Common Language Bible
ဆာလံ 133:1
Verse 1 is marked below, with the whole chapter around it. Read from the start
ညီအစ်ကိုချင်းထားရှိသည့်မေတ္တာကို ချီးမွမ်းခန်း
ဘုရားသခင်၏လူစုတော်သည်
စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။
ယင်းသို့နေထိုင်မှုသည်အာရုန်၏ဦးခေါင်းမှ
သူ၏မုတ်ဆိတ်နှင့်ဝတ်လုံအင်္ကျီလည်ခွံသို့ တိုင်အောင် စီးကျလာသည့်အဖိုးတန်ဘိသိက်ဆီကဲ့သို့ဖြစ်၏။
ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။
ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့်
တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.