သူကြီး
Judges
Introduction from this edition
တရားသူကြီးမှတ်စာ
နိဒါန်း
တရားသူကြီးမှတ်စာသည်ဣသရေလသမိုင်း တွင် လူတို့တရားလက်လွတ်ပြုမူကြသည့်ခေတ် အခါကဖြစ်ပျက်သည့်အကြောင်းအရာများ ကိုပြုစုထားသည့်ကျမ်းဖြစ်သည်။ ထိုခေတ် ကာလမှာခါနာန်ပြည်သို့ဣသရေလအမျိုး သားတို့ချင်းနင်းဝင်ရောက်ချိန်နှင့်မင်းဧကရာဇ် အုပ်စိုးမှုစနစ်တည်ထောင်ချိန်တို့၏စပ်ကြား ကာလဖြစ်ပေသည်။ ဤကျမ်းတွင်တရားသူ ကြီးများဟုအမည်တွင်သောအာဇာနည်ကြီး တို့၏ထူးချွန်ပြောင်မြောက်သည့်ဆောင်ရွက် ချက်များကိုဖော်ညွှန်းထားသည်။ ထိုသူတို့ သည်အများအားဖြင့်တရားဥပဒေရှု ထောင့်မှကြည့်လျှင် တရားသူကြီးများမ ဟုတ်ဘဲစစ်မှုရေးရာခေါင်းဆောင်များသာ လျှင် ဖြစ်ကြသည်။ သူတို့အနက်နာမည်ကြီး သူတစ်ဦးမှာရှံဆုန်တည်း။ သူ၏ပြောင်မြောက် ထူးချွန်သည့်ဆောင်ရွက်ချက်တို့ကိုအခန်း ၁၃-၁၆ တွင်တွေ့ရှိနိုင်သည်။
ဣသရေလအမျိုးသားတို့သည်ဘုရားသခင် အားသစ္စာစောင့်သိကြသောအခါ အသက်အိုး အိမ်တည်မြဲလျက်သစ္စာဖောက်ကြချိန်၌မူ ကားဆုံးပါးပျက်စီးမှုနှင့်အစဉ်အမြဲကြုံ တွေ့ရကြကြောင်း ဤကျမ်းစောင်မှမွန်မြတ်သည့် သင်ခန်းစာကိုရနိုင်ပါသည်။ ထိုထက်သာလွန် မွန်မြတ်သည့်သင်ခန်းစာမှာဘုရားသခင် ၏အပေါ်တွင်သစ္စာဖောက်ကြသဖြင့် ဘေး အန္တရာယ်ဆိုးနှင့်ကြုံတွေ့ကြရသောအခါ ၌ပင်လျှင် အကယ်၍သူတို့သည်နောင်တရ ၍အထံတော်သို့ပြန်လာကြမည်ဆိုပါ လျှင် ဘုရားသခင်သည်သူတို့အားကယ် တင်ရန်အသင့်ရှိတော်မူကြောင်းပင်ဖြစ် သတည်း။
အကြောင်းအရာအကျဉ်းချုပ်
ယောရှုကွယ်လွန်ချိန်အထိအဖြစ်အပျက်များ ၁:၁-၂:၁၀
ဣသရေလတရားသူကြီးများ ၂:၁၁-၁၆:၃၁
အခြားအဖြစ်အပျက်အမျိုးမျိုး ၁၇:၁-၂၁:၂၅
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.