Skip to content
BibleKenya

Common Language Bible

ဆာ​လံ 12

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။

သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။

ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။

လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား

မြှောက်​ပင့်​ပြော​ဆို​တတ်​သည့်​လျှာ​များ​ကို ဖြတ်​ပစ်​တော်​မူ​ပါ။

ဝါ​ကြွား​တတ်​သူ​တို့​၏​နှုတ်​များ​ကို​လည်း ပိတ်​တော်​မူ​၏။

ဝါ​ကြွား​တတ်​သူ​တို့​က``ငါ​တို့​သည်​မိ​မိ​တို့​၏ စ​ကား​အား​ဖြင့်​လို​ချင်​သည့်​အ​ရာ​ကို​ရ​ရှိ ကြ​၏။

ငါ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​အ​တိုင်း​ပြော ဆို​မည်။

အ​ဘယ်​သူ​မျှ​ငါ​တို့​အား​ဆီး​တား​၍​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က

``သို့​ရာ​တွင်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​သည်​ဖိ​စီး နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​သ​ဖြင့်​လည်း​ကောင်း၊

နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​ကြ​သူ​တို့​သည် ဝေ​ဒ​နာ​နှင့် ညည်း​တွား​နေ​ကြ​သ​ဖြင့်​လည်း​ကောင်း၊

ငါ​သည်​ယ​ခု​ပင်​ကြွ​လာ​မည်။

သူ​တို့​လို​လား​တောင့်​တ​ကြ​သည့်​ဘေး​လွတ် လုံ​ခြုံ​မှု​ကို သူ​တို့​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။

မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။

အို ဘု​ရား​သ​ခင်၊

ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​ပင် ဘေး​လွတ်​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။

သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​ပါ။

သူ​ယုတ်​မာ​တို့​သည်​နေ​ရာ​တ​ကာ​တွင်​ရှိ​၏။

လူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို​ချီး​ကူး​ကြ​၏။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.