နေဟမိ
Nehemiah
Introduction from this edition
နေဟမိမှတ်စာ
နိဒါန်း
`နေဟမိမှတ်စာ' ကိုလေးပိုင်းခွဲခြားနိုင်၏။ ၁။ ပေရသိဧကရာဇ်ကယုဒနိုင်ငံကိုအုပ် ချုပ်ရန်စေလွှတ်သဖြင့် နေဟမိသည်ယေရု ရှလင်မြို့သို့ပြန်လည်ရောက်ရှိခြင်း။ ၂။ ယေရု ရှလင်မြို့ရိုးများကိုပြန်လည်တည်ဆောက် ခြင်း။ ၃။ ဧဇရကဘုရားသခင်၏ပညတ် ကျမ်းတော်ကိုလေးလေးနက်နက်ဖတ်ကြား၍ လူအပေါင်းတို့ကမိမိတို့၏အပြစ်များ ကိုဝန်ချတောင်းပန်ကြခြင်း။ ၄။ ယုဒနိုင်ငံ ၏ဘုရင်ခံအဖြစ်နေဟမိ၏ဆက်လက် ဆောင်ရွက်ချက်များ။
ဤကျမ်းတွင်ဘုရားသခင်ကိုနေဟမိ လုံးဝအားကိုးပုံနှင့်ဘုရားသခင်ထံ သူအကြိမ်ကြိမ်ဆုတောင်းပုံတို့မှာမှတ် သားဖွယ်ကောင်းပေသည်။
အကြောင်းအရာအကျဉ်းချုပ်
ယေရုရှလင်မြို့သို့နေဟမိပြန်လာခြင်း ၁:၁-၂:၂၀
ယေရုရှလင်မြို့ရိုးများကိုပြန်လည်တည်ဆောက်ခြင်း ၃:၁-၇:၇၃
ပညတ်ကျမ်းတော်ကိုဖတ်ရွတ်၍ပဋိညာဉ်ကို ပြန်လည်အဋ္ဌိဋ္ဌာန်ပြုကြခြင်း ၈:၁-၁၀:၃၉
နေဟမိ၏ဆက်လက်ဆောင်ရွက်ချက်များ ၁၁:၁-၁၃:၃၁
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.