Skip to content
BibleKenya

လုကာ

Luke

Introduction from this edition

ရှင်​လု​ကာ

ပြု​စု​သည့်​သ​တင်း​ကောင်း

နိ​ဒါန်း

ရှင်​လု​ကာ​ပြု​စု​သည့်​သ​တင်း​ကောင်း​တွင်​သ​ခင် ယေ​ရှု​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ မ​နု​ဿ​လူ​သား အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း တင်​ပြ​ထား​ပေ​သည်။ ဆင်း​ရဲ​သူ​တို့​အား​သ​တင်း ကောင်း​ကို​ဖြန့်​ချိ​ကြေ​ညာ​ရန်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို​ရွေး ချယ်​ခန့်​ထား​ကြောင်း​ဖော်​ပြ​ပါ​ရှိ​သည်။ ဤ​ကျမ်း ၌​ချို့​တဲ့​မှု​အ​မျိုး​မျိုး​ရှိ​သူ​တို့​ကို​အ​လေး​ပေး ၍ ဖော်​ပြ​သည့်​အ​ကြောင်း​အ​ရာ​များ​စွာ​ကို​တွေ့ ရှိ​လေ​သည်။ ကျမ်း​ဦး​တွင်​သ​ခင်​ယေ​ရှု​လော​က သို့​လူ့​ဇာတိ​အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​မည့် အ​ကြောင်း​ကို​ကြေ​ညာ​ရာ​၌​လည်း​ကောင်း၊ ကျမ်း ၏​နိ​ဂုံး​တွင်​ကောင်း​ကင်​ဘုံ​သို့​သ​ခင်​ယေ​ရှု​တက် ကြွ​တော်​မူ​ခြင်း​ကို​ဖော်​ပြ​ရာ​၌​လည်း​ကောင်း ရွှင်​လန်း​ဝမ်း​မြောက်​သည့်​လက္ခ​ဏာ​ပေါ်​လွင်​လျက် နေ​ပေ​သည်။ ခ​ရစ်​တော်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ တော်​မူ​ပြီး​နောက်​ခ​ရစ်​ယာန်​သာ​သ​နာ​တော်​တိုး တက်​ပြန့်​ပွား​လာ​ပုံ​ကို​တ​မန်​တော်​ဝတ္ထု​တွင် ဤ ကျမ်း​ကို​ပြု​စု​သူ​က​ပင်​လျှင်​ဆက်​လက်​ရေး သား​တင်​ပြ​ထား​သည်။

အောက်​ဖော်​ပြ​ပါ​အ​ကြောင်း​အ​ရာ​အ​ကျဉ်း ချုပ်​အ​ပိုင်း (၂) နှင့် (၆) တို့​တွင်​ပါ​ရှိ​သည့်​ကောင်း​ကင် တ​မန်​များ​သီ​ဆို​သည့်​သီ​ချင်း​နှင့် သူ​ငယ်​တော် ယေ​ရှု​ကို​သိုး​ထိန်း​များ​လာ​ရောက်​ဖူး​မြော်​ကြ ခြင်း​အ​ကြောင်း၊ လူ​က​လေး​ယေ​ရှု​သည်​ဗိ​မာန် တော်​သို့​ရောက်​ရှိ​နေ​ပုံ​အ​ကြောင်း၊ သ​နား​ကြင်​နာ တတ်​သော​ရှ​မာ​ရိ​အ​မျိုး​သား​ပုံ​ဥ​ပ​မာ​နှင့် ပျောက်​ဆုံး​သွား​သည့်​သား​ပုံ​ဥ​ပ​မာ​မှ​စ​သည့် အ​ကြောင်း​အ​ရာ​များ​နှင့် အ​ခြား​သော​အ​ကြောင်း အ​ရာ​အ​မြောက်​အ​မြား​ကို​ဤ​ကျမ်း​တွင်​သာ လျှင်​တွေ့​ရှိ​နိုင်​သည်။ ဤ​ကျမ်း​တစ်​ကျမ်း​လုံး​တွင် ဆု​တောင်း​ခြင်း​အ​ကြောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​အ​မှု​တော်​ကို​ဆောင် ရွက်​ရာ​တွင်​အ​မျိုး​သ​မီး​များ​ပါ​ဝင်​ဆောင် ရွက်​ခြင်း​အ​ကြောင်း၊ အ​ပြစ်​များ​ကို​ဘု​ရား သ​ခင်​ဖြေ​လွှတ်​တော်​မူ​ခြင်း​အ​ကြောင်း​တို့ ကို​အ​လေး​အ​နက်​ထား​၍​ရေး​သား​ဖော်​ပြ ထား​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း ၁:၁-၄

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​နှင့်​သ​ခင်​ယေ​ရှု​တို့​၏ ဖွား​မြင်​ခြင်း​နှင့်​သူ​ငယ်​ဘ​ဝ ၁:၅-၂:၅၂

ဗိတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​မှု​တော်​ဆောင်​ခြင်း ၃:၁-၂၀

ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​သ​ခင်​ယေ​ရှု​ခံ​တော်​မူ​ခြင်း​နှင့် ကိုယ်​တော်​အား​စာ​တန်

စုံ​စမ်း​သွေး​ဆောင်​ခြင်း ၃:၂၁-၄:၁၃

ဂါ​လိ​လဲ​ပြည်​တွင်​သ​ခင်​ယေ​ရှု​အ​မှု​တော် ဆောင်​ခြင်း ၄:၁၄-၉:၅၀

ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့ ၉:၅၁-၁၉:၂၇

ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​နီး​အ​နား​တွင်​နောက်​ဆုံး ရက်​သတ္တ​ပတ် ၁၉:၂၈-၂၃:၅၆

သ​ခင်​ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း၊ ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း​နှင့်

ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​ခြင်း ၂၄:၁-၅၃

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.