Common Language Bible
ဆာလံ 100
ထောမနာသီချင်း
အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊
သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
ထာဝရဘုရားအားရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုကြလော့။
ဝမ်းမြောက်ဖွယ်ရာသီချင်းများဆိုလျက် ရှေ့တော်သို့ဝင်ကြလော့။
ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။
ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။
ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။
ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
ကျေးဇူးတော်ကိုချီးမွမ်းလျက်တံခါးတော် တွင်းသို့ ဝင်ကြလော့။
ထောမနာပြုလျက်တံတိုင်းတော်တွင်းသို့ဝင်ကြလော့။
ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်အား ထောမနာပြုကြလော့။
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။
ကိုယ်တော်၏မေတ္တာတော်သည်
ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။1
Source notes (1)
- Cross-reference ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊၃၃:၁၁။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.