Common Language Bible
ဆာလံ 1
အတွဲ ၁
(ဆာလံ ၁-၄၁)
မင်္ဂလာအစစ်အမှန်
သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊
ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း
မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။
သူတို့သည်ထာဝရဘုရား၏တရားတော်ကိုလိုက်လျှောက်၍
နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့်ပျော်မွေ့တတ်ကြ၏။
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌
အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။
သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။1
သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။
သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
အပြစ်ကူးသူတို့သည်ဘုရားသခင်
အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။
သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။
သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
Source notes (1)
- Cross-reference ယေ၊ ၁၇:၈။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.