Skip to content
BibleKenya

Common Language Bible

ဆာ​လံ 128

ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို နား​ထောင်​ခြင်း​၏​အ​ကျိုး

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍

ကိုယ်​တော်​၏​နည်း​လမ်း​တော်​များ​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

သင်​သည်​မိ​မိ​လက်​ဖြင့်​လုပ်​ဆောင်​၍​စား​ဝတ် နေ​ရေး ဖူ​လုံ​အောင်​ရ​ရှိ​လိမ့်​မည်။

သင်​သည်​ရွှင်​လန်း​၍​ကောင်း​စား​လိမ့်​မည်။

အိမ်​တွင်း​၌​သင်​၏​ဇ​နီး​သည်​အ​သီး​နှင့်​ပြည့်​သော စ​ပျစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊

စား​ပွဲ​ပတ်​လည်​ရှိ​သင်​၏​သား​များ​သည်​လည်း

စိုက်​ပျိုး​ထား​သော​သံ​လွင်​ပင်​ပျို​များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို

နား​ထောင်​သော​သူ​သည်​ဤ​နည်း​အ​တိုင်း အ​မှန်​ပင် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​လိမ့်​မည်။

ဇိ​အုန်​တောင်​တော်​ပေါ်​မှ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​ပါ​စေ​သော။

သင်​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး

ယေ​ရု​ရှ​လင်​မြို့​၏​ဝ​ပြော​စည်​ပင်​နေ​သည်​ကို တွေ့​မြင်​ရ​ပါ​စေ​သော။

သင်​သည်​မြေး​များ​ရ​ရှိ​လာ​သည်​တိုင်​အောင် အ​သက်​ရှည်​ပါ​စေ​သော။

ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.