Skip to content
BibleKenya

Common Language Bible

ဆာ​လံ 120

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ

ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။

ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​အား​လိမ်​လည်​တတ်​သူ​များ နှင့် လှည့်​စား​တတ်​သူ​များ​၏​လက်​မှ​ကယ်​တော် မူ​ပါ။

အ​ချင်း​လိမ်​လည်​တတ်​သူ​တို့၊

သင်​တို့​အား​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သို့ စီ​ရင်​တော်​မူ​လိမ့်​မည်​နည်း။

သင်​တို့​အား​ကိုယ်​တော်​သည်​အ​ဘယ်​သို့ ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​နည်း။

စစ်​သည်​တို့​၏​ထက်​မြက်​သော​မြား​ဖြင့်​လည်း ကောင်း၊

ရဲ​ရဲ​တောက်​ပူ​လောင်​သည့်​မီး​ခဲ​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။

သင်​တို့​နှင့်​ငါ​နေ​ရ​သည်​မှာ​မေ​ရှက်​ပြည်​၌ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း၊

ကေ​ဒါ1 အ​မျိုး​သား​များ​နှင့်​အ​တူ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း​ဆိုး​ရွား​ပါ​၏။

ငါ​သည်​ငြိမ်း​ချမ်း​ရေး​ကို​မုန်း​သော​သူ​တို့​နှင့် နေ​ရ​သည်​မှာ​ကြာ​မြင့်​လွန်း​လေ​ပြီ။

ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။

Source notes (1)
  1. Footnote 19 * မေ​ရှက် ကေ​ဒါ။ ကွာ​ဝေး​သော​ဒေ​သ​နှစ်​ခု။ ၎င်း​ဒေ​သ​များ တွင်​နေ​ထိုင်​သူ​တို့​သည်​လူ​ရိုင်း​များ​ဟု​ယူ ဆ​သည်။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.