မာလခိ
Malachi
Introduction from this edition
မာလခိအနာဂတ္တိကျမ်း
နိဒါန်း
မာလခိအနာဂတ္တိကျမ်းသည်ယေရု ရှလင်မြို့အတွင်းရှိ ဗိမာန်တော်ပြန်လည် တည်ဆောက်ပြီးသည့်အချိန်ဘီစီ ၅ ရာစု ခန့်တွင်ပေါ်ပေါက်လာပါသည်။ ပရောဖက် မာလခိ၏အဋ္ဌိကလုပ်ဆောင်ချက်မှာ ယဇ်ပုရောဟိတ်များနှင့်လူမျိုးတော်များ အား၊ မိမိတို့၏ဘုရားသခင်နှင့်ပဋိညာဉ် ပြုထားသည့်သစ္စာတရားကိုပြန်လည်၍ အသစ်ပြုပြင်ရန်သတိပေးခြင်းဖြစ်သည်။ ဘုရားသခင်၏လူမျိုးတော်များသည် ပေါ့တန်သောအသက်တာဖြင့်သော်လည်း ကောင်း၊ ပျက်စီးယုတ်ညံ့သောအသက်တာ ဖြင့်သော်လည်းကောင်းအသက်ရှင်နေကြ သည်။ ယဇ်ပုရောဟိတ်များနှင့်လူမျိုး တော်များသည်မိမိတို့လုပ်ဆောင်ရမည့် အမှုဖြစ်သည့်ဘုရားသခင်ကိုတင်လှူ ပူဇော်မှုပြုရမည်ကိုမပြုကြဘဲ ဘုရားသခင်ကိုလိမ်လည်လှည့်ဖြားကြသည်။ ထို့အပြင်ဘုရားသခင်၏သွန်သင်ချက် အတိုင်းအသက်မရှင်ကြပါ။ သို့ရာတွင် ဘုရားသခင်သည်လာ၍ မိမိ၏လူမျိုး တော်အားတရားစီရင်မှုပြုပြီးပြန်လည် ၍သန့်စင်အောင်ပြုလိမ့်မည်။ မိမိ၏ရှေ့ တော်ပြေးစေတမန်ကိုစေလွှတ်ပြီးလမ်း ခရီးကိုအသင့်ပြင်စေပြီးမိမိ၏ ကတိတော်ကိုဟောပြောစေမည်။
အကြောင်းအရာအကျဉ်းချုပ်
ဣသရေလအမျိုးသားတို့၏အပြစ်များ ၁:၁-၂:၁၆
ဘုရားသခင်၏တရားစီရင်ခြင်းနှင့်သနားခြင်း ကရုဏာတော် ၂:၁၇-၄:၆
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.