Skip to content
BibleKenya

Common Language Bible

ဆာ​လံ 14

လူ​တို့​၏​ဆိုး​ညစ်​ယုတ်​မာ​မှု

(ဆာ​လံ ၅၃)

လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။

သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍

စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။

အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား​သည်​အ​သိ​ပညာ​ရှိ​သူ​များ၊

မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို သိ​မြင်​ရန်

ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​လူ​သား​တို့​အား ကြည့်​တော်​မူ​၏။

သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​သည်​လမ်း​လွဲ ကြ​ကုန်​လေ​ပြီ။

သူ​တို့​အား​လုံး​ပင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။

သူ​တို့​တွင်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။1

ထာ​ဝ​ရ​ဘု​ရား​က

``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။

ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။

သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။

ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​၏ စကား​ကို

နား​ထောင်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ရ​လိမ့်​မည်။

သူ​ယုတ်​မာ​တို့​သည်​နှိမ့်​ချ​သူ​၏​အ​ကြံ အ​စည်​ကို ပျက်​စေ​တတ်​ကြ​သော်​လည်း

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည်

ဇိ​အုန်​တောင်​တော်​မှ​ထွက်​ပေါ်​လာ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား

တစ်​ဖန်​ပြန်​၍​ကောင်း​စား​လာ​စေ​တော်​မူ​သော အ​ခါ၊ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။

Source notes (1)
  1. Cross-reference ရော၊ ၃:၁၀-၁၂။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.