​မှ​လွတ်​မြောက် စေ​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား

ယင်း​သို့​ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့်

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​အ​လယ်​တွင်

ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.