Skip to content
BibleKenya

ယာ​ကုပ်

James

Introduction from this edition

ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ

နိ​ဒါန်း

ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​သည်​ကမ္ဘာ​အ​ရပ်​ရပ် တွင်​ပျံ့​နှံ့​လျက်​ရှိ​သော ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့​ပေး​ပို့​သည့်​စာ ဖြစ်​သည်။ လက်​တွေ့​ကျင့်​သုံး​မှု​ဆိုင်​ရာ​ညွှန် ကြား​ချက်​များ​ကို​စု​စည်း​ပေါင်း​စပ်​ထား​သည့် စာ​လည်း​ဖြစ်​သည်။ စာ​ရေး​သူ​သည်​ခ​ရစ်​ယာန် တို့​ရှိ​အပ်​သော​ဖြတ်​ထိုး​ဉာဏ်၊ စိတ်​နေ​စိတ် ထား၊ ကိုယ်​ကျင့်​တ​ရား​တို့​နှင့်​ပတ်​သက်​သည့် သြ​ဝါ​ဒ​များ​ကို​ဥ​ပ​မာ​များ​ဖြင့်​ပေါ် လွင်​အောင်​ရေး​သား​တင်​ပြ​ထား​ပေ​သည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​တွင်​ဆင်း​ရဲ​မှု နှင့်​ချမ်း​သာ​မှု၊ စုံ​စမ်း​သွေး​ဆောင်​မှု၊ အ​ကျင့် ကောင်း​မှု၊ မျက်​နှာ​လိုက်​မှု၊ ယုံ​ကြည်​ခြင်း​နှင့် ကျင့်​သုံး​မှု၊ နှုတ်​ကို​စောင့်​ထိန်း​မှု၊ ဉာဏ်​ပ​ညာ၊ ငြင်း​ခုံ​မှု၊ မာန်​မာ​န​ကြီး​မှု​နှင့်​စိတ်​နှ​လုံး နှိမ့်​ချ​မှု၊ သူ​တစ်​ပါး​အား​စစ်​ကြော​စီ​ရင်​မှု၊ ဝါ​ကြွား​မှု၊ စိတ်​ရှည်​သည်း​ခံ​မှု၊ ဆု​တောင်း ပတ္ထ​နာ​ပြု​မှု​စ​သည်​တို့​ကို​ခ​ရစ်​ယာန် ရှု​ထောင့်​မှ​ဆွေး​နွေး​တင်​ပြ​ထား​၏။

ဤ​သြ​ဝါ​ဒ​စာ​တွင်​ယုံ​ကြည်​ခြင်း​ကို​အ​ကျင့် အား​ဖြင့် ခ​ရစ်​ယာန်​ရှု​ထောင့်​မှ​သက်​သေ​ပြ​ရ မည်​ဖြစ်​ကြောင်း​အ​လေး​ထား​၍​သွန်​သင်​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း

ယုံ​ကြည်​ခြင်း​နှင့်​ဉာဏ်​ပ​ညာ

ဆင်း​ရဲ​ခြင်း​နှင့်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့်​သွေး​ဆောင်​ခြင်း

ကြား​နာ​ခြင်း​နှင့်​ကျင့်​သုံး​ခြင်း

မျက်​နှာ​မ​လိုက်​ရန်​သ​တိ​ပေး​ခြင်း

ယုံ​ကြည်​ခြင်း​နှင့်​အ​ကျင့်

ခ​ရစ်​ယာန်​နှင့်​သူ​၏​လျှာ

ခ​ရစ်​ယာန်​နှင့်​ကမ္ဘာ​လော​က

အ​ထွေ​ထွေ​သြ​ဝါ​ဒ​များ

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.