Skip to content
BibleKenya

Common Language Bible

ဆာ​လံ 110

ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ်​တော် ရွေး​ချယ်​တော်​မူ​သော​ဘု​ရင်

ထာ​ဝ​ရ​ဘု​ရား​က

``ငါ​သည်​သင်​၏​ရန်​သူ​များ​ကို​သင်​၏ ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။

ယင်း​သို့​မ​ဖြစ်​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက် တွင် ထိုင်​နေ​လော့'' ဟု

ငါ​၏​အ​ရှင်​မင်း​မြတ်​အား​မိန့်​တော်​မူ​၏။1 2

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​ရာ​ဇ​အာ​ဏာ ကို

ဇိ​အုန်​မြို့​မှ​နေ​ရာ​အ​နှံ့​အ​ပြား​သို့​တိုင်​အောင် တည်​စေ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​က​အ​ရှင့်​အား``သင်​၏​ရန်​သူ​တို့​ကို အုပ်​စိုး​လော့'' ဟု​မိန့်​တော်​မူ​၏။

ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌

အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။

နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည်

အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။3

``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​မေ​လ​ခိ ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု

ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​ကျိန်​ဆို က​တိ​ပေး​တော်​မူ​သည်​ဖြစ်​ရာ

ထို​က​တိ​တော်​ကို​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ လိမ့်​မည် မ​ဟုတ်​ပါ။4

ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။

အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

လူ​မျိုး​တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ ရာ​တွင်

စစ်​တ​လင်း​ကို​လူ​သေ​ကောင်​များ​နှင့် ပြည့်​နှက်​စေ​တော်​မူ​လိမ့်​မည်။

ကမ္ဘာ​တစ်​ဝှမ်း​လုံး​ရှိ​ဘု​ရင်​တို့​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​စမ်း​ချောင်း​မှ

ရေ​ကို​သောက်​လျက်​အား​အင်​ပြည့်​တင်း​လာ​ကာ အောင်​ပွဲ​ကို​ခံ​တော်​မူ​လိမ့်​မည်။

Source notes (4)
  1. Cross-reference မ၊ ၂၂:၄၄။ မာ၊ ၁၂:၃၆။ လု၊ ၂၀:၄၂-၄၃။ တ၊ ၂:၃၄-၃၅။ ၁ကော၊ ၁၅:၂၅။ ဧ၊ ၁:၂၀-၂၂။ ကော၊ ၃:၁။
  2. Cross-reference ဟေ​ဗြဲ၊ ၁:၁၃၊ ၈:၁၊ ၁၀:၁၂-၁၃။
  3. Cross-reference အ​ခန်း​ငယ် ၃ ဟေ​ဗြဲ​မူ​တွင်​မ​ရှင်းပါ။
  4. Cross-reference ဟေ​ဗြဲ၊ ၅:၆၊ ၆:၂၀၊ ၇:၁၇-၂၁။

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.