ယောရှု
Joshua
Introduction from this edition
ယောရှုမှတ်စာ
နိဒါန်း
ယောရှုမှတ်စာသည်မောရှေအားဆက်ခံသူ ယောရှုခေါင်းဆောင်၍ ဣသရေလအမျိုးသား တို့ခါနာန်ပြည်ကိုဝင်ရောက်တိုက်ခိုက်သိမ်းယူ ခြင်းကိုဖော်ပြသောကျမ်းစာစောင်ဖြစ်သည်။ ဤကျမ်းစောင်တွင်သိမှတ်ဖွယ်အဖြစ်အပျက် များမှာယော်ဒန်မြစ်ကိုဖြတ်ကူးခြင်း၊ ယေရိ ခေါမြို့ကိုသိမ်းယူခြင်း၊ အာဣမြို့တိုက်ပွဲ၊ ဘုရားသခင်နှင့်မိမိ၏လူမျိုးတော်တို့ ပြုသောပဋိညာဉ်ကိုပြန်၍ အသစ်ဖွဲ့ခြင်း စသည်တို့ဖြစ်သည်။ ထင်ရှားသောစာပိုဒ် မှာ``သင်တို့ကိုးကွယ်ရန်ဘုရားကိုယနေ့ ရွေးချယ်ကြလော့။ ငါနှင့်ငါ၏မိသားစု မူကားထာဝရဘုရားကိုသာကိုးကွယ် မည်'' (၂၄:၁၅) ဟူသောစာပိုဒ်ဖြစ်သည်။
အကြောင်းအရာအကျဉ်းချုပ်
ခါနာန်ပြည်ကိုတိုက်ခိုက်သိမ်းယူခြင်း ၁:၁-၁၂:၁၄
တိုင်းပြည်ကိုခွဲဝေပေးခြင်း ၁၃:၁-၂၁:၄၅
(က) ယော်ဒန်မြစ်အရှေ့ဘက်နယ်မြေ ၁၃:၁-၃၃
(ခ) ယော်ဒန်မြစ်အနောက်ဘက်နယ်မြေ ၁၄:၁-၁၉:၅၁
(၈) ဘေးမဲ့ခိုလှုံရာမြို့များ ၂၀:၁-၉
(ဃ) လေဝိအမျိုးသားတို့အတွက်မြို့များ ၂၁:၁-၄၅
အရှေ့အနွယ်ဝင်များမိမိတို့နယ်မြေသို့ ပြန်ကြခြင်း ၂၂:၁-၃၄
ယောရှု၏နောက်ဆုံးမိန့်ခွန်း ၂၃:၁-၁၆
ရှေခင်မြို့၌ပဋိညာဉ်ကိုပြန်၍အသစ်ဖွဲ့ခြင်း ၂၄:၁-၃၃
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.